ဘယ်လောက်သွားနိုင်မလဲ

avatar

Hive Myanmar မှာ စာမတင်ဖြစ်သည်မှာ အတော်လေး ကြာခဲ့ပါပြီ။ ဒီကာလအတွင်း တစ်ခြားသူများ၏ post များကို vote ပေးရင်းသာ အချိန် ကုန်ခဲ့ပါတယ်။ ဒီကာလ အတွင်း အတော်လေး အလုပ်များခဲ့ပါတယ်။ အလုပ်များရခြင်း နှင့် Crypto ဈေးများ ကျဆင်းခြင်းတို့က ကျွန်တော်စာဆက်ရေး အင်အားနည်းပါး သွားသည်လည်း ပါဝင် နေပါတယ်။

ဒါအပြင် ကျွန်တော် နောက်ထပ် ဆိုင်ခွဲတစ်ခု ထပ်မံ ဖွင့်ရန် ကြိုးစားနေရသော ကာလ တစ်ခု ဆိုလျှင်လည်း မှားမည် မထင်ပါဘူး။ ဆိုင်ခွဲ ဖွင့်ရခြင်းမှာ ယခင် ရှိရင်းစွဲ ဆိုင်သည် လုပ်ငန်း ထပ်ချဲ့၍ မရသောကြောင့် ဖြစ်ပါတယ်။

ကျွန်တော်သည် ဒီဆိုင်လေးကို ဖွင့်လာသည်မှာ ကိုးလ ဝန်းကျင် ရှိလာခဲ့ပါတယ်။ ဒီကာလအတွင်း အခက်အခဲ များစွာ ကြုံတွေ့ရပါတယ်။ ဈေးနှုန်း မတည်ငြိမ်ခြင်းနှင့် အနာဂတ် ဝေဝါးခြင်းများစွာဖြင့် ရှေ့ဆက်နေသည့် ကာလ တစ်ခုဆိုလျှင်လည်း မမှားပါဘူး။

ကျွန်တော်သည် လက်ရှိဆိုင်လေးကို Mini Mark တစ်ခုလိုသာ ဖွင့်ချင်ပင်မဲ့ တစ်ကယ့်ဖွင့်သည့် အချိန်မှာတော့ လက်ကား သမားများ၏ ဝယ်ယူအားပေးမှုကို အဓိက ရရှိခဲ့ပလတယ်။

လက်ကား ဆိုသည့်အတိုင်း ဝယ်ယူမှု များကြပါတယ်။ ဒါကြောင့် ပစ္စည်းများ သိုလှောင် ရသည်မှာ အလွန် ခက်ခဲသည့် အနေအထားမှာ ရှိနေပါတယ်။လက်ရှိဆိုင်၏ စတိုအနေအထားမှာ အအေးကဒ် ၅၀၀ လောက် ဖြည့်လိုက်လျှင် လမ်းလျှောက်၍တောင် မရတော့ပါဘူး။ warehouse နှင့် ဆိုင်သည်လည်း ၅ မီးနစ်ခန့် ကြာနိုင်သောကြောင့် သိပ် အဆင်မပြေလှပါဘူး။

ဒီလို အကြောင်းများစွာကြောင့် ဆိုင်အသစ်ထပ်ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ လက်ကားဆိုင် တစ်ခုဖွင့်ဖို့ ဆိုသည်မှာ လွယ်ကူသည့် ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ လူအား နှင့် ငွေအား လိုအပ်ပါတယ်။

ဈေးကွတ်အတွင်း ပြိုင်ဆိုင်မှုနှင့် ဖောက်သည်ခွဲဝေ ယူခြင်းများကိုလည်း ထည့်သွင်း စဥ်းစားရပြန်ပါသေးတယ်။

ဆိုင်ဆိုသည့်အတိုင်း ငွေအားသည် မည်သို့မှ လောက်မည် မဟုတ်ပါဘူး။ ကျွန်တော်သည် ငွေမဲကို ငွေဖြူဖြစ်အောင် ခဝါချသည် သူမဟုတ်သော်ကြောင့် ငွေသည် အမြဲလိုအပ်နေမှာ ဖြစ်ပါတယ်။

အခက်အခဲကတော့ လူတိုင်းမှာ ရှိကြမည် ထင်ပါတယ်။ ကျွန်တော်သည် လုပ်ငန်းချဲလိုသောကြောင့် ဖြစ်သည့် အခက်အခဲ တစ်ခုပါ။

လုပ်ငန်းတိုင်း ကိစ္စတိုင်းမှာတော့ အခက်အခဲဆိုတာ ရှိနေမှာပါ။ ကျွန်တော်ကတော့ ဘယ်အခက်အခဲကို ဘယ်လောက် ကျော်လွှားနိုင်မလဲ ဆိုတာကို စိတ်ဝင်စား ပါတယ်။

@johndieo
29.11.2022



0
0
0.000
11 comments
avatar
(Edited)

🍕 PIZZA !

I gifted $PIZZA slices here:
htwegyi tipped johndieo (x1)
@donjaun(2/5) tipped @johndieo (x1)
hiq.smartbot tipped johndieo (x1)
ansoe tipped johndieo (x1)

Join us in Discord!

0
0
0.000
avatar

အခက်အခဲက အလုပ်လုပ်နေသူအဖို့
အေးဆေးစွာ ကျော်ဖြတ်နိုင်မှာပါ။
အောင်မြင်ပါစေ။
!MEME
!PIZZA

0
0
0.000
avatar

!LOLZ !PIZZA

0
0
0.000
avatar

I know my wife loves it when I tickle her
She laughs while I'm tickling and is angry at me when I stop.

Credit: reddit
@johndieo, I sent you an $LOLZ on behalf of @ansoe

Use the !LOL or !LOLZ command to share a joke and an $LOLZ
(3/4)

0
0
0.000
avatar

မိုက်တယ် ဗျို့
အားပေးတယ်
!PIZZA

0
0
0.000
avatar

Congratulations @johndieo! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You got more than 3500 replies.
Your next target is to reach 3750 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

HiveBuzz World Cup Contest - Recap of Day 9
Hive Power Up Day - December 1st 2022
HiveBuzz World Cup Contest - Check your ranking
Support the HiveBuzz project. Vote for our proposal!
0
0
0.000