ဆီ ကို ရေချိုး ဆိုသတဲ့။

avatar
(Edited)

img_0.7621092795142147.jpg

ဒေါ်လာဈေး၊ ရွှေဈေးက အနည်းငယ် ပြန်ကျ
သည်။ စက်သုံးဆီများလည်း အနည်းငယ်ကျ၍
ပုံမှန်ဖြစ်နေသည်။ ဒီတော့ သူတို့ဈေးတက်
တုန်းက လိုက်တက်ခဲ့သည့် ကုန်ဈေးနှုန်းများက
ပြန်ကျဖို့ စိတ်ကူးမရှိကြတော့သည်လား။

သူများဈေးတက်တုန်းက လိုက်တက်ပြီး
သူများဈေးကျတော့ လိုက်မကျတာက
အဘယ်ကြောင့်နည်း။ လောဘသားတို့က
လောဘကို မသတ်နိုင်ကြပေ။ ဈေးတက်
တုန်းကတော့ ဒုန်းပျံကြီးအတိုင်း တက်ပြီး၊
ဈေးကျတော့ ပက်ကျိနှင့် လိပ်ကို အဖော်စောင့်
နေကြသလို။

တနေ့က မြို့ထဲက ဆီဝယ်နေကြ ဆီစက်မှ
ဖုန်းဆက်လာသည်။ ဆီဝယ်အုံးလားဟု
သူတို့က မြို့သစ်ဖက် လမ်းကြုံသည့်အခါ
ထိုသို့ ဖုန်းဆက်ကာ ဆီရောင်းတတ်သည်။
ကိုယ်တွေက ထိုသို့ဖုန်းဆက်တိုင်း သုံးပိဿာ
ဝယ်တတ်သည်။ ထိုနေ့က ဆီက လက်ကျန်
ရှိသေးသည်။ ဆီဈေးဘယ်လောက်လဲ ဟု
မေးလိုက်သည်။

20220927_145451.jpg

ပဲဆီသန့် တပိဿာ သောင်းလေးထောင်
ဖြစ်နေသည်။ ဈေးကတက်နေတော့
မဝယ်သေးဟု အကြောင်းပြန်ရသည်။
ယခင်က တပိဿာခြောက်ထောင်တန်
ဆီက သောင်းလေးထောင် ဆိုတော့ နှစ်ဆ
ကျော်ကြီးများတောင် တက်နေသည်။

ဆီကို ပါသကာလေး လူးစားရပေမည်။
ယခင်က ဆီပေါပေါသုံးသော အမသည်
ယခုတော့ လက်ကို ဘရိတ်တပ်၍ ဆီသုံး
နေရပေသည်။ မနေ့က မြို့ထဲ လမ်းကြုံ၍
ဆီဝယ်သည့်အခါမှာတော့ ပဲဆီသန့်က
တပိဿာ သောင်းနှစ်ထောင်ငါးရာ
ဖြစ်သွားသည်။

တော်ပေသေး တနေ့က ဖုန်းဆက်တာ ဆီ
မဝယ်ဖြစ်လိုက်၍ ယခု တပိဿာကို
ထောင့်ငါးရာသက်သာသွားသည်။ သုံး
ပိဿာဆိုတော့ လေးထောင့်ငါးရာ သက်သာ
ပေသည်။ ဆီဈေးကျ၍ တော်ပေသေးသည်။
အခြား မည်သည့်ပစ္စည်းများ ကျသလဲဆိုတာ
သိသူများ မန့်ပေးသွားကြပါအုံး။

@htwegyi
27-9-2022



0
0
0.000
12 comments
avatar

‌ဈေးကျပေမယ့် ရသလောက်တော့မျှေယူနေအုံးမှာပါ !PIZZA

0
0
0.000
avatar



@donjaun you !PIMP, the HiQ Smart Bot has recognized your request but the daily limit has been reached. Try again tomorrow.


Delegate HP to @hiq.hive, BEE to @hiq.bee,
PHOTO to @hiq.photo, FUN to @hiq.fun,
ONEUP to @hiq.oneup or PIMP to @hiq.pimp
to support the HiQ Smart Bot and its trails,
and grab "massive" rewards!

If you have at least 10 HIQS staked
and your daily limit is not exceeded,
then juicy votes will follow!

Check out HiQ - The Hivestyle Magazine,
fomo into HiQs - The Support Token
& vote our fucking Witness!

This is a semi automatically created manual curation. !LOL
Currently this sexy Smart Bot is in the testing phase though.
For further questions, feel free to contact @hiq.redaktion via comment or Discord.

0
0
0.000
avatar

ဈေးကျတယ်လား
မဝယ်ဖြစ်တော့ မသိပေါင်။
!lol

0
0
0.000
avatar

စားသုံးဆီတော့ ကျသဗျို့။

0
0
0.000