မြင်းလှည်းလေးနဲ့ တူပျော်ပျော်

avatar
(Edited)

img_0.7621092795142147.jpg

" ဟေ့ ကလေးတွေ မြင်းလှည်း လျှောက်
စီးရအောင် အကုန်လာကြ"

အော်သံနှင့်အတူ ကလေးတသိုက်
မြင်းလှည်းပေါ် အပြေးအလွှား အလုအယက်
တိုးဝှေ့တက်ကြသည်။ မြင်းလှည်းပေါ်
တော်တော်နှင့် မရောက်နိုင်ကြပါ။
မရောက်ဆို ပုံမှန်မြင်းလှည်းက ခြေနင်းခုံ
မှတက်လျှင် မြင်းလှည်း ဝမ်းဗိုက်သို့
တန်း၍ ခြေချကာ ထိုင်ခုံသို့ ထိုင်ယုံသာ
ဖြစ်သည်။

ယခု မြင်းလှည်းက သူ့ ဝမ်းဗိုက်အတွင်း
ပစ္စည်းများထဲ့ထားကာ အပေါ်မှ ဝါးကပ်ဖိ၍
ထားသည်။ ထိုဝါးကပ်ပေါ်မှ ပုဆိုးစုတ်နှစ်ထည်
ဖြန့်ခင်းထားသည်။ ထိုကြောင့် ထိုဝါးကပ်ပေါ်သို့
ရောက်အောင် ကလေးတသိုက်မှာ ကြိုးစား
တက်ကြရသည်။

img_0.27712877515717915.jpg
Credit Image.

ကလေးများစုပြုံးတင်ပြီးနောက် မြင်းလှည်း
ဆရာကတဖြည်းဖြည်းမောင်းလာခဲ့သည်။
အဆိုပါကလေး တသိုက်က ဟိုကြည့် ဒီကြည့်ဖြင့်
စကားပြောသူ ငေးမောသူဖြင့် မြင်းလှည်း
အတွင်း လိုက်ပါလာသည်။ မြင်းလှည်းသည်
အရှေ့အရပ်မှ အနောက်အရပ်သို့ တအိအိ
မောင်းလာပြီး စိန်ပန်းအရပ်၌ ရပ်လေသည်။

စိန်ပန်းအရပ် သို့ရောက်လျှင် ကလေးများကို
မြင်းလှည်းပေါ်မှ ဆင်းစေသည်။ ထို‌နောက်
ဝါးကပ်ကြမ်းများဖယ်လိုက်သည်။ ဝါးကပ်များ
အောက်၌ သံတိုသံစများထဲ့ထားသော
အိတ်များကို ဆွဲချသည်။ စိန်ပန်းအရပ်၌
ထိုသံတို သံစများကို သွားရောက် ရောင်းချခြင်း
ဖြစ်ပေသည်။

ငထွေးတို့ငယ်စဉ်က အဖြစ်အပျက်ဖြစ်ပါသည်။
ရထားလမ်းဘေးမှ သံတိုသံစများ၊ လမ်းဗိုလ်ကြီး
ရုံးမှ သံတိုသံစများကို ခိုးယူ၍ မန္တလေး
အနောက်အရပ်ရှိ စိန်ပန်းသို့ သွားရောင်းခြင်း
ဖြစ်သည်။ သံတိုသံစများကို မော်တော်ပီကယ်
နှင့် ရဲ သိမည်စိုး၍ ငထွေးတို့ ကလေးတသိုက်ကို
မြင်းလှည်းပေါ် အခမဲ့ လိုက်ပါစီးစေခြင်းဖြစ်ပေ‌
တော့သည်။

@htwegyi
19-6-2022



0
0
0.000
6 comments
avatar

ဉာဏ်နီဉာဏ်နက် တယ်ပေါသကိုးဗျာ

!LOL

0
0
0.000
avatar

အဲ့သလို အဆင်ပြေသလိုပ။

0
0
0.000