ပျက်စီးနေသည့် နေရာ

avatar

img_0.7634178558865629
Photo Source

မနေ့ကတော့ ကိုယ်နှင့် မဆိုင်သလို ဆိုင်သလို ရှိသည့် Post လေး တစ်ပုဒ် တင်ဖြစ်တယ်။ ဒီနေ့မှာတော့ ကိုယ်နှင့် ဆိုင်သည့် Post တစ်ခုလောက်တော့ တင်ရပေအုံးမယ်။ ကျွန်တော်တို့ ဆိုသည်မှာ ကိုယ့်အပူမှ အပူဟု တွေးထင်တက်သော သတ္တဝါတွေ ဖြစ်နေသောကြောင့် ပေတည်း။

ယခင် အနေအခြေတုံးက ဆိုလျှင် လျှပ်စစ်မီး ပျက်ခဲ့လျှင်တောင် ဂျိုးဖြူမှ ပေးဝေသည့် ရေသည် ပျက်သည် ဟူ၍ မရှိသလောက်ပင်။ ( တစ်နေ့ကို အနည်းဆုံး ဆယ့်နှစ်နာရီခန့် ရေလာ တက်ပေသည် )။ ထိုသို့သော အဆင်ပြေမှု အကြောင်း တွေကြောင့် ကျွန်တော်တို့သည်လည်း မြေအောက်ရေ ရယူသုံးစွဲခြင်းကို ရပ်နားခဲ့ပါတယ်။

ပိုဆိုးသည်က အဆောင်များတွင် ဂျိုးဖြူရေ တစ်ခုတည်းဖြင့်သာ ရယူသုံးစွဲ ဖြစ်နေပါတယ်။ ဒါပင်မဲ့ ဒီရက်ပိုင်း ရေပျက်သည်မှာ ငါးရက်ခန့် ရှိပေသည်။ အရေးပေါ် Backup ယူထားသည့် ရေများသည်လည်း ကုန်သွားခဲ့ပါပြီ။

ဒါကြောင့် အဆောင်တွင် ရေချိုးခြင်း မှသည် အိမ်သာတက်သည့်အထိ ရေအခက်အခဲ ရှိနေခဲ့ပါသည်။ ဒါကြောင့် နောက်တစ်ဆောင်၏ အရေးပေါ် သုံးစွဲရန် ထားရှိသည့် ရေများကို မျှဝေသုံးစွဲ ပေးနေရပါတယ်။ ၎င်းရေသည်လည်း တစ်ရက်ခန့်သာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီတော့ ပိတ်ထားသည့် မြေအောက်ရေများကို ထုတ်ယူသုံးစွဲနိုင်စေရန် ပြန်လည် လုပ်ဆောင်ရပါတော့မည်။ ငွေကြေး အကုန်အကျ များသည့် ကိစ္စတစ်ခု ဖြစ်လာပြီး EPC ကိုလည်း အားကိုး၍ မရသောကြောင့် Solar များကို သုံးစွဲရန် ထပ်တိုး လုပ်ဆောင်ရပါတော့မည်။

ကုန်ဈေးနှုန်း မြင့်တက်သောလည်း မတက်နိုင်ပေ။ ကျွန်တော်တို့သည် ကိုယ်ထိမှ နားတက်သည့် သတ္တဝါများ မဟုတ်ပါလား။



0
0
0.000
6 comments
avatar

မီးပုံမှန်မရတာရဲ့ နောက်ဆက်တွဲတွေက ငွေကုန်မှုတော်တော်များတယ်။ ဆိုလာဆင်ရတာနဲ့၊ မီးစက်မောင်းရတာနဲ့။ ပြည်သူတွေလဲ စိန်ခေါ်မှု အသစ် အသစ်တွေနဲ့ နေ့တိုင်း။
!MEME

0
0
0.000
avatar

နေ့စဥ် ကြုံတွေ့နေရတာကတော့ ဒုက္ခတွေပါ အကိုရေ

0
0
0.000
avatar

ရေ မရှိရင်တော့ အတော်ကွိုင်းပ။
! LPIZZA

0
0
0.000
avatar

ဟုတ်ပါတယ် အကိုရေ

0
0
0.000