ငွေပညာ။

avatar

img_0.7621092795142147.jpg

ပညာရေးကို စီးပွားရေးအဖြစ် လုပ်ဆောင်သည်။
ပထမ ကြားစက တမျိုးကြီးခံစားရသည်။ ခေတ်
ကာလအလိုက် ပညာရေးက ငွေပေးဝယ်ရသည်။
ယခုအချိန်မှာ ပညာကို ငွေဖြင့် ပေးယူရသည်။
သိကြသည့်အတိုင်း အစိုးရ ကျောင်းများမှာ ကျောင်း
မတက်ကြတော့ ပြင်ပမှာဖွင့်ထားသည့် ကိုယ်ပိုင်
ကျောင်းများမှာ ပညာသင်သည်။

ကိုယ်ပိုင်ကျောင်းဆိုသည်က တော်ယုံငွေကြေးဖြင့်
မတက်နိုင်ပေ။ ကျောင်းအမျိုးအစားကိုမူတည်၍
ငွေကြေးက အနည်းအများရှိသည်။ ကိုယ်ပိုင်
ကျောင်းများကလည်း သူ့ကျောင်း ကိုယ့်ကျောင်း
အပြိုင်အဆိုင်ရှိလာသည်။ ယခုအချိန်ကာလက
ကိုယ်ပိုင်ကျောင်းများ၏ ခေတ်အခါဟုပင် ဆိုနိုင်သည်။

အစိုးရကျောင်း မတက်ချင်၊ မပို့ချင်သူတို့က
ကိုယ်အခြေအနေနှင့် ကိုယ်တတ်နိုင်သော
ကိုယ်ပိုင် ကျောင်းများပို့ကြသည်။ ကိုယ်ပိုင်
ကျောင်းတို့က သူ့ထက်ငါ သာအောင် ယခုနှစ်
နွေရာသီကျောင်းပိတ်ရက်မှ စတင်၍
ကျောင်းသားများကို ခေါ်ယူကြသည်။

ပညာတတ်များဆိုတော့ကာ ကျောင်းသားများ
ကို ပညာသားပါပါခေါ်ယူသည်။ ‌ပညာရေးဈေး
ကွက်ကို ကြော်ငြာပြသခေါ်ယူသည်။ ပစ္စည်းများ
ရောင်းအားကောင်းရန် ကြော်ငြာသလိုပြုလုပ်သည်။
ကလေးများအတွက် ပျော်ပွဲရွှင်ပွဲပြုလုပ်၍
Facebook မှာတင်သည်။ ကလေးမိသားစုက
ကိုယ့်ကလေး၏ ပုံကို မိတ်ဆွေများသိရှိစေရန်
ရှယ်ကြသည်။ ထိုကြောင့် ကျောင်းကို လူသိများ
စေသည်။

ထိုအပြင် ကလေးများကို ပြင်ပ ဗဟုသုတရရန်
လေ့လာရေးခရီးအဖြစ် တိရစ္ဆာန်ဥယျာဉ်သို့
ပို့ပေးသည်။ ထိုသို့ပို့သည့်အခါ ကျောင်းသားနှင့်
ဆရာများက ကျောင်း၏အမည်ပါသော တီရှပ်များကို
ဝတ်ဆင်ကြသည်။ ထိုအခါ တချက်ခုတ်နှစ်ချက်ပြတ်
ကြော်ငြာပြီးဖြစ်သလို ကလေးများကိုလည်းပျော်ရွှင်စေသည်။ ကုန်ကျငွေကိုတော့ ကလေးများထံမှ
ကောက်ယူသည်။ ယခုခေတ် ကလေးများသည်လည်း
ခေသူများ မဟုတ်ကြပေ။ ယခုကျောင်း မပျော်ပါက
နောက်တကျောင်း ပြောင်းဖို့ ဝန်မလေးကြပေ။

ကဲ ဟိုက်မှ ဆရာများပါရှိပါရင် ဖော်ပြပါနည်းများ
အတိုင်း ကိုယ့်ကျောင်းကို ကြော်ငြာကာ ကျောင်း
သားများ စိတ်ပါအောင် ခေါ်ယူနိုင်ပါသည်။

@htwegyi
11-2-2023



0
0
0.000
13 comments
avatar

ပြောချင်ပါဘူး ပြောကို မပြောချင်ဘူး 😂!LOLZ !PIZZA

0
0
0.000
avatar

မပြောချင် မ‌ေပြာပါနဲ့လေ။

0
0
0.000