နုလို့မရ ကြမ်းပေးမှ

avatar

img_0.7621092795142147.jpg

ရေးစရာစိတ်ကူးလေးရှိတော့ ဖုန်းမကိုင်အား။
ဖုန်းလေးကိုင်ပြီ စာရေမည်ကြံတော့ စိတ်ကူး
က မထွက်လာ။ ရေးဖို့ စိတ်ကူးထားသော
အတွေစက ပြန်ရှာမရ။ ဖုန်းကြီးကိုင်ပြီး
ငေးနေစဉ် ခြံပြင်မှ နွားငါးကောင်ကို
မြင်လိုက်ရသည်။ မြို့ထဲမှာ တွေ့ရခဲသည့်
နွားများဖြစ်သည်။

နွားများကို အငှားမောင်းသူက နောက်မှ
လိုက်၍ တုတ်တချောင်းဖြင့် လိုက်ပါကာ
မောင်းနေသည်။ နွားမောင်းသူက အမျိုသမီး
ဖြစ်ပြီး ကုလားမကြီးတဦးဖြစ်သည်။
ရှေ့မှ နွားများက ဖြောင့်ဖြောင့်
တန်းတန်းသွားကြသည်။ နောက်မှ ကျန်နေ
ခဲ့သည့် နွားနှစ်ကောင်က အစာ စားရင်း
ကျန်နေခဲ့သည်။

နွားများငေးရင်း မျက်စိ စင်းလာသည်။
စာရေးဖို့ အာရုံယူပါအုံးမည်
စိတ်ကူးကာ ပက်လက်လေးလှန်ကာ
မျက်လုံးမှိတ်၍ စဉ်စားနေမိသည်။

"ဟဲ့ လုပ်ပါအုံး ဟဲ့ ငါ့ကန်စွန်းခင်းကို နွားတွေ
ဝင်စားနေတယ်၊ ဟယ် ခရေပင်လေးရော
စားနေတယ် လုပ်ပါအုံးဟဲ့ ခြောက်ပါအုံး၊
မောင်းကြပါအုံး"

img_0.12122363750663663.jpg

အမ စကားကြောင့် တုတ်တချောင်းယူကာ
နွားမောင်းထွက်ခဲ့ရသည်။

"ဟေး ဟေ့ ဖြောင်းဖြောင်း သွားသွား"

ကျွန်တော့်အသံကြောင့် နွားနှစ်ကောင်က
ကန်စွန်းခင်းမှ အနည်းငယ်ခွါကာ ဘေးနားရှိ
မြက်ပင်များနှင့် အခြားအပင်များကို
စားနေကြသည်။ ကျွန်တော်လည်း ကန်စွန်းခင်း
မစား ပြီးရောဆိုကာ အသာကြည့်နေလိုက်သည်။

img_0.16142447123170733.jpg

မောင်မင်းကြီးသားနှစ်ကောင်က ကိုယ်တွေ
အလစ်ထင်ပြီး မြက်စားနေရာမှ ကန်စွန်းခင်း
ထံသို့ မသိမသာ နှုတ်သီးများက ရောက်လာ
ကြသည်။ ထိုအခါ ကျွန်တော့်မှာ နွားကျောင်းသား
တခါပြန်လုပ်ရပြန်သည်။ အံမယ် ဒီတခါ
ပါးစပ်ကအော် လက်ကတုတ်ဖြင့် အသံပေး
ပါသော်လည်း ထိုနွားနှစ်ကောင်က သူတို့
ကြောပေါ် တုတ်မကျသဖြင့် အစားမပျက်ပါချေ။

ကျွန်တော့်မှာ နွားနှစ်ကောင်ကို တုတ်ကြီး
ကိုင်ပြီး ငိုင်ငေးကြည့်နေစဉ်။

"အလာ ဒီနှစ်ကောင် ကျန်ခဲ့ပါတယ် အောင်မေ့ဒယ်
ဒမယ် လာစားနေကြတာကို"

ကုလားမကြီးက ပါးစပ်မှ ပြောရင်း နွားနှစ်ကောင်
ကြောပြင်ကို တဗျမ်းဗျမ်းဆော်ရင်း သူ့နွားနှစ်ကောင်
ကို ခေါ်ဆောင်သွားသည်။ ထိုမှသာ သကောင့်သား
နွားနှစ်ကောင်လည်း ဝုန်းကနဲ့ ပြေးကြကာ
ကန်စွန်းခင်းမှ ထွက်ခွါသွားကြပါလေသည်။
ထိုနွားနှစ်ကောင်ကို ကြည့်၍ တခါတလေတော့လည်း
နုလို့မရ ကြမ်းပေးမှ ရပါကြောင်း နွားနှစ်ကောင်က
ကျွန်တော့်ကို ပြသသွားကြသည်။

@htwegyi
16-1-2022



0
0
0.000
15 comments
avatar

ဝါးလုံးသံပေးမှ နွားကသွားတာ်ဗျို့

0
0
0.000
avatar

နွားအထာ သိပါဘူးဗျာ

0
0
0.000
avatar

မြင်တက်ပါ​​​ပေတယ် ဘ​ထွေး​ရေ ဒါလည်း စာတစ်ပုဒ်ဖြစ်​ရော

0
0
0.000
avatar

ကြံရ ဖန်ရ ဟိုက်ရေးသမား ဘဝပ။

0
0
0.000
avatar

ငါ့အမအပင်တွေလည်း အဲ့နွားရန်ကြောက်နေရတာ။

0
0
0.000
avatar

မြို့မှာ သစ်ပင် ပေါင်းပင်က ရှားတာကိုး။

0
0
0.000
avatar

နွားကျောင်းသားလေး ငထွေးပေါ့
!PIZZA

0
0
0.000
avatar

တခါတလေ ကျောင်းဖူးသွားတာပ

0
0
0.000
avatar

မြရည်နန္ဒာ တိုက်ခန်းမှာ နေတုန်း က ပန်းပင်လေးတွေ စိုက်မိပါတယ်... သနပ်ခါးပန်း / နှင်းဆီပန်း နွားတွေ လာဆွဲစားလို့ ပန်းအိုး မှောက်တာနဲ့ ... အညွန့် ကျိုးတာနဲ့ တပင်မှ နလန်မထူဘူး။😁😁😁

0
0
0.000
avatar

ဦးထွေးက ဘယ်ဟာကို ကြမ်းချင်တာပါလိမ့်နော် :D !LOL

0
0
0.000
avatar

ဟုတ်တယ် တစ်ချို့က ကြမ်းမှကြိုက်တာ :D

0
0
0.000
avatar

Congratulations @htwegyi! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from day 15
Hive Power Up Month - Feedback from day 10
Support the HiveBuzz project. Vote for our proposal!
0
0
0.000