သိုက်ဆရာမလေး တွေအလား

avatar

img_0.7621092795142147.jpg

ကိုယ်တွေ hive မှာ ဈေးမတက်ခင်က
သာသာယာယာ စာရေးပိုစ့်တင်နေခဲ့သည်။
ဟော့ ကိုယ်တော်ချော hive က $3 အထက်
ခုန်တက်ပြတော့ အလုပ်တွေရှုပ်ပါရော။
သူကဈေးတက်တော့ ကိုယ်တွေလည်း
ဂနာမငြိမ်ဖြစ်ရောဆိုသလိုပ။ သူခိုးရွှေရ
တပြပြဆိုမလား။ သုံးလေးနှစ် တယောက်ထဲ
ကျိတ်ပြီး ရေးခဲ့သမျှ hive $3 နဲ့မှ
ပေါ်ဆိုသလို။ အင်း hive ဈေး $30 ဆိုပါရင်
ခက်ခက်ရချည်ရဲ့။

"hive က $3 ဖြစ်တာနဲ့ ခင်ဗျားကြီးက
ဘာဖြစ်တာလဲဟင်"

ဆိုပါရင် ဂလိုဗျာ။

"ဟိုက်ဈေးတက်တော့ လူက မြောက်ကြွကြွ
ဟိုလူကို ကြွားချင်၊ ဒီလူ့ကိုပြချင်
မြောက်ကားကြီးဖြစ်နေတာပ"

img_0.2550199118097457.jpg

အထိုင်မတတ်တော့ ဘာလို
အနေမတတ်တော့ ဘာလို ဆိုလား။

"ဟာ ငထွေး ရာ ရစ်နေထာ ဘာဖြစ်တာလဲ
ရှင်းရှင်းပြောစမ်းပါ"

ပြောမယ့် အရေး ကိုရီးယားဇာတ်လမ်းတွဲ
ကောင်းခန်းရောက်မှ
ကြော်ငြာဝင်သလိုကြီးပဲ။

img_0.2060094230915047.jpg

ဟယ် ရေးစရာမရှိလို ရှာကြံ ချဲ့ကား
ရေးနေရတာကို အလိုက်အကန်းမသိဘဲ
ဘဇာကြောင့် အလျှင်လိုနေကြတာလဲ။
ပြောပြပါမယ့်ကွယ်။ ဂလို။

အကျွနုပ် ထိုသို့ မြောက်ကား မြောက်ကြွားကြီး
ဖြစ်နေစဉ် အနှီး @nweoomon သည်
သူလည်း hive မှာ စာပြန်ရေးမည်ဟု
ဆိုလာသည်။ အင်း ဒီအထိ ပြဿနာမရှိသေးပါ။
ရေးပါ ရေးပေါ့ သိပ်ကောင်းသပ။
စာမရေးနိုင် Dbuzz မှာပုံလေးတင်ရင်
ရသေးသပ။ နို့ ဟုတ်ဖူးလား။
ဆရာမကြီးက ရေးသဗျို့ ပုံတွေလည်း
ဝေဝေဆာဆာ တင်သဗျ။ ကိုယ်ထက်
သာလို့ မနာလိုတောင်ဖြစ်ချင်သေး။

ဟော့ နောက်တယောက် တူမတော်ပ။
သူကလည်း စာရေးချင်သပတဲ့။
အလယ် ကျိတ်လိုက်လေ လာထား
ရေးလိုက်စမ်းပ။ အကောင့်ဖွင့်ပေးလိုက်တယ်။
ရေးရှာတယ် ကြိုးကြိုးစားစား
မိုင်အင်ထရိုဒက်စင်ကြီးကို။ အမယ် ရသဗျ
သူ့ အင်ထရိုကြီး က $35 တောင် ကိုယ်တွေ
ရဘူးပေါင်။ ကိုယ်တွေ မလိမ်ပါဘူး သူရို့ပိုစ့်တွေကြည့်ပြီး
နည်းနည်းတောင် အားငယ်သွားတယ်။

ခုတော့ သူတို့ကလေ သူတို့က တိတိကျကျဆိုပါရင်
မနေ့ကပေါ့ နှစ်ဦးစလုံး မရှေ့မနှောင်း
ပြောလာ ကြပါလေသည်။ သိုက်ဆရာမတွေ
လှေပေါ်ခေါ်တင်လာမိတာကိုးက ဟော့ဒီက
ငထွေးအမှားပ။ အံမယ် လေရှည် ပေရှည်
နေပြန်ပါပြီး ပြောစမ်းပါ တကတည်း
ဘာဖြစ်သလဲ ဆိုတာ။ ဒီဂလို။

img_0.32897749849217256.jpg

တူမဖြစ်သူက သူ့ $35 ကိုငွေထုတ်ချင်သတဲ့။
ထုတ်ပြပေးပါတဲ့ ရပ်ကတို့။ စာရေးတာက
မနေ့ တနေ့က ဘယ်နှာလုပ်ရပါ့။

နောက်တယောက် ဆရာမကြီး @nweoomon
ရယ်လေ။ သူမကတော့ သူပိုစ့်တွေ
ကြိုးကြိုးစားစားရေးနေတာ ဟိုက်ကြီး
ကလိုင်းသွားရင် ဘယ်နှာ့လုပ်မလဲတဲ့။
ကလိုင်းလား စကန်းလား ဘာလား
ညာလား ဖြစ်ရင် ဘယ်လိုလုပ်မလဲတဲ့။
အင့် အဲ့တာတော့ ကျွန်တော်မျိုးလည်း
မတင်ပြတတ်တော့ဘူး။ ဆရာသမားများ
ကပဲ မေတ္တာတရားရှေ့ထားပြီး ရှင်းလင်း
ပြောကြား မန့်ထားပေးခဲ့ကြပါအုံးကွယ်ရို့။

@htwegyi
11-1-2022



0
0
0.000
16 comments
avatar

😅ဘ​ထွေး​ခေါင်းရှုပ်ရပြီ ဘယ်လိုရှင်းရပါ့

0
0
0.000
avatar

အေး ပါ့ မစုရေ 😁

0
0
0.000
avatar
(Edited)

အခုမှ တကယ့် သိုက်ဆရာမတွေကို လှေပေါ်တင်လာမိပြီကိုး... အဲတော့ ... Chat Group ထဲ အကြံတောင်းကြည့်... Hive ကို ပြင်ပမှ ဝယ်သူရှိပါတယ်...ဦးထွေးက Hive ရောင်းပြီး ဆန်အိတ်ဝယ်ပြ ထားတာကိုးလို့..@nweoomon ကိုတော့ ပြောလိုက်ပါ... Hive က Scam မယ်ဆိုရင် ကိုဟင် အရင်ပြေးပါ့မယ်လို့...😀😀😀😀!!LOL. !PIZZA

0
0
0.000
avatar

ကဲ ကြားကြပလား သိုက်ဆရာမကြီးများတို့ရေ။

0
0
0.000
avatar

ဟိ သူခေါ်လာပြီး ကျနော်ပြဿနာရှာလိုက်တော့ တိုင်ပတ်နေတာ။
နို့မို့ သူက စာမရေးဘူးလားဆိုပြီး လာလာဆူတာကျ ကိုဟင်တို့မှ မသိဘဲ။ 😁

0
0
0.000
avatar

စကန်းကသူများကိုင်ပြီးသားမို့ မကြိုက်ဖူး ဟိုက် က ဘရန်းနယူးပါလို့ စကန်းမဟုတ်ပါဘူးလို့ @nweoomon ကိုပြောလိုက်ပါ 😁

0
0
0.000
avatar

ဟု ဟု သိပါပြီ 😁😁

0
0
0.000
avatar

ဘရန်းနယူးတဲ့ သက်လား။

0
0
0.000
avatar

နို့ သိမှသိပဲ။ ဘူဘောင်းကြီးဖောက်မှာကြောက်လို့လေ။ 😁😁

0
0
0.000
avatar

အဲ့မယ် ကိုဟင်က ပြောထားလေရဲ့။

0
0
0.000
avatar

Congratulations @htwegyi! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You made more than 10000 comments.
Your next target is to reach 11000 comments.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from day 10
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

အဲ ဦးထွေး တိုင်ပတ်နေပီပေါ့ :D !LOL

0
0
0.000
avatar

တိုင်ပတ်ယုံမက ကျွမ်းတောင် ထိုးရမလို။

0
0
0.000