မနေ့က အခြေအနေ
တရားမရှိ၊ ဓားမရှိ၊ ဥပဒေမရှိ သည့်ခေတ်ကြီးမှာ
ဘုရား တရား တရမလား။ လက်နက်ကိုင်ဆောင်ထားရမလား။
ခွင့်လွတ်ပေးရမလား၊ ပြန်ခုခံ
ဆော်ပလော်တီးရမလား။ လက်နက်
ကိုင်ဆောင် ရမလားဆိုတော့ လေးခွ ကိုပင်
ဖမ်းဆီး နေသည့် ခေတ်မှာ ဘာကိုင်ရပါ့။
ဟ ငထွေးရ ရေးလှချည်းလား
ဘာတွေများဖြစ်နေတာတုန်း လင်းစမ်းပါအုံး။
စာဖတ်ရတာနဲ့ ခုပဲ တုတ်ကိုင်ရမလား၊
ဓားဆွဲရမလား တခုခုလုပ်ရမလားလို့။
တခုခုတော့ တခုခုလုပ်ကြရပေတော့မည်။
အင်း အဲ့ဒီ လုပ်ကြရမည်ဆိုတာကြီးနဲ့
နှစ်တောင်ချီကာ ကြာခဲ့ပြီပ။ တနေ့က
မိတ်ဆွေတဦး၏ ဘေးအိမ်က ဆိုင်ကယ်
ရောင်းသည့်အိမ်ကို စကစအုပ်စု ကားဖြင့်
လာရောက်သွားသည်။ ထိုအိမ်က မြဝတီမှ
ဆိုင်ကယ်များကို သယ်ယူ၍ ပြန်လည်ပြုပြင်
ရောင်းချသည်။
ဆိုင်ကယ်များက အလှစီး ဟာလီဆိုင်ကယ်ပုံစံ
များဖြစ်သည်။ အမျိုးအစားများတော့
သိပ်မသိပါ။ သို့သော် ထိုဆိုင်ကယ်များက
မြင်ရသူကို နှစ်ခါပြန်ကြည့်မိစေသည်။
ထိုဆိုင်ကယ်များကို အိမ်ရှေ့မှာ တန်းစီ၍
အရောင်းပြထားသည်။ စကစ မှ ဗက
တယောက်က သဘောကျ၍လာရောက်သည်။
သဘောကျ၍ လာရောက်ဝယ်သည်ဟု
မထင်ပါနဲ့။ ထိုအိမ်သို့ ဝင်ရောက်ရာ
ကားပေါ်မှ အုပ်စုလိုက်ဆင်းသည်။
လမ်းထိပ် ဝဲ/ယာကို ကင်းသဘောစောင့်သည်။
ဗက ကအိမ်ထဲဝင်၍ ပိုင်ရှင်ကိုပြောသည်။
"ခင်ဗျား မှာ ရောင်းတဲ့ လိုင်စင်ရှိလား။
တိုင်တဲ့သူရှိလို့ လာတာ"
လိုင်စင်မရှိပါ။ တိုင်သူလည်း ရှိမည်မထင်ပါ။
တမင်ဂွင်ဆင်လာသည်။ ညနေတခေါက်
လာမည်ဟု ပြောသွားသည်။
ညနေမှာ ထို ဗက က မိသားစုနှင့်လာသည်။
သားဖြစ်သူက သဘောကျသည့်ဆိုင်ကယ်ကို
ရောင်းရန်ပြောသည်။ ဝယ်မည်ဆိုသည်မှာ
တလ ငါးသိန်းပေးမည်။ ဆိုင်ကယ်တန်ဘိုးကို
တဝက်ဖြင့်ရောင်းရန်ပြောသည်။ ဆိုတော့
ဘယ်လိုတွေများတောင် ဈေးလာဝယ်တာလဲ။
ရောင်းဖြစ် မရောင်းဖြစ် မသိရသေးပါ။
မနေ့က အခြေအနေဖြစ် ပေသည်။
@htwegyi
21-6-2022
အနိုင်ကျင့် ဗိုလ်ကျ အခွင့်အရေးယူဖို့ကိုသာ ချောင်းနေသော စကစ။ အရှက်လဲ တစ်စိမှမရှိပါ။ !PIZZA
ဟုတ်တယ်ဗျာ ပြောစရာ စကားလုံးမရှိဘူး
PIZZA Holders sent $PIZZA tips in this post's comments:
@princekham(3/5) tipped @htwegyi (x1)
Please vote for pizza.witness!
ယူသွားပြီဟေ့။
ပိုက်ဆံတော့ ပေးမသွားဘူး။
နောက်တခေါက်ထပ်လာမယ်လို့တော့ ပြောတာပဲ။
ပေး/မပေးတော့မသိ။
အတော်ကိုဆိုးဝါးနေတဲ့ မအလ တွေ
ဘောမစကား ငှားပြောရရင် တစ်ဆိုင်လုံး မ မသွားတာပဲ ကံကောင်းပေါ့။
!PIZZA
အင်း အဲ့သလို ဖြေတွေးရတာပ။
Yay! 🤗
Your content has been boosted with Ecency Points, by @htwegyi.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more