High Fun (HF) နှင့် သားကောင်းများ ( Final Chapter)

avatar

img_0.2671539536951255

Photo Source

  • မနေ့မှ အဆက် -

ငွေကြေး ကိစ္စ

တစ်ချို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြသူများသည် တစ်လလျှင် နှစ်ကြိမ်ခန့် HF လုပ်ကြသည်ဟု သိရပါတယ်။ တစ်ကြိမ်လျှင် ပျမ်းမျှဈေးနှုန်း ခုနှစ်သောင်း ကျပ်ခန့် ကုန်ကျနိုင်သောကြောင့် သာမာန်ဝင်ငွေ ရှိသူများအတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်နိုင်ပါတယ်။ သုံးစွဲချိန် နှင့် ကျချိန်များကို ထည့်တွက်မည် ဆိုလျှင် အချိန်အားဖြင့် သုံးရက်ခန့် ကုန်နိုင်ပါတယ်။ တစ်လလျှင် ခြောက်ရက်ခန့် အချိန် ကုန်နိုင်ပါတယ်။

ငွေကြေး ကိစ္စအခက်အခဲ ရှိလာတော့ သုံးစွဲသူကနေ ရောင်းချသူ ဖြစ်လာပါတယ်။ ရောင်းချသူ အနေဖြင့် သားကောင်း အသစ်များ ရှာဖွေ ရပါတော့တယ်။ ဒီလိုနှင့် ဒီလောကသည် လည်ပတ်နေပါတော့တယ်။

ကျန်းမာရေး

HF သည် မူးယစ်ဆေးဝါး ဖြစ်သောကြောင့် ကျန်းမာရေး နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်ပေါ်နေပါတယ်။ ဥပမာ- နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ စိတ်မတည်ငြိမ်ခြင်း၊ သံသယစိတ် ကြီးမားခြင်း၊ စိတ်ခံစားချက် လွာ်ကူလာခြင်း၊

လူသားတိုင်းသည် ကာမဆိုသည် လိုချင် တပ်မက်မှုများ ရှိကြပါတယ်။ ဒီလို လိုချင်သည့် အခါများကို ကောင်းမွန်ရိုးသားစွာ ရှာဖွေ လိုပါတယ်။

အဆုံးမှာတော့ ၎င်းအမှုဖြင့် ရင်ဆိုင်ရသော ညီငယ်လေးသည် မှုးယစ် ဆေးဝါး ဥပဒေ ပုဒ်မ ၁၉ (က) အရ ထောင်ဒဏ် ဆယ်နှစ် ကျခံ ရပါတယ်။

HOMO များသည် လူလောက၏ အနှိပ်ခံ ( အဖိအနှိပ်ခံ) အသိုင်းအဝိုင်း တစ်ခု ဖြစ်ပါတယ်။ လူအများ၏ လှောင်ပြောင်မှုများကြောင့် ၎င်းတို့သည် လမ်းမှားသို့ ပိုမိုရောက်ရှိနိုင်ကြပါတယ်။

High Fun ( HF ) အသုံးပြုပြီး သာယာမှု တစ်ချို့
ရရှိနိုင်တယ် ဆိုတာ မှန်သင့်သလောက် မှန်ပါတယ်။ ကျွန်တော်တို့ တွေးရမှာက ရရှိလိုက်တာနှင့် ပြန်ပေးလိုက်ရသည့် အရာများနှင့် တန်ပါသလား။ တန်သည် မတန်သသည်ကတော့ ကျွန်တော်တို့ ဘာသာ တွေးတော ရမည့် ကိစ္စများသာ ဖြစ်ပါတယ်။ ဘယ်သူလိုက် လုပ်ပါ။ ဘယ်သူကို မလုပ်ပါနှင့်ဟု တိုက်တွန်း ပြောဆိုလိုခြင်း မရှိပါဘူး။ အားလုံးက မိမိကိုယ်ကို မိမိပိုင်သည် မဟုတ်ပါလား။ ကျွန်တော်တို့ ရွေးချယ်လိုက်သည့် ကောင်းခြင်း သို့မဟုတ် ဆိုးခြင်းကို ကျွန်တော်တို့ ကိုယ်တိုင် ခံစားရမည် မဟုတ်ပါလား။

ဒါကြောင့် ကျွန်တော်တို့သည် လူသားတစ်ယောက်၏ ဖြစ်တည်မှုအပေါ် လေးစား (နားလည်) တက်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှ မည်သူကို မဆို တန်ဖိုးထားပြီး လမ်းမှန်ရောက်စေရန် ခေါ်ဆောင်ပေးသည့်ပါသည်။

@johndieo
30.6.2022



0
0
0.000
0 comments