Google Map ပေါ်မှ ကျွန်တော်ဆိုင်

avatar

img_0.8491160933402909

လုပ်ငန်းတစ်ခုကို စတင် အကောင်အထည်ဖော်သည်မှာ လွာ်ကူသည်တော့ မဟုတ်ပါဘူး။ လုပ်ငန်း တစ်ခုကို အကောင်အထည်ဖော်ခြင်းထက် ပိုမို ခက်ခဲသည်ကတော့ လုပ်ငန်းတစ်ခုကို အစဥ်မပျက် လည်ပတ်စေရန် မောင်းနှင် ရခြင်းပင်ဖြစ်ပါတယ်။

ခုဆိုလျှင် ကျွန်တော် ဒီဆိုင်လေးကို အကောင်အထည် ဖော်ခဲ့သည်မှာ ငါးလ ကျော်ခဲ့ပါပြီ။ ဆိုင်တစ်ခု အနေဖြင့် လစဥ်ပုံမှန် ရောင်းအားကိုလည်း ရရှိနေပြီ ဖြစ်ပါတယ်။ ( ယနေ့ခေတ် အခြေအနေအရ လုပ်ငန်းတစ်ခု မြတ်ဖို့ အရမ်းမျှော်လင့်လို့ မရပါဘူး။ ဒီလုပ်ငန်းကနေ စားဖို့သောက်ဖို့ ရနေလျှင်ပဲ အဆင်ပြေ လှပါပြီ )

img_0.25871814981377944

ကျွန်တော်ကတော့ လူငယ်ပီပီ ဆိုင်ကို ပုံမှန်အတိုင်း မသွားချင်ပါဘူး။ ယနေ့ခေတ် အခြေအနေအရ Platform တစ်ခုခုတွင်လည်း ရောင်းချနိုင်ရန် လုပ်ဆောင်ချင်ပါတယ်။ ခုအချိန်မှာတော့ ကျွန်တော် စတင် အသုံးပြုသည့် Platform ကတော့ Google Map တွင် စတင်ခြင်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Shop နှင့် တစ်ခြား Platform များကို ဝင်ရောက်နိုင်ရန် လုပ်ဆောင်ဖို့ အစီအစဥ်လေး ရှိပါတယ်။

ခေတ်ကာလများ ကောင်းလာခဲ့လျှင်တော့ အစားအသောက်များနှင့် ကိုယ်ပိုင် အစား အသောက် ပြုလုပ်သည်များကို ဆိုင်လေးမှာ ထည့်သွင်း သွားချင်ပါတယ်။

ခုတော့ Map ပေါ်တွင် တင်ထားသည်များ အချို့သာ ရှိပါတယ်။ တစ်ခြား ဆိုင်တွေနှင့် မတူစေရန် POS ကိစ္စများကိုလည်း လေးကွေးစွာ လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။ ( လျှပ်စစ်မီး မမှန်ခြင်းက Ice Creams နှင့် Pos ကို ကြီးမားစွာ ဒုက္ခပေးလျှက် ရှိနေပါတယ် )

စိတ်ကူး အတွေးထဲမှာတော့ ရည်မှန်းထားသည်က များပါတယ်။ နောက်ပိုင်း ဘယ်လိုတွေ ဖြစ်လာမလဲ ဆိုတာကိုတော့ ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။

@johndieo



0
0
0.000
14 comments
avatar
(Edited)

ရည်ရွယ်ချက်​တွေ တကယ် ဖြစ်လာမှာ ဖိုက်တင်း
!PGM
!MEME

0
0
0.000
avatar

ဒီကာလကြီးက အကောင်းမြင်ကြည့်လို့ကို မရဘူး အမရေ

0
0
0.000
avatar

နည်းလေးတွေလမ်းညွှန်ပါအုံးဗျို့ 😁

0
0
0.000
avatar

အောင်မြင်ပါစေ

!PGM

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT tokens to @johndieo

remaining commands 0

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-2.5 BUDS-0.01 MOTA-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

ကျေးဇူးဂအကိုရေ

0
0
0.000