ဖင်မနိုင်ပဲ ပဲကြီးဟင်းစား

avatar

img_0.7621092795142147.jpg

မနေ့က ပြာသိုလပြည့်အမေနေ့ဖြစ်သည်။
အမေနေ့ ဆိုတော့ အမေအကြောင်း ရေးကြတာပ။
ကိုယ်တွေကတော့ ယနေ့မှ ရေးဖြစ်သည်။
ရေးဖြစ်ဆို မနေ့ညက ကျွန်တော့အကို
ယမကာလုလင်ကြီးက မူးမူးနှင့် အမေ့ကို
မခံချင်အောင် စကားနှင့် စ ပါလေသည်။
အမေ က သူ့ယောက္ခမ အဖေ့အမေကို
ထမင်းကျွေးရာတွင် ချဉ်ပေါင်ဟင်းတခွက်ဖြင့်
ကျွေးသည်ကို စကားနာထိုးသည်။

img_0.8456514667489712.jpg

မူးသာမူးသည့် စနေငမူးက စကားပြောရာတွင်တော့
တဖက်သားကို နာအောင်ပြောတတ်သည်။
အမူးသမားဆိုတော့ စကားကို အထပ်ထပ်
ပြောသည်။ ကြာတော့ အမေက မခံနိုင်၍
ပြန်ပြောသည်။

"ဟဲ့ငမူးရဲ့ ကလေးတွေတပြုံကြီးနဲ့ နင့်
အဖေ့ လခ ငွေတစ်ရာနဲ့ ဒီလူသိုက်ကြီးကို
ထမင်းမငတ်အောင်ကျွေထားလို့ နင်အခု
ငါ့ကို ကိုက်နိုင်တာပေ့ါဟဲ့"

0psst2j8p1.jpg

"ဒီလိုဆိုလည်းမျှမျှတတလေးတော့
လုပ်ပေါ့ဗျာ။ အမေ့ အမေလာရက်တော့
ဟင်းကောင်းချက်ကျွေးပြီး ပြန်ရင်လည်း
လက်ဖက်တွေ၊ ထိုးမုန့်တွေ ဝယ်ပေးတာ
ကြတော့ရော"

"ဟဲ့ ချေးခြောက်ရေနူးမနေနဲ့ "

"တော်တော့ ပေါကြီးရေ အမေ ကို စတာ
ရပ်လိုက်တော့ ၊ အလကားနေရင်း ငရဲယူ
နေတယ်"

အမက ကြားဝင်ပြောယူရသည်။

img_0.21955065025762713.jpg

"မဟုတ်ပါဘူး အမရာ လုပ်ပုံက မဟုတ်လို့ပါ။
အမေ ဆိုပေမင့် တရားသဖြင့်လေးပဟ နော့။
နောက်တခုရှိသေး။ ဘာတဲ့ သီလရှင်ဝတ်တာ
အနေချောင်အောင်လို့တဲ့ ရှိသေး"

"ငမူးကောင်ရဲ့ ငါ့အမေ ငါ့အဖေ ငါ့အတွက်
ပါးစပ်တပေါက်လျှော့လည်း နည်းသလား။
ငါ့ဟာငါ သီလရှင်ဝတ်တာ ဘာဖြစ်တာမှတ်လို့"

"အံမယ် သီလရှင်ဝတ်တာ ရိုးရိုးမဝတ်ဖူး
အခြား သီလရှင်တွေကို ဒုက္ခ သွားပေးသေးသဗျ"

img_0.827701126004716.jpg

"ကိုယ်တိုင် အနေချောင်တာ မဟုတ်ဖူး
အိမ်နီးချင်း မျက်စိမမြင်တဲ့ အဖွားကြီး
တဦးလည်း ခေါ်သွားလို့ ဟိုကပြောလွှတ်လိုက်တာ။
ဘာတဲ့ ဖင်မနိုင်ပဲ ပဲကြီးဟင်းစားတာလို့
ပြောတာကို စိတ်ဆိုးပြီး သီလရှင် ကနေ
ထွက်လာတာတဲ့၊ အတော်ဆိုးတဲ့ ဒေါ်မိုး"

အမေသည် ကျွန်တော့်အကို ပြောစကားကို
စိတ်မဆိုးသည့်အပြင် ပြုံးကာ ပြောသည်။

"အဲ့တုန်းကတော့ ဘယ်သိမလဲလေ။
ရှားပါးပြီး ဒုက္ခရောက်နေတော့ ကိုယ်လို
ကိုယ်ချင်းစားပြီး ခေါ်သွားမိတာကိုး"

မည်သို့ဆိုစေ ငမူးက သူ့အမေကို ချစ်၍
စကားပြောရန် စ ပေးခြင်းဖြစ်ပေသည်။
အမေကလည်း သူ့သားနှင့် တခါတရံ
ရန်ဖြစ်ရတာကိုပင် ကျေနပ်နေတတ်ပါသည်။
တခါတလေတော့ စိတ်ဆိုးပါသည်။

@htwegyi
17-1-2022



0
0
0.000
15 comments
avatar

ဝတ္တုရေးပါလား အရေးအသားကောင်းလို့

0
0
0.000
avatar

ကျေးဇူးပါဗျာ

0
0
0.000
avatar

အဲအေ ဒေါ်ကြီးကိုစနေတာ။ ဒီတာယာပွကြီးတော့ အိမ်ကနှင်ချလိမ့်မယ် 😂😂

0
0
0.000
avatar

ဟံမလေး သူကနှင်ချနေတာ သူကဗွေဆော်ဦးနေလို့ သူ့အိမ်တဲ့လေ။

0
0
0.000
avatar

မိသားစု ဆိုတာ တခါတလေတော့လည်း ပွဲဆူပေးမှ သဘာဝကျကျ သာယာမိကြတယ်
!LOL

!LUV

0
0
0.000
avatar

ဟုတ်တယ်ဗျို့ ဒါမျိုးလေးတွေလည်း ရှိရတာပ။

0
0
0.000
avatar

အမေတွေက ဒီလိုပါဘဲဗျာ
ကိုယ့်သားသမီး ဘာလုပ်လုပ် ကြည်နူးနေကြတာ
ကိုယ့်က သူကို နည်းနည်းလေး ဂရုစိုက်ပေးလိုက်လို့ကတော့ ကျေနပ်ပီတိဖြစ်ပြီး ပြောလို့မဆုံးတော့ပါဘူး

!lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

မိဘ ဆိုတာက ဆိုးတဲ့သူ ပိုချစ်တာဆိုတာလား။

0
0
0.000
avatar

ဘယ်သားသမီးမဆို အ​မေ​တွေက တန်းတူချစ်ပါတယ် အဆိုး​လေးဆိုလည်း သနားချစ်​လေးနဲ့ ချစ်တာပါပဲ

0
0
0.000
avatar

ဟုတ်တယ်ထင်ပ တခါတရံ ရီရ စိတ်ညစ်ရ။

0
0
0.000
avatar

မိသားစုတို့မည်သည် ရန်ဖြစ်ကြရစမြဲ အပြင်လူနဲ့ ရန်ဖြစ်တာ နည်းပါးသလောက် မိသားစုတို့သည် မကြာခဏရန်ဖြစ်ပေး‌ခြင်းဖြင့် ချစ်ခြင်းမေတ္တာအား ပိုမိုခိုင်မြဲစေတတ်ပေသည် ပုံ - စိတ်ထဲရှိရာရေးသူ 😅😅😅

0
0
0.000