ရက်ကျော် ဗွီ။

avatar

img_0.7621092795142147.jpg

"ကျွန်တော်ကတော့ အချစ်ကို အချစ်လို့သာ
မြင်တယ်"

"အချစ်ကို စီးပွားရေးတခုလို့ ကျွန်မက ယူဆ
တယ်၊ အရှုံးအမြတ်တွက်ချက်လို့"

"အချစ်ဟာ မီးလား၊ ထီးလား။
ပူတယ် တခါတလေ အရိပ်လေးလို ဖြစ်စေ
ပြန်တယ်လေ"

"အချစ်က နွေ မိုး ဆောင်း ရာသီများလိုပါပဲ
နွေးတေးတေးဖြစ်လိုက်၊ စိုစွတ်လိုက်နဲ့
တစ်ခါတစ်ရံတော့ ချမ်းနေတယ်"

"အချစ်ကို အချစ်လို့ပဲ သတ်မှတ်ရရင် အချစ်
ဆိုတာ ချစ်နေရတာနဲ့တင် ချစ်ခြင်းအတိပါလေ"

"အချစ်ဆိုတာ အပူလုံးကြီးပါဗျာ။ သူနဲ့
တွေကတည်းက ရင်တခုလုံး အပူတွေအပြည့်နဲ့"

"အချစ်က နုပျိုတယ်လေ အချစ်ကြောင့်
နုနု ရွရွ လှလှပပ ဖြစ်စေတယ်"

စသဖြင့် အချစ်အကြောင်း အဓိပ္ပါယ် အမျိုးမျိုး
ဖွင့်ကြသည်။ ဒီတော့ အချစ်ဆိုတာ ကိုယ်လက်ခံ
သည့်အပေါ်မှာ ပုံသဏ္ဌာန် မျိုးစုံပြောင်းသည်ဟု
ကျွန်တော်က အဓိပ္ပါယ်ဖွင့်မိသည်။

ဘာရယ်ဟုတ်ပါဘူးဗျာ။ ချစ်သူများနေ့က
တင်ဖို့ ရည်ရွယ်ထားတဲ့ ပိုစ့် မတင်ရဖြစ်တော့
ရက်ကျော်မှ ဗွီရတာပေါ့။ မနေ့က ကျူးအိမ်
ဖျက်ခံရသူ သူငယ်ချင်းထံ အလည်သွား၍
ပိုစ့်မတင်ဖြစ်ပါ။

အိမ်ဖျက်ခံရ သဖြင့် အိမ်ငှားနေရသော
သူငယ်ချင်းကို အားပေးစကားပြောသည်။
အားပေးစကားပြောသော အားပေးသူ
ကိုယ်တိုင်ပင် အားမရှိပါလေ။ မည်သို့ဆိုစေ
ကျန်းမာနေသည့်က ချမ်းသာခြင်းတခုဟု
အားပေးနှစ်သိမ့်ရသည်။

အိမ်အပြန် လမ်းမတလျှောက်မှာတော့
ဆိုင်ကယ်အချို့မှာ ငွေစက္ကူဖြင့်ပြုလုပ်ထား
သော ငွေပန်းစည်းများနှင့် အရုပ်ကြီးများ
ကိုင်ကာ သွားနေသူများကို တွေ့မြင်ရသည်။
အော် ကိုယ့်ဘဝနဲ့ ကိုယ် ပျော်နေသူ၊ ငိုနေသူ။
ရယ်နေသူ၊ မဲ့နေသူဘဝတွေထဲ မည်သည့်
ဘဝတွေက များနေပါသလဲလေ။

@htwegyi
15-2-2023



0
0
0.000
12 comments
avatar

အယ် လူပျိုကြီးက စာဖွဲ့လို့ !LOL

0
0
0.000
avatar

တစ်ခါတစ်လေတော့ မသိချင်ယောင် ဆောင်ပေးကြ။

0
0
0.000
avatar

ချောကလက် စားရသေးလား..? !PIZZA

0
0
0.000
avatar

တူမ ထံမှ တောင်းယူစားပါသည်။

0
0
0.000
avatar

ငါမစားပဲ အငတ်ခံကျွေးရတဲ့ ချောကလက်ကြောင့် တိုင်ခံရတယ်အေ။

0
0
0.000