High Fun (HF) နှင့် သားကောင်းများ (၃)
ယမန်နေ့မှ အဆက် -
သွေးကြောထဲ တိုက်ရိုက် ထိုးသွင်းခြင်းသည် ပိုမိုလျှင် မြန်စွာ အရှိန် ရစေသည်ဖြစ်ပါတယ်။ Smoke လုပ်ခြင်းကတော့ Smoke လုပ်ပြီး နာရီဝက်ခန့် ကြာနိုင်ပါတယ်။ ( နောက်ဆက်တွဲ ဖော်ပြမည့် အကြောင်း အရာများမှာ Sexual ကိစ္စများ ပါလာနိုင်သောကြောင့် အဆင်မပြေလျှင်ဆက်ပြီး မဖတ်ရန် အသိပေးအပ်ပါတယ် )
ဘာကြောင့် ဒီလို HF လုပ်ရတာလဲဟု မေးသော အခါမှာတော့ သူက ကျွန်နော်အား ယခုကဲ့သို့ ရှင်းပြပေးပါတယ်။
HF လုပ်ပြီး Sex ဖြစ်လျှင် အချိန်ပိုမိုပြီး ကြာနိုင်ခြင်း၊ ထပ်ခါ ထပ်ခါ ကိစ္စများ လုပ်နိုင်ခြင်း နှင့် Feeling များ ပိုမို ကောင်းသောကြောင့် ဟု ဆိုပါတယ်။ တစ်ခါတစ်လေ ဆက်ဆံဖော် များစွာဖြင့် စုပေါင်းပြီး (Group Sex) လုပ်နိုင်သည် ဟု၍ လည်း ဆိုပြန်ပါတယ်။ ( HF ဖြင့် Sex ဖြစ်ပြီး နောက်ပိုင်းမှာတော့ HF ကို စွဲစေပါတယ်။ ယခုကဲသို့ မူးယစ် ဆေးဝါးများသည် စိတ်ဓာတ် မခိုင်သူများ၊ အယုံလွယ်သူများ၊ ပတ်ဝန်းကျင်မှ ခွဲခြား ဆက်ဆံ ခံရသူများ နှင့် မိမိကိုယ်ကို ယုံကြည်မှု အားနည်းသူများသည် အသုံးများ လာကြပါတယ် )
ကျွန်တော် အနေဖြင့် နောက်ဆက်တွဲ လေ့လာမှုများ အရ မူးယစ်ဆေး လောကတွင် သားကောင် အသစ်များကို ရှာဖွေကြသည်ကို တွေ့ရှိရပါတယ်။
ဆိုလိုသည်မှ HF မဖြစ်ဖူးသူများကို စတင်စွဲဆောင်ပြီး HF ဖြစ်စတွင် Over Drop (ဆေးဝါး အလွန်အမင်း) ထိုးပေးတက်ကြပါတယ်။ OD ဖြစ်ပြီးသူများသည် ၎င်း HF အရသာကို စွဲသွားကြပါတယ်။ ရှစ်ဆယ် ရာခိုင်နှုန်းခန့်သည် Hf ၏ သားကောင်းများ ဖြစ်သွားကြပါတယ်။
ဆက်ရန် ရှိပါသေးတယ်
@johndieo
28.6.2022
https://twitter.com/JohnLuha1/status/1541577436038475776
The rewards earned on this comment will go directly to the people( @johndieo ) sharing the post on Twitter as long as they are registered with @poshtoken. Sign up at https://hiveposh.com.