ဂယ်ပေါက်များ

avatar

img_0.19154761601619896.jpg

Photo Source

ဒီရက်ပိုင်း ကျွန်တော်အဆောင်ကို ပြန်လည်ပြင်ဆင်မှုများ လုပ်နေဖြစ်တယ်။ ဒီအဆောင်ဆိုတာက ကျွန်တော်ကို အကူအညီ အများကြီးပေးခဲ့တဲ့ နေရာဆိုလျှင် မမှားပါဘူး။ ကျွန်တော် အမှုရင်ဆိုင်စဥ် ကာလနှင့် Covid ကာလတို့မှာ သူဆီက ဝင်ငွေကို အားကိုးနေခဲ့ရတာပါ။

ဒီအတော အတွင်းမှာ အဆောင်ကို ပြန်လည်ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ကျွန်တော်ပြောချင်သည် ဂယ်ပေါက် (အကူအညီ) အကြောင်းပါ။

ကျွန်တော် Crypto လောကကို စတင်လေ့လာချိန်က 2013 ခုနှစ်လောက်မှာပါ။ အဲအချိန်တုံးက PTC ( Paid to Clix) တွေကနေ စတင် ရင်းနှီးခဲ့တာဖြစ်ပါတယ်။ ထိုအချိန်က ကျောင်းတစ်ဖက် ( အမှန်တော့ ကျွန်တော်၏ ကျောင်းစာအပြင် အပိုဝင်ငွေအတွက် ကျူရှင် သင်သည့်အလုပ်လည်း လုပ်ခဲ့ပါတယ် ) နှင့်မို့ အချိန်အနည်းငယ်မျှသာ လေ့လာဖြစ်ပါတယ်။

Crypto လောကကိုတော့ 2015 ခုနှစ် နောက်ပိုင်းမှာ ဝယ်ရောက်ခဲ့ပါတယ်။ ဒီလို ဝင်ရောက်ရင်း Company တစ်ခုမှာ အလုပ်ဝင်ရောက် လုပ်ကိုင်ဖြစ်ခဲ့တယ်။ ဒီလို လုပ်ကိုင်လာရင်းနှင့် 2016- 2017 ခုနှစ်လောက်မှာ Exchange လောကကို စတင် ဝင်ရောက်ဖြစ်ခဲ့ပါတယ်။ Exchange လောကဆိုသည်မှာ အမတန် အာရုံနောက်သည့် ကိစ္စတစ်ခုပါ။ ကျွန်တော်နိုင်ငံ၏ ဥပဒေအရ Crypto များကို မိမိအတွက်သော်လည်းကောင်း တစ်ခြားသူအတွက်သော်လည်းကောင်း ရောင်း/ ဝယ် ခွင့် မပေးထားပါဘူး။ ( ၂၀၁၆ ခုနှစ် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဆိုင်ရာ ဥပဒေ အရဖြစ်ပါတယ် )

ဒီနေရာမှာ ကျွန်တော်ကို မေးစရာ ရှိတာက ဥပဒေအရ တားမြစ်ထားတာကို ဘာကြောင့် လုပ်သလဲ ဆိုတာပါ။ ကျွန်တော်မှာလည်း အဖြေရှိပါတယ်။ ၂၀၁၆ ခုနှစ် ဥပဒေအရ Crypto နှင့် သက်ဆိုင်သည့် ပိတ်ပင်ချက်/ တားမြစ်ချက် တစ်ခုတစ်လေးမှ မပါဝင်ပါဘူး။ ( တရားစွဲသည့် အခါတွင် Digital Money ဟူသော ခေါင်းစဥ်ဖြင့် စွဲဆိုနိုင်ပါသည်။ ဒါသည် အမှုတစ်ခု မဖြစ် ဖြစ်အောင် တည်ဆောက်ခြင်းသာ ဖြစ်ပါတယ်) ။ အမှန်တော့ BTC နှင့် အခြား Crypto များသည် Digital Assets များသာ ဖြစ်ကြပါတယ်။ ဆိုလိုသည်က ငွေကြေးတစ်ခုကို ပြောင်းလဲရာတွင် အထောက်အကူပြုသည့် မထိတွေ့နိုင်သော Digital Code များကို ဆိုလိုပါသည်။ ( ဤသည်မှာ ၂၀၁၉ ခုနှစ် မေလတွင် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သော ကြေငြာချက် မတိုင် ခင်အထိဖြစ်ပါတယ် )

ဟုတ်ပါတယ်။ ဒီကိစ္စကို ဥပဒေကြောင်း ဆိုင်ရာအရ ဆွေးနွေးမည်ဆိုလျှင် ပြောစရာကိစ္စများ အလွန်များပါတယ်။ အနှစ်ချုပ်ရလျှင် အထက်ပါ ကိစ္စများကြောင့် Exchange လုပ်ဖြစ်တယ် ဆိုပါတော့ဗျာ။ ဒါပင်မဲ့ လုပ်ငန်းတစ်ခု လုပ်သည့်အခါမှာတော့ အဆိုးဆုံး အခြေအနေကို ထည့်သွင်း စဥ်းစားဖြစ်ပါတယ်။ အဆိုးဆုံး အခြေအနေရောက်ခဲ့လျှင် ဘယ်လို ဂယ်ပေါက်တွေက အသက်ရှူရမလဲ ထည့်သွင်း စဥ်းစားရပါမယ်။

ကျွန်တော်သည် Exchange လောကမှာ ကျင်လည်နေစဥ်အတွင်း အခြား Backup စီးပွားရေးတွေ လုပ်ဖြစ်တယ်။ Exhange နှင့် Mining တို့ ပြီးတော့ အဆောင်တို့လို ကိစ္စတွေပေါ့။ ဒီလိုဂယ်ပေါက်တွေ ရှိနေသောကြောင့်သာ Exchange လောကကနေ ရုတ်တရက် အနားယူနိုင်ခဲ့တာပါ ( အမှန် မဖြစ်မနေ နားခဲ့ရတာပါ )။ ဒီလို ဂယ်ပေါက်တွေ ရှိ နေသောကြောင့် အမှုကိစ္စကိုလည်း အေးဆေးရင်ဆိုင်နိုင်ခဲ့တာပါ။

ဒီတော့ ဂယ်ပေါက်လေးတွေ များများ ရှိနေဖို့တော့ အရေးကြီးပါတယ်။

@johndieo
4.5.2022



0
0
0.000
8 comments
avatar

ဂယ်ပေါက်လေးတွေရှာရင်း တိုးတက်ကြီးပွားပါစေ အကို။

0
0
0.000
avatar

ပြောရမယ်ဆိုရင် Plan A-B သဘောမျိုးနဲ့ဆင်တူမယ်ထင်တယ်။
စာသိတာ သိထားပေမဲ့ လက်တွေ့တော့ ဗလာနတ္ထိပါဗျာ။😅
ခုထိ ဂယ်ပေါက်လည်း မရှိသလို၊ ဘာပေါက်မှကိုရှိသေးဘူး။
ဒီပြဿာနာ ဖြေရင်းဖို့ ဘာလုပ်ရမလဲ တစ်ချိန်လုံးစဥ်းစားနေရတာ။

0
0
0.000
avatar

အမှန်ပါပဲ... ဂယ်ပေါက် လေးတွေရှိထားသင့်သလို ပြင်ဆင်ထားသင့်ပါတယ်။!PIZZA

0
0
0.000
avatar

ကိုယ်တွေက 2018 လောက်မှာမှ စတင်း နဲ့ စသိပြီး hive ရောက်လာတာ အခြား ဘာမှကျွမ်းကျင်သေးဘူး။ ဘရိုက ဆရာကျပါတယ်။
!LOL

0
0
0.000
avatar

ဂယ်ပေါက် ဟုတ်သဗျို့ စနစ်ကျသူတေစနစ်ကျသူတွေက
စနစ်ကျလှသဗျာ။

0
0
0.000