မင်းနှစ်ပါးရဲ့ ပွဲတော်

avatar

img_0.7621092795142147.jpg

"ရွှေပြုံး ငွေပြုံး ပွဲတော်တောင်ပြုံး
ပျော်မဆုံးလှတဲ့ တို့အညာပွဲတော်
လာစေချင်ဖိတ်ခေါ် "

"တောင်ပြုံး တောင်ပြုံး"

"တောင်ပြုံးပွဲတော်သို့ သွားကြမည့်
မိဘပြည်သူများ ခင်ဗျား၊
ကျွန်တော်များ မီးရထား ဌာနမှ
မန္တလေးမှ တောင်ပြုံးဘူတာသို့
တစ်နာရီလျှင် တစ်စီး ပြေးဆွဲပေးနေပါ
တယ်"

"တောင်းပြုံးကို တောင်ပြုံးကို"

img_0.6570433404204349.jpg

အဆိုပါအသံများက လွန်ခဲ့သော
နှစ်ပေါင်း သုံးဆယ်ကျော်က
မန္တလေး 78 လမ်း၊ လမ်း 30 ပေါ်ရှိ
မန္တလေးဘူတာကြီးအနီးတဝိုက်မှ
အော်သံများဖြစ်သည်။

မီးရထားဌာနမှ အော်လံကြီးဖြင့်
အော်ကာ ခရီးသည်များကို ခေါ်နေသလို။
ကားဆရာများကလည်း အပြိုင်အော်ဟစ်ကာ
ခရီးသည်လုခေါ်နေကြသည်။
ထိုအချိန်က တောင်ပြုံးပွဲသွားသူများသည်
မြန်မာပြည်ရှိ လူများအားလုံး
သွားရောက်ကြသလား အောင်းမေ့
ရသည်။

တစ်နာရီ တစ်ခါထွက်သည့် ရထားတွဲများ
တွင် လူအပြည့်၊ ကားများတွင်လည်း
လူအပြည့် တောင်ပြုံးသို့ သွားကြသည်။
တစ်နာရီ တစ်ခါထွက်သည့် ရထားတွဲမှာ
တစ်စီးထွက်လျှင် ရထားတွဲဆယ်တွဲခန့်
ရှိမည်ထင်သည်။ နံနက် 6နာရီမှ ညနေ
5နာရီ အထိ ထိုရထားတွဲများတွင်
လူအပြည့်၊ ပြည့်လျှံနေသည့်အပြင်
ရထားစက်ခေါင်းပေါ်သို့ပင် စီးနှင်းလိုက်ပါ
ကြသည်။

img_0.3749539388788099.jpg

ရထားတစ်စီးလုံး ရထားမမြင်ရ
လူတွေသာမြင်ရသည်။ ရထားတွဲခေါင်မိုး
များပေါ်သို့လည်း တက်ရောက်စီးကြသည်။
တောင်ပြုံးပွဲတော်သည် မြန်မာပြည်
အရပ်ရပ်မှ ကိုးကွယ်သူများ လာကြသည်။
ရိုးရာပူဇော် ပသခြင်းအပြင် အပျော်၊
ပျော်ပွဲ ရွှင်ပွဲများပါ ပါရှိသည်။

မြန်မာတစ်ပြည်လုံးသာမက မန္တလေးမြို့ခံ
လူများလည်း အိမ်ကုန်နီးပါး သွားရောက်
ပန်းဆက်ကြသည်။ မင်းနှစ်ပါးနယ်မှာ
နေကြ၍ သွားရောက် ပန်းဆက်ကြသည်။
တောင်ပြုံးပွဲမှ ပြန်လာသူကို
ဘယ်ကပြန်လာသလဲ ဟု မေးစရာမလို။

တောင်ပြုံးပြန် လိုဂို အမှတ်အသားက
လက်မှာသပြေပန်းနှင့် မြန်မာနှင်းဆီပန်း၊
စက္ကူဖြင့် ပြုလုပ်ထားသည့် ကျန်စစ်သား
ဦးထုပ်၊ ဝါးဖြင့်ပြုလုပ်ထားသည့်ဓါး၊
ရှောက်ပန်းသီး၊ မလိုင်ကရေကရာ၊
မုန့်ဖက်ထုပ်၊ မုန့်ခေါပြင် တို့အပြင်
ရွှေရောင်တဝင်းဝင်ဖြင့် မြင်ကြရပေမည်။

ရွှေဆွဲကြိုး၊ ရွှေလက်ကောက်များက
တစ်တောင်ဆစ်ထိ ဝတ်ဆင်လာကြသည်။
ဆွဲကြိုးကြီးများက ဒီဇိုင်းစုံ တုတ်ခဲလှသည်။
ဆွဲကြိုးနှင့်အပြိုင် ရွှေဆွဲပြားကြီးများက
သုံးကျပ်သား၊ ငါးကျပ်သားခန့်ရှိပေသည်။
ဆွဲပြားများပေါ်တွင် 198ဆယ့် ဘယ်နခုနှစ်ဟု
ဖော်ပြထားပြီး တောင်ပြုံးပွဲတော်ပြန်
အမှတ်တရဟု ရိုက်နှိပ်ထားသည်။

အင်း အမှတ်တရ အောင်းမေ့မိသော
ငယ်စဉ်က တောင်းပြုံးပွဲတော်ကြီးပါလေ။

@htwegyi
8-9-21



0
0
0.000
17 comments
avatar

တောင်ပြုံးလေး ပြုံးပြပါလား‌ဗျ။ !PIZZA

0
0
0.000
avatar

@htwegyi! I sent you a slice of $PIZZA on behalf of @tin.aung.soe.

Did you know you can earn $PIZZA daily by delegating HivePower to Hive.Pizza? (9/10)

0
0
0.000
avatar

နေအုံး hive 1$ အထက်မှာ ငြိမ်းနေရင် ပြုံးပြမယ်။

0
0
0.000
avatar

ခု​တော့ မသွားရ​တော့ဘူးထင်တယ် ကိုဗစ်​ကြောင့်​လေ

0
0
0.000
avatar

ဟုတ်ကဲ့ သုံးနှစ်ရှိပြီ ပွဲတော် မကျင်းပနိုင်တာ။

0
0
0.000
avatar

တနှစ်တခေါက် မင်းနှစ်ပါး နန်းတိုင်ကို မှ မကိုင်လိုက်ရရင် နေမထိထိုင်မသာ ရှိကြတဲ့ တောသူတောင်သား များအဖို့တော့ နားလည်နိုင်ပါတယ်။ နုနုရည် ( အင်းဝ ) နဲ့ ခင်ခင်ထူး စာအုပ်တွေဖတ်ပြီးမှ အဲဒီ အကြောင်းတွေပိုနားလည်လာတယ်။ !PIZZA

0
0
0.000
avatar

ဟုတ်တယ်ဗျို့ ရှေးရိုးစွဲ အယူလေးတွေနဲ့ အပျော်ရောတာပ။

0
0
0.000
avatar

Congratulations @htwegyi! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You made more than 8000 comments.
Your next target is to reach 8500 comments.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from Day 7
Feedback from the September 1st Hive Power Up Day
0
0
0.000
avatar

တောင်ပြုံးပွဲ တစ်ခါမှ မသွားဖူးဘူး။
ခု​တော့ သွားချင်ရင်တောင် မရတော့။

0
0
0.000
avatar

နောင်နှစ်များ သွားကြတာပ

0
0
0.000
avatar

ဟုတ်ပ တစ်နိုင်ငံလုံး လူအကုန်လာသလား အောက်မေ့ရတယ်။ !PIZZA

0
0
0.000
avatar

@htwegyi! I sent you a slice of $PIZZA on behalf of @uthantzin.

Did you know Pizzabot speaks Spanish if you use the command ESPIZZA? (7/10)

0
0
0.000
avatar

အတော်စည်ကားတဲ့ ပွဲဗျို့

0
0
0.000
avatar

ငယ်ငယ်က အမေဝယ်‌ေပးတဲ့ တောင်ပြုံးလက်ကောက်တွေ ဝတ်ရတာ ပျော်စရာ

0
0
0.000
avatar

အဲ့အချိန်က ပျော်စရာကောင်းခဲ့သကိုး။

0
0
0.000