ပြောင်းလဲသော မန်း။

avatar

img_0.7621092795142147.jpg

တောသား မြို့ရောက်ဆိုသလို ပြောရမလား။
မြို့သား တောရောက်လို့ ပြောရမလား။
ကျွန်တော်သည် မန္တလေးမြို့သစ်၏ အပြောင်း
အလဲများကို ကားပေါ်မှ ငေးကြည်မိသည်။
ကိုယ်တွေက ရုံးနှင့် အိမ်၊ အိမ်နှင့် ရုံး ဒီနှစ်ခုကြား
သွားလာရင်း မြို့၏ အပြောင်းအလဲကို
မသိရှိခဲ့ပါ။

မန္တလေးမြို့ထဲမှ တိုက်တာ အဆောက်အဦများ
မြင့်မာလာတာ၊ ပြောင်းလဲလာတာများကိုသာ
သတိထားမိသည်။ အဆိုပါ အပြောင်းအလဲများက
ကိုယ့်မျက်စိရှေ့ဆိုတော့ ပြောင်းလဲသည်ဟု
မထင်ခဲ့ပါ။ အပြောင်းအလဲ လုပ်သည်ကလည်း
ဟိုနေရာ၊ ဒီနေရာများများစားစား သိပ်ပြီး
မရှိလှဟုထင်မိသည်။

ယခု မြို့သစ်နေရာများက အပြောင်းအလဲများကို
ဗြုန်းစားကြီး တွေ့လိုက်ရတော့ အံ့ဩမိသည်။
မန္တလေးမြို့အရှေ့ဖက်နှင့် တောင်ဖက်ရှိ အရပ်
များသည် အိမ်ကြီး အိမ်ကောင်းများ တိုက်တာ
အဆောက်အဦကြီးများကို လှပခမ်းနားစွာ
တွေ့မြင်ရသည်။

img_0.5527054809600953

အထူးသဖြင့် ဟိုတလောကမှ ဖွင့်လှစ်သော
မင်္ဂလာအထူးကု ကိုယ်ပိုင်ဆေးရုံကြီးက
ခမ်းနားထည်ဝါလှသည်။ ထိုအပြင် 53လမ်း
တလျှောက်ရှိ အဆောက်အဦများစွာက လှပစွာ
အပြိုင်အဆိုင် ဆောက်ထားကြသည်။
ဟိုတယ်များ၊ ‌စားသောက်ဆိုင်များ ဖြစ်သည်ဟု
သိရသည်။

ငွေကို ငွေနှင့်ရင်း၍ ချမ်းသာကြသည်။
ငွေကို ရေလို သုံးနိုင်ကြသည်။ ငွေကို
မှန်ကန်စွာရော၊ မမှန်ကန်စွာရောရှာဖွေကြသည်။
ချွေးနှင့်ရင်း၍ ငွေရှာကြသည်။
ငွေရှာသူ အချင်းချင်း ညနေမှာတော့
လူတိုင်နီးပါး မဟုတ်တောင် အများအားဖြင့်
ငွေကို အရည်လုပ်၍ ခန္ဓာကိုယ်အတွင်း
ပြန်‌ေလာင်းထဲ့ကြသည်။ ဒါက သူတို့
အတွက် အန်နာဂျီဖြည့်သည် ပါဝါဖြည့်
ကြသည်ဟု သိရသည်။ ခေတ်ပျက်ကြီးထဲ
ငွေရှာကောင်းသူများရှိသလို၊ ငွေအတွက်
ရတက်ပွေသူ၊ အရှက်ပွေသူ၊ အခက်တွေပူ
အစရှိသဖြင့် မျိုးစုံလှ‌တော့သည်။

@htwegyi
4-7-2022



0
0
0.000
6 comments
avatar

စိတ်ဖြေရတာ အမျိုးမျိုးပါပဲ
!LUV
!LOL

0
0
0.000
avatar

ကြံဖန်ရတာပ

0
0
0.000