ဆတ်ဆတ်တုန်။

ပန်းပွင့်ရှိမှာ ရနံ့ရတာမဟုတ်ဖူး
ဖူးသည့်တငုံ၊ ထုံသည့်တရှိုက်။

ပန်းနဲ့ ပန်းချင်း တူသော်လည်းကွယ်။

ပန်းနီနီမပေးနဲ့ကွယ် ပန်းချင်ပါဘူး။

ပန်းသီချင်းများကို ရေးမည်ဆို စဉ်းစားရေးပါက
ကုန်မည်မဟုတ်တော့ပေ။ တနေ့က မိတ်ဆွေ၏
အိမ်သို့ အလည်သွားသည်။ မိတ်ဆွေအိမ်မှာ
ပွင့်နေသော ပန်းများကို ဓာတ်ပုံရိုက်ခဲ့သည်။

ကိုယ်တွေက ယခုအချိန်မှာ ခရီးမသွားရတော့။
သွားရသည့်နေရာမှာရှိသော အရာများကို
အမိအရ ဓာတ်ပုံရိုက်ရသည်။ မိတ်ဆွေအိမ်မှာ
ရှိသည့် ဖော်ပြပါ ပုံပါ ပန်းအမည်က ခင်လေး
ဆတ်ဆတ်တုန်ဟု ခေါ်ကြောင်းသိရသည်။

ခင်လေးဆတ်ဆတ်တုန် ဟု အမည်နှင့် လိုက်အောင်
လှသည်။ ပန်းပွင့်ဖတ်လေးများက ရက်အကြာမှာ
ညှိုးပါက အောက်သို့ ကြွေကျသည်။ ထိုကြောင့်
အပင်အောက်ခြေမှာ ခရမ်းရောင်ပွင့်ဖတ်လေးများ
ပြန့်ကျဲနေသည်။

ထိုပန်းကို ယခင်က မမြင်ဖူးပေ။ မိတ်ဆွေ၏
အိမ်မှာ ရှေးဦးစွာမြင်ဖူးခြင်းဖြစ်သည်။
ထိုပန်းအကြောင်း ဂူဂဲလ်မှာရှာကြည့်တော့
အမည်အမျိုးမျိုးပေးကြသည်။ သူ့အရပ်
သူ့ဇာတ်နဲ့ အမည်ပေးကြတာပေါ့။ အယ်
သို့ပေသိ ပန်းရဲ့ နောက်ဆုံး ဆတ်ဆတ်တုန်ကတော့
နေရာဒေသမရွေးတူသဗျို့။ ဘာတဲ့

ခင်လေးဆတ်ဆတ်တုန်
မလေးဆတ်ဆတ်တုန်
ပျိုလေးဆတ်ဆတ်တုန်

ခင်လေးဆတ်ဆတ်တုန် (သို့) ခွာပြာလို့လည်း
ခေါ်သေးသတဲ့။ အဲ့မှာ ထိုပန်းကို အဓိပ္ပါယ်ဖွင့်တာက
သည်းခံနိုင်စွမ်း တဲ့ဗျို့။ သည်းခံနိုင်စွမ်း ဆိုပဲ။
သည်းခံနိုင်စွမ်း ဆိုသည်က အတိုင်းအတာ
တခုထိရှိသည်ဟု ပြောကြသည်။

ခင်လေးဆတ်ဆတ်တုန် ၏ ကြာရှည်စွာ
သည်းခံနိုင်မှု ကုန်ဆုံးသည့်အခါ မြေပြင်ကို
ကြွေဆင်းသည်။ သို့ပေသိ သူ့ကြွေဆင်းမှုက
ခရမ်းပြာရောင်ဖြင့် မြေပင်ကို အလှဆင်ပေး
သလိုဖြစ်စေသည်။

ဒီအချိန်၊ ဒီအခါမှာ မြန်မာပြည်သူတို့၏
သည်းခံနိုင်စွမ်းအားများ မည်သို့မည်ပုံ
ရှိလာမည်ဆိုသည်ကို။
စောင့်ကြည့်ရပေအုံးတော့မည်။

@htwegyi
February 13, 2024



0
0
0.000
16 comments
avatar

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !LOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000
avatar

Beautiful flowers!
!LUV

ဒီပန်းတော့မမြင်ဖူးသေးဘူးထင်တာပဲ

0
0
0.000
avatar

ဆတ်ဆတ်တုန်တဲ့လား
!pizza

0
0
0.000
avatar

Yay! 🤗
Your content has been boosted with Ecency Points, by @htwegyi.
Use Ecency daily to boost your growth on platform!

0
0
0.000