ပိန် မဲ တို့ဘဝ

avatar

img_0.7621092795142147.jpg

စိတ် ဆိုသည်က ထူးဆန်းသည်။ စိတ်ထူးဆန်းတာ
လူတိုင်းသိသည်။ ထိုစိတ်သည်က လူတဦးစီ၏
ဆန္ဒ၊ လုံ့လ၊ အားထုတ်မှုကို မူတည်၍ စိတ်၏
စွမ်းအားများ ကွဲပြားသွားသည်။ စိတ်ကြောင့်ပင်
လူသည် ချမ်းသာသည်။ ကျန်းမာသည်။
စိတ် ဆောင်လို့၊ စိတ်တင်းထား၊ စိတ်ဓာတ်မကျနဲ့
အစရှိသဖြင့် လူအချင်းချင်း ပြောဆိုကြသည်။

မနေ့က အမေ့ပင်စင်သွားထုတ်သည်။
ပင်စင်က ကြာသာပတေးနေ့က ထုတ်သည်။
ဇွန်လက ပင်စင်ထုတ်သူများသည်။ ထိုကြောင့်
လူရှင်းအောင် သောကြာနေ့မှ ပင်စင်ထုတ်သည်။
ပင်စင်ထုတ်ရင် လူတဦးကိုတွေ့လိုက်ရသည်။
ထိုသူက ပင်စင်ဌာနမှ ဝန်ထမ်းဖြစ်သည်။
သူက စီဒီအမ်ပြုလုပ်ထားသည်။

ယခုသူကိုမြင်တော့ နူတ်ဆက်ရန်ပြုံးပြမိသည်။
သူကိုကြည့်ရတာ ပိန်၍ အသားမဲသွားသည်။
ကျွန်တော်၏ အကြည့်မှာ သူကလည်း
မချိပြုံး၍ လာနူတ်ဆက်သည်။

"ကျွန်တော်တော့ တောင့်မခံနိုင်တော့လို
နန်းလိုက်တယ်ဗျာ။ နှစ်ကလည်းကျော်
လာပြီဆိုတော့။ စားဝတ်နေရေးလည်း
အဆင်မပြေဘူး၊ သွားရ လာရတာလည်း
အဆင်မပြေဘူးလေး"

dv27xpvpha

"အော် ဟုတ်လား အေးဗျာ"

ကျွန်တော်မှာ ဖော်ပြပါ စကားသုံးခွန်သာ
ပြောထွက်မိသည်။ သူ့စကား၊ သူ့ရုပ်ရည်ကြောင့်
မည်သို့မျှမပြောနိုင်တော့ပါ။ စိတ်ထဲမှာတော့
ဒီလောက်နေလာပြီမှကွာ ဟူ၍သာ ရေရွတ်
မိသည်။ နှမြောမိသည်။ အပြစ်လည်း မပြောရက်ပါ။
ပြောလည်းမထွက်ပါ။

ကိုယ်တိုင် ခံစားနားလည်ထားသည့်အတွက်
ပြောစရာ စကားမရှိပါ။ သူလိုလူတွေ မည်မျှ
ရှိနေမလဲ။ ကိုယ်လိုလူတွေ ဘယ်လောက်ရှိနေမလဲ။
နန်းသူအချင်းချင်းမှာ ပထမနန်းသူကို
နောက်မှ နန်းသူက မျက်နှာချိုသွေးနေရသည်။
မြင်ရတာ ဘဝင်မကျပေသိ ရင်နာစွာနဲ့
ကျောခိုင်းခဲ့ရလေသည်။

@htwegyi
25-6-2022



0
0
0.000
10 comments
avatar

တောင်မင်း မြောက်မင်း မကယ်နိုင်မှတော့ အပစ်မဆိုချင်တော့ပါဘူး။
ကိုယ်တိုင်သာ ရပ်တည်နိုင်အောင် ဆက်ကြိုးစားကြရတာပါ့
!LUV
!PIZZA

0
0
0.000
avatar

ဘာတွေ ဘယ်လို ဖြစ်လာမလဲ
အောင်ပွဲတော့ ရချင်ပါပြီလေ။

0
0
0.000
avatar

အားတင်းထားသူတွေ အများကြီးပါ

0
0
0.000
avatar

အေးပါ အဲ့သလို အားတင်း တောင့်ထားသူတွေလည်းရှိကြမှာပါ။

0
0
0.000