မြေအိုး ဖက်ထမင်း။

avatar

img_0.7621092795142147.jpg

ရာသီကပူတော့ ဖုန်းကပူသည်။ ဖုန်းက
ပူတော့ စာရေးဖို့ ပျက်ကွက်သည်။ ကိုယ်တွေလည်း
နဂိုကပင် ပျင်းပါသည်ဆိုမင့် အပူက ထပ်လောင်း
သည်ဆိုတော့ ပြောစရာမရှိပေ။

တနေ့က အိမ်ဘေးက ကလေးတွေ ထမင်းဆိုင်
ဖွင့်ထားသည်။ သူရို့ဆိုင်ကို လိုက်ကြည့်ပါဟုဆို
သည်။ ကိုယ်တွေက အိမ်ထဲမှ အိမ်ပြင်မထွက်ဖြစ်။
အိမ်ထဲက မထွက်ဆို ထွက်ချင်စိတ်မရှိတာလည်း
ပါသည်။

ယခုတော့ မထွက်၍ မရပါ။ တအိမ်ကျော်မှ
အိမ်က မင်္ဂလာဆောင်ပွဲ ပြုလုပ်၍ သွားရသည်။
လူမှာရေးဆိုသည်က လူထဲမှာ နေတော့
အမှုကိစ္စက များပါပေ့။

ထိုမင်္ဂလာပွဲမှ အပြန် ထမင်းဆိုင်သို့ ဝင်ကြသည်။
သူရို့ ထမင်းဆိုင်လေးက မိုးကာတဲ နှစ်တဲဖြင့်
လမ်းဘေးမှာ ဖွင့်ထားသည်။ ထမင်းဆိုင်က
ရောင်းကောင်းသည်။

ရောင်းကောင်းဆို လက်ရာက စားကောင်းသည်။
မြန်မာပါးစပ်များနှင့် အဆက်အဟပ်တည့်ပေသည်။
အငံ၊ အစပ်လေးများ ပါတော့ စားမြိန်သည်။
ထိုအပြင် သူရို့က ထမင်းကို ကြာဖက်လေးပေါ်
တင်ပြီးရောင်းသည်။

ဟင်းများကို မြေအိုးများတွင် ထည့်သည်။
ထမင်းပွဲ ပြင်ပေးသည့်အခါ စကောအသေးစား
လေးပေါ် အင်ဖက်နှင့် ကြာဖက်များခင်းသည်။
ထိုအပေါ်မှာ ထမင်းကို ကြက်၊ ဝက်၊ ငါး၊ အမဲနှင့်
ငါးဖယ်ဟင်းများ ပုံပေးသည်။ အရွက်ကြော်၊
ခရမ်းသီးနှပ်၊ ငံပြာရည်ချက် အတို့အမြုပ်များ
ပါသည်။ ကုလားပဲနှပ်လေးလည်းပါသေးသည်။

ဆိုတော့ မြန်မာတွေ ခံတွင်းနဲ့ အ‌တော်စားလို့
ကောင်းပေသည်။ ထမင်း ဟင်းကလည်း
စားကောင်း၊ ရောင်းသည့် ပုံစံကလည်း စိတ်ဝင်
စားဖွယ်ကောင်းအောင် ဖက်များဖြင့် ရောင်းချ
သည်ဆိုတော့ ‌ရောင်းရပေသည်။

@htwegyi
16-4-2023



0
0
0.000
11 comments
avatar

ဖက်နဲ့ ရောင်းပါတယ်ဆိုမှ အိတ်ဖြင့် ထပ်ထည့်ခဲ့သေးပေါ့။
ထုပ်ပြီး နှီးလေးနဲ့ ချည်ကာ ဆွဲခဲ့ရမှာ။
!LOL

0
0
0.000
avatar

ဟုတ်တယ် သို့ပေသိ သူရို့ခများ ခုမှ စဖွင့်ကာစ
ပြီးတော့ နှီးကို မသုံးတတ်ကြ သေးဘူး။
အလွယ် အိတ်နဲ့ထဲ့ပေးတာ။

0
0
0.000
avatar

Congratulations @htwegyi! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You got more than 16500 replies.
Your next target is to reach 17000 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

LEO Power Up Day - April 15, 2023
The Hive Gamification Proposal
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

စားကောင်းမဲ့ပုံပဲ...ဖက်ထုပ်လေးဆို အရမ်းကြိုက်တာဗျ...!LOLZ !HUG

0
0
0.000
avatar

ဖက်နံ့လေးနဲ့ဆိုတော့ စားလို့ကောင်း။

0
0
0.000