နန်းတော်ထက် ဖွား။

avatar
(Edited)

img_0.7621092795142147.jpg

ငထွေးမှာ အကိုဝမ်းကွဲတွေရှိသည်။ အစ်ကို
ဝမ်းကွဲများအနက် သူဌေးသား အကို
ဝမ်းကွဲ တဦးအကြောင်း ရေးပြပါမည်။
ငထွေးအမေ့ဖက်မှ အမျိုးဖြစ်သည်။
အဖေ့ဖက်မှ အမျိုးများကတော့
အဆက်အသွယ်မရှိ၍ ဆွေခန်းမျိုးခန်း
ပြတ်နေသည်။

အမေ့ဖက်မှ အမျိုးများကလည်း
ငယ်စဉ်ကသာ အဆက်အသွယ်ရှိခဲ့သည်။
ကြီးလာသောအခါ ကိုယ်အကြောင်းနှင့်ကိုယ်
သာရေး နာရေးရှိမှာသာ အဆက်အသွယ်
ရှိသည်။ အမေ့တို့တွင် မောင်နှမသားချင်း
ကိုးဦးရှိသည်။ ယောက်ျားလေး သုံးဦး၊
မိန်ခလေး ခြောက်ဦးရှိသည်။

ယခုရေးပြမည့် ငထွေး အကိုမှာ
ငထွေးထက် အသက်တနှစ်ခန့်သာ
ကြီးသည်။ သူ့ အမည်မှာ နန်းမော် ဖြစ်သည်။
နန်းမော်ဟု ပေးရခြင်းမှာ နန်းမြို့ရိုးကြီး
အနီးတွင် မွေးဖွား၍ မော်‌မော်ကြွားကြွား
ဖြစ်စေရန် အမည်ပေးထားသည်။
သူ့မိခင်က မိန်းခလေးခြောက်ဦးအနက်
အငယ်ဆုံးအထက်မှ နို့ညှာဖြစ်သည်။
သူမက အမေ့တို့ ညီအမများတွင်
ထက်မြက်ပြီး စိတ်ဓာတ်မာသူ ကံကောင်းသူ
တဦးဖြစ်သည်။

နန်းမော် မွေးပြီးပြီးချင်း စီးပွားရေးတက်သည်ဟု
အစွဲပြု၍ နန်းမော်ကို သူ့အဖေ အမေက
အလိုလိုက်ထားသည်။ နန်းမော် အား
မော်ကြီး ဟု ချစ်စနိုး ခေါ်ကြသည်။
မော်ကြီး က စကားပြောညက်သည်။
ရုပ်က မျက်နှာမြင် ချစ်ခင်ပါစေ ဆုနှင့်
ပြည့်စုံသည်။

img_0.4143029161172321.jpg

သို့သော် မော်ကြီးက ပျော့ပျော့နှင့် နံသည့်
ကောင်ဖြစ်သည်။ ငထွေးတို့ အိန္ဒိယစက်ဘီး
ကြီးများ ခါးချည့်အောင် မောင်းရချိန်
မော်ကြီးက ပန်းတွေနှင့်ဝေ၊ ရာလေ ဘီးများကို
ပေါင်ခြင်း ရောင်းခြင်ပြု၍ လောင်းကစား
ပြုလုပ်သည်။ အိမ်ကိုတော့ အဆိုပါ ဘီများ
ခိုးခံရသည်ဟု ပြောသည်။ ဒါက မော်ကြီး
ရှစ်တန်းကျောင်းသား အရွယ်ကဖြစ်သည်။

မော်ကြီးက မိဘ ပိုက်ဆံကို လက်ဝါးဖြန့်၍
ရသူဖြစ်သည့်နှင့် အညီ လောင်းကစားနှင့်
မူးယစ်မှုများ ဘက်စုံထူးချွန်သည်။
အတော်ပေသည့်သူလည်းဖြစ်သည်။
မော်ကြီးမိဘများက တာယာဟောင်းများ
ဝယ်ရောင်းခြင်း၊ တာယာပုံး၊ ဖိနပ်၊
တာယာနှင့်ပြုလုပ်သည့် ပစ္စည်းများကို
ဈေးချို၌ ဆိုင်ဖွင့် ရောင်းချသည်။

မြို့သစ်၌ တာယာပစ္စည်းများ ထုတ်လုပ်သည့်
အိမ်ရှိသည်။ တနေ့ ထိုအိမ်၌ အလုပ်သမားများ
ကြည့်ရန် တီဗီတစ်လုံးဝယ်ပေးထားသည်။
မော်ကြီး အမေ ထိုမြို့သစ်အိမ်သို့ လာသည့်အခါ
တီဗီကို မတွေ့၍ အလုပ်သမားများကို
မေးသည်။ အလုက်သမားများက တဦးမှ
မဖြေကြပေ။ သကောင့်သား မော်ကြီးက

"အမေ ပျက်လို့ ဆိုင်ပို့ထားတယ်"

ဝင်ဖြေသည်။ နောက်တပတ် ထပ်လာသည်။
တီဗီကို မေးပြန်၏

"ပစ္စည်း ပျက်နေလို့ မရ သေးဘူး အမေ"

နောက်တပတ်မှာတော့ မော်ကြီးအမေ
ငထွေး အဒေါ်က ခေသူမဟုတ်ပါ။

"ဟေ့ မော်ကြီး တီဗီပြင်တာ ပြင်ဖို့ငွေမရှိရင်
အမေ့ဆီက ယူသွား၊ သွား တီဗီယူချေ"

"ဟို အမေ တီဗီပြင်တဲ့လူက နေမကောင်း
နေတာ အဲ့ဒါ"

"တော် ခွေးကောင် မော်ကြီး နင် ရောင်းစား
လိုက်ပြီ မို့လား"

ဒီအမေ ဒီသားက အတွင်းသိ အစင်းသိများ
ဖြစ်ပြီး ကြားထဲက အလုပ်သမားများက
မျက်နှာ ပူကြသည်။ မော်ကြီး ဆိုသည့်
ကောင်က သူ့လက်ထဲ ငွေရှိက အလုပ်သမား
များကိုလည်း တန်းတူ သူငယ်ချင်ပေါင်းကာ
ကျွေးမွေးတတ်သူဖြစ်သည်။ မိဘအပေါ်
ဆိုးသမျှ တခြားသူများအပေါ် အင်မတန်
ကောင်းသူ ဖြစ်သည်။ သို့သော် မော်ကြီးက
သက်ဆိုးမရှည်ရှာ ငယ်ရွယ်ရွယ်နှင့်
လူ့ဘဝကို လောင်းကစားသမားပီပီ
အနိုင်ပိုင်းသွားသည်။

@htwegyi
25-11-2021



0
0
0.000
10 comments
avatar

အောက်ဆုံးစာသားလေး ကြိုက်တယ် လူ့ဘ၀ကို အနိုင်ပိုင်းသွားတယ် ဆိုတာ !PIZZA !LOLZ

0
0
0.000
avatar

လောင်းကစားသမားကြီး ဆိုတော့ပေါ့လေ

0
0
0.000
avatar

အဲသလို လူမျိုးတွေလည်း တွေ့ဖူးပါတယ်။မိဘအပေါ် ဆိုးတာပါ...!PIZZA

0
0
0.000
avatar

ဟုတ်တယ် သူတို့အဆိုးက တမျိုး

0
0
0.000
avatar

အော် မော်ကြီးရယ် မိုက်တော့မိုက်သားဟ တလွဲမိုက်ကြီး !LOLZ

0
0
0.000
avatar

How much memory does a comedian's computer have?
Lots of gigglebytes!

@htwegyi, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/6)

0
0
0.000
avatar

ဟုတ်သဗျို့ မိုက်တာက အိအိစက်စက် ဆိုသလို

0
0
0.000