ပိတောက်နှင့်အတူ။

img_0.7621092795142147.jpg

ယနေ့မနက် ဈေးသွားမည့်အချိန် မိုးရွာသည်။
မနက်ငါးနာရီကျော်မှာ မီးပျက်သည်။
ထင်းမီးမွှေး၍ ထမင်းချက်ရသည်။ ထမင်းအိုး
ငှဲ့ပြီး၊ နှပ်ပြီး နေသည့်အချိန်မှာ မိုးတိမ်များ
မဲမှောင်လာသည်။

ထမင်းအိုး နှပ်ပြီးသည့်နှင့် မိုးစက်မိုးပေါက်တို့
ကျလာသည်။ တော်ပေသေး ထမင်းအိုးလေး
တည်လိုက်ရသည်။ နို့မို့ မနက်စာ ပြဿနာ
ဖြစ်ပေမည်။ မိုးက သည်းစွာရွာသည်။ မိုးရွာ၍
ဈေးမသွားရတော့ပေ။ အိမ်မှာ ရှိတာချက်စား
ရသည်။

မနက်ခင်းမိုးက မိနစ်နှစ်ဆယ်ခန့်ရွာသည်။
မိုးရွာပြီးနောက် နေထွက်လာသည်။
ဈေးသွားရမလို မသွားရမလိုနဲ့ မသွားဖြစ်ပါ။
အိမ်ရှေ့ခြံ အနီးမှာရှိသော ပိတောက်ပင်ကြီးမှ
ပိတောက်ပန်းတို့ ပွင့်နေသည်။ အမက
ပိတောက်ပန်းများ သွားခူးသည်။ ပိတောက်
ပန်းတို့က အမြင့်မှာ ပွင့်ကြသည်။ ထိုကြောင့်
ပန်းခူးရ ခက်သည်။

ပိတောက်ခက် အနည်းငယ်သာရသည်။
ခူးရသော ပိတောက်ခက်တို့အား ဘုရားတင်
သည်။ ဆွမ်းတော်တင်ပြီး မနက်စာ စားသည်။
ဆွမ်းတော်တင်ရင်း ဆုတောင်းမိသည်။
မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်း၊ ငြိမ်းချမ်း
ရပါလို၏။ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရပါလို၏
ဘုရား။

@htwegyi
23 July 2023



0
0
0.000
6 comments
avatar

Congratulations @htwegyi! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You published more than 2100 posts.
Your next target is to reach 2200 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out our last posts:

Women's World Cup Contest - Check your ranking!
Women's World Cup Contest - Recap of the third day
Women's World Cup Contest - Recap of the second day
0
0
0.000