High Fun (HF) နှင့် သားကောင်များ (၁)

avatar

img_0.2671539536951255

Photo Source

ကျွန်တော်သည် မူးယစ် ဆေးဝါးနှင့် သက်ဆိုင်သည်များကို အတော်လေး မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပင်မဲ့ မျှဝေ စရာ ကိစ္စ အတော် များများလေး ကျန်ရှိ နေပါသေးတယ်။ တစ်ချို့ ကိစ္စများကိုတော့ တင်သင့် မတင်သင့် စဥ်စားရင်း မတင်ပေး ဖြစ်ပါတယ်။

သို့သော်လည်း သိသင့်သည်များကို သိရှိစေရန် မျှဝေပေးချင်ပါတယ်။ ကျွန်တော်တို့သည် မူးယစ် ဆေးဝါးကို ဘာကြောင့် သုံးနေကြသလဲ ဆိုသည် မေးခွန်းကို အရင် မေးရမှာ ဖြစ်ပါတယ်။

ဒီမေးခွန်း အတွက် အဖြေများစွာ ရှိပါတယ်။ တစ်ချို့ကတော့ မူယစ်ဆေးဝါး သုံးစွဲ ရသည်ကို ကြိုက်သောကြောင့်၊ တစ်ချို့ကတော့ ကောင်းလို့ (တိမ်နေပေါ်မှာ လွင့်နေတယ်လေ ငါလေ) ၊ တစ်ချို့ကတော့ ပတ်ဝန်ကျင်က နီးစပ် နေသောကြောင့် ( မူယစ်ဆေးဝါး အလွယ်တကူ ရရှိနိုင် သောကြောင့် ) စသည့် အကြောင်း အမျိုးမျိုး ရှိကြပါတယ်။

ဒါပင်မဲ့ ဒီနေ့ ဖော်ပြမည့် ကိစ္စကတော့ အပေါ်က အဖြေတွေနှင့် အနည်းငယ် ကွဲလွဲသွားမှာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါ စွဲနေသူများသည် လူသားများသာ ဖြစ်ပါတယ်။ သူတို့ကို ပြုပြင် ပြောင်းလဲ လိုပါလျှင် ကျွန်တော်တို့ ကိုယ်တိုင် သူတို့ပေါ် မြင်သည့် အမြင်ကို ပြောင်းလဲ ပေးဖို့ လိုအပ်ပါတယ်။

မှတ်ချက် (အသိပေးချက်) - ယခုရေးသားမည့် Post တွင် Sexual ကိစ္စများ တစ်ချို့ ပါဝင်မှာ ဖြစ်ပါတယ်။ အကြောင်းမှာ မူယစ်ဆေးဝါးနှင့် Sex တို့သည် ဒွန်တွဲ ပါလာသောကြောင့် မဖြစ်မနေ ထည့်သွင်းထားရပါတယ်။ ဒါကြောင့် ကလေးငယ်များနှင့် အတူဖတ်ရှူရန် မသင့်တော်ပါဘူး။ ဒါအပြင် ကျွန်တော် Post ကြောင့် ဆယ်ကျော်သက် လူငယ်များ လမ်းလွဲသွား မည်ကို ကျွန်တော် အနေဖြင့် အတော်လေး စိုးရိမ် ပါတယ်။

လူသား တစ်ယောက် အရွယ်ရောက် လာခဲ့လျှင် Sex ကိစ္စများ ပါဝင်လာတက်ပါသည်။ တစ်ကိုယ်ရေ အာသာဖြေတာ နှင့် ကာမ ဆက်ဆံချင်းတို့သည် လူသားတိုင်း ( သို့မဟုတ် ) သတ္တဝါ တိုင်း မလွန်ဆန် နိုင်ကြပါဘူး။

ဆက်ရန်

@johndieo
23.6.2022



0
0
0.000
9 comments
avatar

စိတ်ဝင်စားစရာ ကောင်းသဗျို့
မျှော်နေပါမယ်။
!PIZZA

0
0
0.000
avatar

ဟုတ် အကို
သိပ်ပြီး မရေးရဲဘူး

လမ်းလွဲ သွားကြမှာ စိုးလို့ပါ !lol !pizza !luv

0
0
0.000
avatar

နောက်အပိုင်း ဆက်အားပေးမယ်....!LOLZ !PIZZA

0
0
0.000