သူ့အကြောင်းတရားနှင့် သူ

ယနေ့ ကျွန်တော်တို့ရပ်ကွက် အနောက်ဖက်ရှိ
ကျုးအိမ်များဖယ်ရှားခြင်း ခံရပြန်သည်။
ဖယ်ရှားခြင်း ခံရပြန်ပြီဟု ရေးရသည်မှာ
ယခင် ငါးလကျော်ခန့်ကလည်း တခါဖျက်ခံ
ရသည်။ ဖျက်ခံရပါသော်လည်း တပတ်လောက်
လောက်အကြာမှာ ထိုနေရာများသို့
မိုးကာတဲထိုး၍ ဖြစ်သလို ပြန်နေကြသည်။
မိုးကာတဲထိုးပြီး နေလာ၍ တလအကြာမှာ
သွပ်မိုးတဲများဆောက်လုပ် နေလာကြသည်။
သို့နှင့် တဲ တစ်တဲမှ နှစ်တဲ၊ သုံးတဲဖြင့်
မသိမသာကျုးတဲများ ပြန်နေလာကြသည်။
ယခုတခါ နောက်တခေါက် ထပ်ပြီး
ဖျက်ခြင်း ခံရပြန်သည်။
ယနေ့ နေက ပူသည်။ နေပူပူအောက်
မိမိနေအိမ်များကို ကိုယ်တိုင်ဖျက်၍
သယ်ယူနေကြသည်။ ကျုးဖျက်သူများ
မလာခင်၊ ဘူဒိုဇာများ မလာခင်
မိမိအိမ်ပစ္စည်း ရရန်အတွက် ဖျက်၍ သိမ်းဆည်း
ထုပ်ပိုး သယ်ယူနေကြသည်။ အဆိုပါ
ဖျက်သူများရောက်လာပါက မိမိပစ္စည်း
သယ်ယူခွင့် မရသည့်အပြင် အိမ်ကို
ဘူဒိုဇာဖြင့် အထိုးခံရပေမည်။
ပြောချင်သည်မှာ အဆိုပါ ကျုးတဲများနှင့်
နေထိုင်သူများမှာ နွမ်းပါးသူရှိသလို၊ အသင့်အတင့်
ရှိသူများလည်းပါဝင်သည်။ များသောအားဖြင့်
သူတို့ကို ကြည့်ရသည်မှာ လုပ်နိုင် ကိုင်နိုင်
အရွယ်ကောင်းများပါရှိသည်။ အလုပ်ကို
လက်ကြောတင်းအောင် မလုပ်ပဲ၊ အချောင်
အလုပ် လုပ်သူက များသည်။
အချို့ကျုးများက ရိုးသားစွာ အလုပ် လုပ်သူ
များလည်းရှိပေသည်။ ယခု ကျုးဖျက်သူများတွင်
ခွေးဘီးလူးကားပိုင်သူပင် ပါရှိသည်။ ထိုသူ
တို့က အိမ်တွင်းမိသားစု မုန့်လုပ်ငန်း လုပ်ကိုင်
ကြသည်။ အမ စနေက မြင်၍ ပြောပြန်သည်။
"ကိုယ်ပိုင်ကားရှိလျှက်နဲ့ လမ်းဘေးမှာနေတယ်။
လုပ်ငန်းလည်းရှိတယ် ဘာလို့ အိမ်ငှား မနေပဲ
ကျုးနေတာပါလိမ့်"

ဟု ပြောရင်း စဉ်းစားခန်းဝင်နေသည်။
အင်းသူလည်း သူ့အကြောင်းတရားနှင့် သူ
ဖြစ်ပါလိမ့်မည်ဟုသာ။
@htwegyi
7-7-2022
!LUV
!LOL
@walarhein(1/4) gave you LUV.
H-E tools | my wallet | discord | community | <><
HiveBuzz.me NFT for Peace
lolztoken.com
But I don't have thyme for that rubbish.
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @walarhein
Farm LOLZ tokens when you Delegate Hive or Hive Tokens.
(1/4)
အရလွယ် လောဘကြောင့်လည်း ပါမယ် ထင်တယ်
!LOL
lolztoken.com
I told her to get out of my fort.
Credit: lofone
@htwegyi, I sent you an $LOLZ on behalf of @golden.future
Release your inner Rock Star with Rising Star! The best #play2earn game on Hive! Play for Free!
(2/6)
အလွယ်ကြိုက်ကြတာကို။