သူတော်ကောင်း မေတ္တာ။

avatar

img_0.7621092795142147.jpg

မေတ္တာ ဆိုသည်က အတော်စွမ်းသည့် အရာဖြစ်သည်။
မေတ္တာ ဆိုသည်မှာ အသွားအပြန်
ရှိသည်ဟုလည်းပြောကြသည်။ ဒါလည်း မှန်
ပေသည်။ တဦး မေတ္တာ၊ တဦး စေတနာ ဆိုသည်
ရှိပေသည်။ မေတ္တာ ဟု ဆိုသည်နှင့် နှလုံးပီတိ
အေးချမ်း၊ ငြိမ်းချမ်းသော အရသာကို ခံစားကြ
ရသည်။

မေတ္တာသည် သတ္တဝါအားလုံးတို့၏ ပီယဆေး။
တလောကလုံးအတွက် ငြိမ်းချမ်းရေး လက်နက်။

မေတ္တာခြုံမှ လုံသည်။ ယခုလို ခေတ်ကာလကြီးမှာ
မေတ္တာ ဟူသည်က ရှားပါးသောအရာဖြစ်နေသည်။
မေတ္တာ အကြောင်း ရေးရခြင်းမှာ တနေ့က ရုပ်မြင်
သံကြားမှ ဆရာတော် အရှင်ဒေါက်တာ
နန္ဒမာလာဘိဝံသ၏ တရားတော်ကို ခဏအတွင်း
နားကြားရသည်မှ စခဲ့သည်။

‌ဆရာတော်ကြီး ဟောသည်က သူဌေးမကြီးတဦး
သည် အလွန်စေတနာကောင်း၊ မေတ္တာကောင်းသူ
သူတော်ကောင်းမကြီး တဦးဖြစ်ကြောင်း ရပ်ထဲ၊
ရွာထဲမှာ ကျော်ကြားသည်။ ထိုသူဌေးမ
ကျော်ကြားရခြင်းမှာ သူ၏အိမ်မှာရှိသော
အလိုက်သိသော၊ လိမ္မာရေခြားရှိသော အိမ်အလုပ်သမား
မိန်ကလေးကြောင့်ဖြစ်သည်။

တနေ့ ထိုမိန်းကလေးက သူ့သူဌေးမ အမှန်တကယ်
စေတနာကောင်း၊ မေတ္တာကောင်းသူ၊ သူတော်ကောင်းမကြီး
ဟုတ်၊ မဟုတ်ဖြစ်ကြောင်း
သိရှိအောင် စမ်းသပ်သည်။ တရက်၌ မနက်စောစော
မထပဲ အိပ်နေသည်။ သူ့ သူဌေးမက

"ဟဲ့ဘာလို့ စောစောမထသလဲ"

"မထ ချင်လို့" ဟု ပြောသည်။ သူဌေးမက
မျက်မှောင်ကြုပ်သည်။ နောက်ရက်မှာလည်း
မနက်စော မထပြန်ပေ။ ထိုအခါ သူဌေးမက
ငြူဆူပြောဆိုသည်။ နောက်သုံးရက်မြောက်မှာ
သူဌေးမက သည်းမခံနိုင်တော့ပဲ တံခါးပိတ်သည့်
သံခေါက်ချွန်းဖြင့် ကလေးမကို ခေါင်းရိုက်ခွဲသည်။

ဆရာတော်၏ တရားကို ကျွန်တော့်အမကလည်း
နားယူသည်။ အမက တရာကို နားရင်း ကြားဖြတ်ပြောသည်။

" ရိုက်မှာပေါ့ အိမ်အလုပ်သမားက အလုပ်မှ
မလုပ်တာ၊ ဘာလို့ မလုပ်လဲ မေးတာကို
မလုပ်ချင်လို့ ဖြေမှာတော့ ရိုက်ပြီးပေါ့"

အမ ပြောပြီးသောအခါ ဆရာတော်ကြီး၏
တရားကို ဆက်လက်နားယူသည့်အခါ။

သူတော်ကောင်းဆိုတာ သူတော်မှ ငါကောင်း
ရမည်မဟုတ်ပေ။ သူတော်တော် မတော်တော်
ငါကောင်းရပေမည်။ သူဆိုးတာ သူ့အပိုင်း။
သူဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ
ကိုယ်ကမေတ္တာတရားထားရမည်ဟု
ဆုံးမဟောကြားတော်မူသည်။

ဆရာတော်ဟောကြားသလို
သူဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ
ကိုယ်ကမေတ္တာတရားထားရမည်ဟု
ဆိုပါသော်လည်း ကျွန်တော်သည် အဲ့သလို
သူတော်ကောင်း၊ မေတ္တာရှင်ကြီးတော့
မဟုတ်သေးပါလေ။

@htwegyi
14-6-2023



0
0
0.000
6 comments
avatar

မအလ ဆိုတိုင်းသာ မေတ္တာထားပြီး ငြိမ်ခံနေရလျှင် ...
!LOL

0
0
0.000
avatar

မေတ္တာမှာ အဲ့ မအလ မပါ။

0
0
0.000