သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၉

avatar
(Edited)


Photo Source Via Pixbay
This Photo is owned by tama66

ဒီလိုအမှုရင်ဆိုင်ရင်း တင်အေးမောင်တစ်ယောက် အမှုအမိန့်ချိန်မှာတော့ ပေါ့ဆမှုကြောင့် လူသေဆုံးရခြင်းအတွက် ၃၀၄(က) အရ အလုပ်နှင့်ထောင်ဒဏ် (၁၈)လ အမိန့်ချမှတ်ခံခဲ့ရပါတယ်။ အမိန့်ချကာလသည် ချုပ်ရက်များကို ထုတ်နှုတ်ခံစားခွင့်ပြုခဲ့သည့်အတွက် တင်အေးမောင်တစ်ယောက် အကျကာလမှ (၃)လ ဆက်လက်နေထိုင်ခဲ့ရပြန်ပါတယ်။

တင်မောင်သန်းတစ်ယောက် အကျဘဝမှာတော့ ဓားမြကြီး အောင်သန်း၊ သူခိုးလေး ကျော်ခင်၊ ပ(၁၃) ထောင်ဒဏ် နှစ်နှစ်ကျခံရသော ဒေါက်တာသူရိန်၊ မူး/ယစ် ၁၆(ဂ) ဖြင့် ထောင်ဒဏ် (၅)နှစ်ကျခံရသော ညီထက်၊ ခယ်မကို ဓားနှင့်ထိုးမိ၍ ရာ(၃၂၆)ဖြင့် ထောင်ဒဏ်(၁၈)လ ကျခံရသော ညီညီ၊ မုဒိန်းသမား အေးရွှေ၊ ပုဒ်မ (၃၇၇)ဖြင့် ထောင်ဒဏ် (၁၀)နှစ်ကျ ခံရသော မာမီမြတ်(ခ)အောင်သူမြတ် စသည်သူများ၏ ဘဝများကိုသိခဲ့ရပါတယ်။

သူတို့ဘဝများသည် ဝမ်းနည်းစာရာ၊ နာကြည်းစရာကောင်းလွန်း၍ တင်မောင်သန်း တစ်ယာက်ပြောပြသည်မှာ.......

ဒေါက်တာ သူရိန်

ကျွန်တော်နာမည်က ဒေါက်တာသူရိန်ပါ။ အသက်က (၂၉)နှစ်ရှိပါပြီ။ လက်ရှိအချိန်မှာ အင်းစိန်အကျဥ်းထောင်၊ အဆောင် (၁) အခန်း ( ၂ )မှာနေပါတယ်။ ကျွန်တော်က အပြင်မှာ အထွေထွေရောဂါကုသပါတယ်။

ကျွန်တော် တစ်လင်တစ်မယာဥပဒေပုဒ်မ ပ(၁၃) နှင့် အမှုရင်ဆိုင်ခဲ့ပြီး အမိန့်ချခံရပြီး ပြစ်ဒဏ် ( ၂ ) နှစ် ကျခံခဲ့ရပါတယ်။ ကျွန်တော်အမှုအကြောင်းကို အနည်းငယ်မျှဝေပေးချင်ပါတယ်-

ကျွန်တော်သည် မြတ်နိုးနှင့် လူကြီးမိဘတွေပေးစားသောကြောင့် လွန်ခဲ့သည့် ( ၄ )နှစ်လောက်က လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်သည် လွန်းခဲ့သည့် ( ၂ )နှစ်လောက် စကားများပြီး နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြပါတယ်။ ကျွန်တော်တို့ လင်မယားနှစ်ယောက် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးခဲ့ကြပါတယ်။ ( ကျွန်တော်တို့ အိမ်မှာဘဲ လက်မှတ်ထိုးခဲ့ပြီး အသိသက်သေမရှိခဲ့ပါဘူး)။

သံတိုင်နောက်မှ သူ့ဖြစ်အင် တင်ပြီးခဲ့သည့် အပိုင်းများ
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း -၁
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း -၂
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၃
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၄
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၅
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၆
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၇
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၈

ကျွန်တော်လည်း လမ်းခွဲပြီး (၆)လ လောက်ကြာတော့ ကျွန်တော်သဘောကျသည့် မိန်းကလေးတစ်ယောက်နှင့် တွဲခဲ့ပါတယ်။ ကျွန်တော်ကိစ္စမှန်သမျှကို သူမက နားလည်ပေးခဲ့ပြီး ကျွန်တော်တို့ ချစ်သူဘဝ ရောရှိခဲ့ပါတယ်။ ကျွန်တော်တို့ ချစ်သူဘဝတွင် ကျွန်တော်တို့ရဲံ ဓာတ်ပုံများကို လူမှုကွန်ယက်ဖြစ်သည့် Facebook တွင် တင်ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ ချစ်သူသက်တမ်း ( ၆ ) လ လောက်အကြာမှာ ကျွန်တော်အမျိုးသမီးမှ ကျွန်တော်အား ဖောက်ပြန်တယ်ဆိုပြီး ကြည့်မြင်တိုင်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး ကျွန်တော်လည်း အင်းစိန်အကျဥ်းထောင်ထဲ ရောက်ခဲ့ပြီး အင်းစိန်အကျဥ်းထောင်၌ အချုပ်ဘဝဖြင့် ( ၁ ) နှစ်ခန့် ရင်ဆိုင်ခဲ့ရပါတယ်။

ကျွန်တော် အချုပ်သားဘဝဖြင့် အင်းစိန်အကျဥ်းထောင်ကို ရောက်ရှိလာခဲ့တုံးက ကျွန်တော်အရမ်းကို တုန်လှုပ်ခြောက်ခြားခဲ့ပါတယ်။ ကျွန်တော်နှင့် လုံးဝ မသက်ဆိုင်သည့်နေရကို ကျွန်တော်ရောက်လာခဲ့ပါတယ်။ ကျွန်တော် ဇနီးဟောင်း၏ ယုတ်မာချက်ကြောင့် ကျွန်တော်ဒုက္ခအကြီးအကျယ် ရောက်ခဲ့ပါတယ်။

ဥပဒေအကြောင်းကို မသိသည့် ကျွန်တော်အတွက် အကောင်းဆုံး သင်ခန်းစာက ဒီထောင်ကြီးက သင်ပေးတာပါ။ ဆန်ကြမ်းများ၊ ပဲဟင်းအရည်ကျဲများကတော့ နေ့စဥ်အိမ်စာတွေလိုဖြစ်နေပါပြီး။ ဒါတွေကို ဝင်အောင်စားနေရတာက ကိုယ်စိတ်မဝင်စားသည့် အိမ်စာကို လုပ်နေရသလိုပါဘဲဗျာ။

ဥပဒေကြောင်းအရ တရားရုံး၌ ကွာရှင်းမှသာ လင်မယားကွာရှင်းကြောင်း အတည်ဖြစ်ပြီး ကျန်တာတွေကတော့ တရားဝင်မှာမဟုတ်ပါဘူးတဲ့ဗျာ။ ကျွန်တော် တရားရုံးကို တစ်နှစ်ခွဲလောက် ထွက်ရပြီး ကျွန်တော် မကြာခင်မှာ လွတ်မြောက်တော့မှာပါ။ ကျွန်တော် ရည်းစားကလည်း ကျွန်တော်ကို အပြင်မှာစောင့်နေပါတယ်။

တရားရုံးထွက်သည့်အတွေ့အကြုံကတော့ စိတ်ပျက်စရာပါ။ ဝက်ချုပ်ထဲမှာ ရုံးထွက်လူတွေက အများကြီးဗျ။ အိမ်သာခွက်ကလည်း သေးသေးလေးဆိုတော့ ပြည့်လျှံနေတာပါဘဲ။ အနံအသက်တွေကလည်း မကောင်းဘူးဗျာ (ဒါကြောင့် ဝက်ချုပ်လို့ ခေါ်တာလားမသိဘူး)။

ကျွန်တော်ပြန်ထွက်သွားရင် အကျင့်မကောင်းတဲ့ အဲမိန်းမကို သတ်ချင်တာဗျ။ ‌ေ-ာင့်ကျင့်မကောင်းတဲ့ မိန်းမဗျာ။ သူကြောင့် ကျွန်တော် ဘဝ ပျက်စီးခဲ့ရတယ်။ အပြင်ပြန်ထွက်ရင် ပတ်ဝန်းကျင်ကလည်း ထောင်ထွက်ဆိုပြီး ကဲ့ရဲ့ကြအုံးမယ်။ကျွန်တော်ဘာကြောင့် ထောင်ထဲရောက်တာ သူတို့ စိတ်ဝင်စားမှာမဟုတ်ဘူးလေ သူတို့စိတ်ထဲမှာ ထောင်ထွက်က ထောင်ထွက်ပဲလေ။

ဒီမှာ ဘာသာရေးတော့ များများလုပ်ဖြစ်နေတယ်။ နမို့ဆို ကျွန်တော်ရူးသွားနိုင်တယ်။ တော်ပါပြီ နောက်ဆို ဘယ်တော့မှ ဒီထဲပြန်လာမှာ မဟုတ်ဘူး။ အပြင်ပြန်ရောက်ရင်တော့ ဘဝကို အစကနေ ပြန်ကြိုးစား ရအုံးမယ်။ ခုတော့ ကျွန်တော် စာအတော်လေး တက်နေပါပြီး။

• ဖော်ပြပါ Post သည် ဖြစ်ရမ်မှန်အပေါ်အခြေခံရေးသားထားခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်၏ Privacy အရ နာမည် နှင့် အချိန်ကို ပြောင်းလဲ၍ ရေးသားထားခြင်းဖြစ်ပါသည်။
နောက်တစ်ယာက်ကတော့ သူခိုးလေးကျော်ခင် အကြောင်းဖြစ်ပါတယ်။

ဆက်ရန်ရှိပါသေးသည်....

@johndieo
18.1.2021



0
0
0.000
8 comments
avatar

နောက်အပိုင်း ဆက်တွေကို မျှော်နေပါတယ်..

0
0
0.000
avatar

ဟုတ်ကဲ့ပါ အကိုရေ... !lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

Congratulations @johndieo! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You got more than 500 replies.
Your next target is to reach 600 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from day 15
Support the HiveBuzz project. Vote for our proposal!
0
0
0.000