သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၂

avatar
(Edited)

man_g29315ac75_1920.jpg
Photo Source Via Pixbay
This Photo is owned by tama66

သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၁

တင်မောင်သန်းတို့ အုပ်စုသည် လိုအပ်သည့် စစ်ဆေးမှု၊ မေးမြန်းမှု၊ ရှာဖွေးရေးလုပ်ငန်းစဥ်များ ပြီးဆုံးသွားသည့် အခါမှာတော့ သပြေ(၁)/အခန်း(၁) ရှိ ပုံစံခန်း( ပုံစံမောင်းသည့်အခန်း) သို့ပို့ဆောင်ခြင်းခံရပါတော့သည်။

ထိုအခန်းသည် လိုအပ်သည်ထက်လူများပိုမိုများပြားနေပါသည်။ အဆိုးဆုံး အချက်မှာ အရင်ရောက်နှင့် နေကြသောသူများမှ မျောက်ပွဲကြည့်သလို ကြည့်နေခြင်းဖြစ်ပါသည်။

အပြင်ဘက် ဘူးဝ(ထောင်ဝ) မှ သပြေဆောင်ကို ရရှိရန် စုစုပေါင်းကြာချိန်မှာ နှစ်နာရီခန့် ကြာမြင့်ပါသည်။ အခန်းထဲရောက်ချိန် လိုအပ်သည်များမေးမြန်းပြီးသည့်အခါ ညစာထမင်းကျွေးသည်အချိန်မှာ ည(၈:၀၀) ခန့်ရှိနေပါပြီ။

ကျွေးသည့် ညစာမှာ ထမင်းကြမ်းနှင့် ငံပြာရည်ချက်လိုဟာပါဘဲ။ ဗိုက်ဆာပင်မဲ့ ထမင်းက မာလွန်းတော့ ဘယ်လိုမှ မျိုလိုမကျခဲ့ပါဘူး။
ထိုနေည ရေမချိုးရသောကြောင့် ချွေးနံ့ လူနံ့တွေက နံဟောင် နေပါတော့တယ်။ လူများကြပ်လွန်းလှ၍ တစ်ဦးကိုတစ်ဦး ဘေးချင်းကပ်ပြီး တစောင်းသာ အိပ်ကြရပါတယ်။

လှုပ်မရ လှည့်မရနှင့် တင်မောင်သန်းအတွက် ညတာသည် ရှည်လျား၍နေပါတော့တယ်။ ရှေ့လာမည့် နေ့ရက်များအတွက် တင်မောင်သန်းသည် မျှော်တေးရင်း ရင်လေး၍နေပါတော့တယ်။

မနက် (၄:၄၅) မိနစ်

“အားလုံး....... အိပ်ယာထမယ်”

ကျယ်လောင်သည့် အသံနှင့်အတူ တင်မောင်သန်းတစ်ယောက်လန့်နိုးလာခဲ့ပါသည်။ အိမ်သာတက်ဖို့ အတွက် တန်းစီရသည်။ အခန်းတွင်း အိမ်သာ(ညမိလ္လာ)မှ အခန်း (၃)ခန်းသာရှိပြီး ထိုအိမ်သာ (၃)ခန်းသည် အချုပ်သား (၁၅၀)ခန့်အားဝန်ဆောင်မှုပေးနေရပါတယ်။

အမျိုးသား အပေါ့သွားခွက် (၂)ခွက်ခန့်ရှိပြီး မျက်နှာသစ်ရန် ဘေစင် (၁)ခုသာရှိပါတယ်။ တော်ရုံ ဆီးမနိုင်သူများအဖို့ လုံးဝအဆင်ပြေစရာ မရှိပေ။ တွေ့မြင်သမျှ အရာရာ စိတ်ပျက်စရာကောင်းလှပါသည်။ အချိန် (၁၅) မိနစ်အတွင်း အပေါ့သွား၊မျက်နှာသစ် ကိစ္စကိုပြီးအောင်လုပ်ရပြီး မနက်(၅:၀၀) တွင် ဘုရားဝတ်ပြုရပါသည်။

ဘုရားဝတ်ပြုနေစဥ်အတွင်း အချုပ်သားတစ်ယောက် အရိုက်ခံရသံကို ကြားရပေသည်။ အကြောင်းမှာ ဘုရာဝတ်ပြုနေချိန် အိပ်ငိုက်နေသောကြောင့်ဖြစ်သည်။

ဘုရားဝတ်ပြုချိန်ပြီးသည်နှင့် အဆောင်မှူးမှ လူစစ်ရန် တန်းစီကြရပါတော့သည်။တန်းစီရချိန်မှာတော့ ပုံစံအတိုင်းသာစီကြပြီး ဒီလိုပုံစံထိုင်လိုက်တာ မနက်(၆:၀၀) နာရီထိုးလောက်မှ အဆောင်မှူးမှ လူစစ်ရန်ရောက်လာပါတော့သည်။

လူစစ်ပြီးအတော်ကြမှ အခန်းတံခါးများဖွင့်ပေးပါသည်။ တံခါးများဖွင့်သော်လည်း တင်မောင်သန်းတို့ အချုပ်သစ်များမှာ အပြင်သို့ ထွက်ခွါခွင့် မရရှိကြပါ။ ပုံစံခန်းအတွင်း ပုံစံများသင် ကြရပါတော့တယ်။

ဒီလိုနှင့် အချုပ်သစ်မှတ်ပုံတင်ချိန်သို့ ရောက်သောအခါ Computer ဌာနစိတ်အနားမှ အချုပ်သစ်မှတ်ပုံတင်ခန်း သို့သွားကြရပါတယ် ( အချုပ်သစ် မှတ်ပုံတင်ဌာနသည် အချုပ်ရုံးဘေးတွင်ရှိပါသည်)။ အချုပ်သစ်မှတ်ပုံတင်ပြီး အဆောင်သို့ပြန်ရောက်ချိန်တွင် နေ့လည် (၁၂:၀၀) နာရီခန့်ဖြစ်နေပါပြီ။ ပူလောင်အိုက်စပ်လှသည့်ရာသီဥတုတွင် အခန်းတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ ပါတော့သည်။

ဆက်ရန် ရှိပါသည်............

အသိပေးချက်- ယခု Post သည်ဖြစ်ရပ်မှန်ပေါ်အခြေခံ၍ ရေးသားထားပါသည်။ အချိန် နှင့် နာမည်များအား ပြောင်းလဲထားပါသည်။

@johndieo
10.1.2021

img_0.2766733809050379.jpg



0
0
0.000
6 comments
avatar

Congratulations @johndieo! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You received more than 900 upvotes.
Your next target is to reach 1000 upvotes.
You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from Day 7
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

စောင့်မျှော်နေပါအုံးမည်..!PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ပါ အကိုရေ .... ကျေးဇူးပါခင်ဗျ
!LOL

0
0
0.000
avatar

စိတ်ပျက်စရာနော်။ နောက်တပိုင်းဆက်ဖတ်အုံးမယ်

0
0
0.000