နေစိမ့်လွန်းသော

avatar
(Edited)

img_0.7621092795142147.jpg

Hive ဈေးက ပြားလေးဆယ်မှ အောက်သို့
ဆင်းနေသည်။ ပြားလေးဆယ်ကိုပင် ထိန်းမထား
နိုင်။ ကိုယ်တွေ တဒေါ်လာရောက်ဖို့ မျော်လင့်
ချက်ထားခဲ့သည်။ သို့ပေသိ ငဟိုက်က ရောက်တော်
မမူချေ။ Hive ဈေး တဒေါ်လာရောက်ရင်
အနည်းငယ်ရောင်းချဖို့ စိတ်ကူးခဲ့သည်။
ယခုလည်း ရောင်းချင်ပါသည်။ ယခုနေ
ရောင်းပါက က်ုယ်တွေအတွက် အသက်ရှု
ပေါက်လေးပိုရသည်။

ဒီလိုနဲ့ Hive ဈေး တဒေါ်လာရောက်ဖို့ စောင့်ရင်း
ကိုယ်တွေ၏ Hive Power သည် သုံးထောင်
ရောက်ခဲ့သည်။ Hive Power သုံးထောင်သည်
ကိုယ်တွေ၏ ရည်မှန်းချက်ဖြစ်သည်။ Hive
တစ်ထောင်ရစဉ်က နှစ်ထောင်ရဖို့စိတ်ကူးသည်။
နှစ်ထောင်ရတော့ ယခု သုံးထောင်ရဖို့ စု
ဆောင်ခဲ့သည်။

ယခုတော့ သုံးထောင်ရရှိခဲ့ပြီဖြစ်သည်။ Hive
သုံးထောင်ပြည့် အမှတ်တရအနေဖြင့် ပိုစ့်ရေး
သည်။ ပို၍ အမှတ်တရဖြစ်အောင် Hive ဈေး
တက်၍ Hive အနည်းငယ်ကို ရောင်းချင်သည်။
သို့ပေသိ ငဟိုက်က ပြားလေးဆယ်အောက်သို့
ရောက်ရှိနေသည်။ ရောင်းဖို့ ဈေးနည်းသေးသည်။

ဟိုယခင်ရောင်းချစဉ်က 11Hive ကို မြန်မာငွေ
ငါးသောင်းရခဲ့သည်။ ယခု ငါးသောင်းရဖို့သည်
47Hive ခန့်ရောင်းရမည်။ ဆိုတော့ ရောင်းဖို့
စောင့်ရင်း နဲ့ Hive Power ပင် သုံးထောင်သို့
ရောက်ရှိခဲ့ပေသည်။ မည်သို့ဆိုစေ ကောင်းဖို့
ဖြစ်လာသည်။

ယခုအခါ Hive ဈေး ပြားငါးဆယ်ရောက်ပါမူ
ကိုယ့်မှာ ရှိသော Hive များကို ရောင်းချဖို့
စိတ်ကူးရပြန်သည်။ ကိုယ်က ရောင်းဖို့
စိတ်ကူးတိုင်း Hive ဈေးက နေစိမ့်လွန်းအားသည်။
နေစိမ့်လွန်းသော Hive ဟုပင်ရေးချင်သည်။
ခက်ခဲသောအချိန်မှာ Hive ရောင်းရငွေဖြင့်
အခက်အခဲကို အနည်းငယ် ဖြေလျော့နိုင်ပါမူ
ကောင်းပေစွ။ Hive နှင့် Cryptocurrency
တို့သည်လည်းကိုယ်တွေ ခက်ခဲသလို လိုက်ပြီး
ခက်ခဲနေကြသလားဟုပင် မေးလိုက်ချင်သည်။

@htwegyi
10-5-2023



0
0
0.000
7 comments