ထွေးပိုက်ပါတော့။

avatar

img_0.7621092795142147.jpg

ဒီအချိန်မှာ ဘာမျှမစဉ်းစားပါ။ နေထိုင်ကောင်း
ဖို့သာ အဓိကဖြစ်သည်။ ယခုချိန်မှာ
သွားချင်ရာ သွားနိုင်၊ စားချင်တာ စားနိုင်
ခြင်းသည် ချမ်းသာခြင်းဟု ခံယူရပါမည်။
ဘဝမှာ အဆိုး အကောင်း ကြုံလာသည့်အခါ
ခံနိုင်ရည်ရှိဖို့ ကြိုးစားရသည်။

အကောင်းနှင့် ကြုံစဉ်မှာ သာယာနေသမျှ
အဆိုးကြုံသည့်အခါ ခံနိုင်ရည်ရှိဖို့ စိတ်ကို
အဆင်သင့်ဖြစ်ပါစေ။ လူ့ဘဝက တိုသတဲ့။
အဆိုပါ တိုသည့်ခဏမှာ ကြုံလာသမျှကို
ရင်ဆိုင်ဖြတ်ကျော်နိုင်သူက အောင်မြင်သူ
ပါလေ။

စာတွေမှာဖတ်ရ ပြောသံကြားရသည်က
အားရှိစရာ အားတက်စရာပါ။
ကိုယ်တိုင် ခံစားရသည့်အခါမှာ ခါးသီး
လေစွ။ ကြာရှည်လေစွ။ ခက်ခဲလေစွ။
အရွယ်ကောင်းမှာ အားတင်းသည်နှင့်
အရွယ်လွန်မှာ အားတင်းရသည်က
ပိုခက်ခဲပေသည်။

မည်သို့ပင်ဖြစ်စေ အချိန်တန်တော့
ပြီးတော့လည်း ပြီးသွားပေမည်။
ဘဝမှာ အမှတ်တရ တခုက ခက်ခဲစွာ
မှတ်တမ်းတင်နိုင်ကြပေမည်။
အမှန်တရားက ရွာလည်နေသည့်ခဏ
စောင့်နေရပေအုံးတော့မည်။

ဘဝဆိုတာ တိုက်ပွဲ။ တိုက်ပွဲခေါ်သံများကြား
အဖန်ဖန် အားမာန်တင်းကြပါစို့။
အပူပြီးရင် အအေးလာပါမည်။
မုန်တိုင်းပြီးရင်တော့ လေပြေလေညှင်း
ကို အေးမြထွေးပိုက်စွာ ခံးစား စံစားနိုင်ရန်
ကျန်းမာရေး ဂရုပြုကြပါစို့လေ။

@htwegyi
9-9-2022



0
0
0.000
11 comments
avatar

ထွေးပိုက်ရအောာင် တစ်ခုလပ်တစ်လင်ကွာ ပို့လိုက်ရမလား
!lol
!pizza

0
0
0.000
avatar

အဇမ်းကို သဘောကောင်းချက်ပါလားကွယ်ရို့။
အဆင်ပြေသလိုသာ ပို့လိုက်ပ။

0
0
0.000
avatar
(Edited)

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@uthantzin(10/10) tipped @htwegyi (x1)
tin.aung.soe tipped htwegyi (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

ကျန်းမာခြင်းသည် လာဘ်တစ်ပါး !LUV

0
0
0.000
avatar

မှန်ပေဗျို့။

0
0
0.000