သရက်ပင်အိုနှင့် ပြိုင်ဆိုင်မှုဝေဒနာ။

အိမ်ဝင်းထဲရှိ သရက်ပင်အိုကိုကြည့်ကာ
စာစီမိသည်။ သရက်ပင်ငုတ်တိုကို
တစိမ့်စိမ့်ကြည်ကာ မည်သို့ ဆိုရမည်မသိ။
မည်သို့ရေးရ ကောင်းမည်နည်း။
အို၊ နာ၊ သေ၊ ပရိသန္ဓေဟု ရှိပေသည်။
ငါသည် တနေ့ မုချ နာရမည်၊
အိုရမည်၊ သေရမည်။ ဒီလိုစကား၊ ဒီလို
အပြောများကို ငယ်စဉ်ကတော့ သာမန်ဟု
အသိရှိသည်။ လူငယ်များအတွက် သူရို့နှင့်
မဆိုင်သော စကား၊ စကားလုံးများဟု
ကိုယ်တွေ ငယ်စဉ်က ထင်မှတ်ခဲ့သည်။

ယခုအချိန်၊ ယခုအသက်အရွယ်မှာ ကိုယ်နှင့်
သက်ဆိုင် ပတ်သက်လာချေတော့မည်။
တဖြည်းဖြည်း လာချေပြီလေ။
ဆိုသည့်အတိုင်း ထိုအရာတို့က ကိုယ်တွေဆီသို့
မသိမသာစွာ ဝင်ရောက်လာပေသည်။
ယခုလို ခေတ်ကာလဆိုးကြီးမှာ ကိုယ်တွေလို
အသက်ကြီးသူများမဆိုထားနှင့် လူငယ်လူရွယ်
များပင် တဖြုတ်ဖြုတ်ကြွေရှာကြသည်။

သရက်ပင်အိုက ပျိုရွယ်စဉ်မှာ သူ့အသီးများကို
စားသုံးခဲ့သည်။ အို၍ သေဆုံးသည့်အခါ
သူ့အသားမျာကို ဖြတ်တောက်၍ ထင်းအဖြစ်
အသုံးပြုသည်။ လူအို လူသေများကတော့
ထင်းကဲ့သို့ တန်ဘိုးမရှိတော့ပေ။ အသုံးပြု
မရသော သေဆုံးခန္ဓာကိုယ်ကြီးကို အမြန်ဆုံး
စွန့်ပစ်ဖို့ စီစဉ်ကြသည်။

သရက်ပင်ခြောက်ကြီးကို ကြည့်၍
စာရေးဖို့ ကိုယ်အတွက် ကုန်ကြမ်းရသည်။
အိမ်မှ လူတို့သည် သရက်ပင်ခြောက်ကြီးကို ခုတ်ဖို့
စိတ်သာရှိသည်။ တက်ရောက်ခုတ်ဖို့ မည်သူမျှ
မစွမ်းနိုင်ကြပေ။ ငါးထောင် တသောင်းခန့်
ပေးရလျှင် ခုတ်မည်ဟု စိတ်ကူးသည်။

ယနေ့မနက်မှာ ဘေးအိမ်က သူ့ခြံဘေးရှိ
မယ်ဇလီပင်အိုကြီးကို ခုတ်ကြသည်။
ကျွန်တော့်အမက သစ်ပင်ခုတ်သူများကို
ခုတ်ခ မည်မျှပေးရသလဲဟု သွားမေးသည်။
ခုတ်ခ မယူ အသားကိုယူသည်ဟုပြောသည်။
ထိုကြောင့် ကျွန်တော့်တို့ ခြံဒေါင့်မှာရှိသော
သရက်ပင်ခြောက်ကြီးကိုလည်း ထင်းအဖြစ်
ဖြတ်တောက်ယူရန်ပြောလိုက်သည်။

နှစ်၊ လ၊ ရက် ကြာရှည်စွာ ပြုစုခဲ့သော
သရက်ပင်ကြီးသည် နာရီပိုင်းအတွင်း
မြေသို့ သက်ဆင်းရ ရှာလေတော့သည်။

@htwegyi
February 22, 2024



0
0
0.000
9 comments
avatar

အဲ့သည်တော့ ထင်း မရလိုက်ဘူးပေါ့။

!PIZZA
!LOL

0
0
0.000
avatar

ဟုတ်တယ်ဗျ 😂

0
0
0.000
avatar

ရေဝင်လို့ သရက်ပင်သေသွားတာနေမယ် !PIZZA

0
0
0.000