သံတိုင်နောက်မှ သူ့ဖြစ်အင် ဖြစ်ပေါ်လာပုံ

avatar

Myanmar Hive အဖွဲ့သား အားလုံး မင်္ဂလာပါခင်ဗျ။ မနက်ဖြန်ဆိုလျှင် သံတိုင်နောက်မှ သူ့ဖြစ်အင် သည် Season 1 အဆုံးသတ်တော့မှာဖြစ်ပါတယ်။ ဒီတော့ အဆုံးမသတ်ခင် ဒီလိုဇာတ်လမ်းမျိုး ဖြစ်ပေါ်လာပုံနှင့် ဘာကြောင့်ရေးသားရတယ် ဆိုသည့်ရည်ရွယ်ချက်ကလေးကို ဒီနေ့ပြောပြ ချင်ပါတယ်။

img_0.5586471934029589.jpg

ကျွန်တော် အရင်တုံးကဆိုလျှင် ဥပဒေဆိုင်ရာ သိသင့်သိထိုက်သော ပုဒ်မများကို မျှဝေပေးဖို့ စိတ်ကူးရှိခဲ့ပါတယ်။ ဒါပင်မဲ့ ဥပဒေအတိုင်းကြီး တင်ပေးလိုက်လျှင် အများစုက စိတ်မဝင်စားကြဘူးခင်ဗျ။ ဥပဒေ ပညာရပ် နှင့် ဥပဒေဆိုင်ရာ ဗဟုသုတ ဆိုသည်မှာ လေ့လာရသည်မှာ အလွန်ပျင်းဖို့ကောင်းပါတယ်။ ဥပဒေ တစ်ရပ်မှာ ရေးသားထားသည့် စကားလုံးများသည် နားလည်ရန် ခက်ခဲအောင် ရေးသားထားကြပါတယ်။ ဒါကြောင့် အများစုက စိတ်မဝင်းစားကြပါဘူး။ ထို့ကြောင့်လည်း ရှေ့နေအလုပ်က ဝင်ငွေကောင်းနေတာပေါ့ဗျာ။

ကျွန်တော်လည်း အများစု လေ့လာရမှာ ပျင်းနေမယ်ဆိုတာ သိတာကြောင့် ဇာတ်လမ်းများ ဖန်တီးပြီး ထိုဇာတ်လမ်းထဲတွင် ဥပဒေ ဆိုင်ရာ သိသင့် သိထိုက်တာများကို ထည့်သွင်းရေးသားမည်ဟု အကြံရလာပါတော့သည်။ ထိုအကြံလည်း မဆိုးလှဘူးလို့ ထင်ပါတယ်။ ဥပဒေချိုးဖောက်ခြင်း နှင့် ထောင် ဆိုသည်မှာ လင်မယားလို ပေါ့။ မတည့်ကြပင်မဲ့ ရောက်ရောင်သွားကြတယ်လေ။

img_0.7653146153334113.jpg

ကျွန်တော်လည်း ထောင်တွင်း ဇာတ်လမ်းမျိုးကို ရေးသားဖို့ အကြံရလာပါတယ်။ ဒီလိုဇာတ်လမ်းရေးဖို့ အတွက် ကျွန်တော်မှာ ကုန်ကြမ်းတွေရှိနေပါတယ်။ Rule Of Law မှ ရရှိသည့်အတွေ့အကြုံများ၊ စီရင်ထုံးများမှ ရရှိသည့် အတွေ့အကြုံများ၊ ကိုယ်တိုင်ပါဝင် ကူညီခဲ့သည့်အတွေ့အကြုံများ နှင့် စာအုပ်ထဲမှ ရရှိသည့် ဗဟုသုတများ ကျွန်တော်တွင် ရှိနေပါတယ်။

အထဲက (ထောင်ထဲမှ အချုပ်သားများကို ဆိုလိုပါသည်) သူတွေရဲ့ ခံစားချက်မှာ သူတို့ပြောပြပေးတာကို နားထောင်စေချင်ကြတာပါ။ ကျွန်တော်က Good Talker လုပ်ရတာ ကြိုက်သူမဟုတ် Good Listener တစ်ယောက်ဖြစ်နေပါတယ် ( သူတို့ပြောသည့် စကားကို သေချာ စိတ်ပါလက်ပါ နားထောင်ပေးဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ)။

img_0.5638641716944391.jpg

အရင်အချိန်တွေကဆို ကျွန်တော်ရှေ့နေတွေနှင့် အတူ ထောင်ဝင်စာ လိုက်တွေ့ဖြစ်တယ်။ လိုက်ပြီး နားထောင်ဖြစ်တယ်။ မသိတာတွေကို ရှေ့နေတွေကို မေးဖြစ်တယ်။ တရားရုံးတွေလည်း အမှုစစ်တာတွေကို လိုက်နားထောင်ဖြစ်တယ်။ (အရင်က ထောင်ဝင်စာ တစ်ပတ်ကို ခြောက်ရက် ဖွင့်ပါတယ်)။ ဒီလို ဝါသနာကို မြေချပေးတာတော့ ROL မှာ အတူတက်ဖြစ်တဲ့ အလုက်သင်ရှေ့နေတွေ၊ ရှေ့နေကြီးတွေနှင့် ဆရာ/ဆရာမ တွေပါ။ အမှုတွေစဥ်တယ် ငြင်းခုန်တယ် တစ်ကယ့်တရားခွင် အတိုင်း ဖန်တီးကြပါတယ်။

ကျွန်တော် ခုဒီအကြောင်းတွေရေးတော့ သူတို့ပြောခဲ့သမျှတွေကို ပြန်ကြားယောင် ရတယ်။ ပြန်ပြီး အစဖော်ယူတယ်။ စာအုပ်တွေ ပြန်ဖွင့်ယူတယ်။ နမူနာတွေယူဖြစ်တယ်။

img_0.14822941930763928.jpg

အများစုက ထောင်ထွက်များကို ကြောက်စရာ၊ ရွံစရာ အနေဖြင့်သာ မြင်တက်ကြပါတယ်။ တကယ်တော့ သူတို့လည်း လူထဲက လူသားတွေမို့ ခံစားချက်ရှိပါတယ်။ ပညာမတက်မှု၊ ငတ်ပျက်မှု၊ အနှိမ်ခံရမှု၊ ပတ်ဝန်းကျင်၏ အနိုင်ကျင့်မှု စသည့် အချက်အလတ်များစွာ ကြောင့်သာ ဒီလိုဖြစ်နေရတာပါ။ စာနာမှုများ ပေးစေချင်ပါတယ်။
တစ်ခါတစ်လေ အော် ထောင်အကြောင်း စာအုပ်ကလေးဖတ်လိုက်အုံးမည်ဟုသာ စိတ်ကူးရှိပြီး သူ့ထဲက ပေးချင်သည့် အကြောင်းအရာများ မယူတက်ကြပြန်ပါဘူး။

img_0.18787494927828763.jpg

ကျွန်တော် ခုရေးထားသည့် Post ထဲတွင် ဥပဒေပုဒ်မများ၊ အမှုဖြစ်စဥ်များ ၊ ထောင်တွင်း၌ နေထိုင်ရပုံများ၊ အကျဥ်းသား/အချုပ်သား များ၏ ခံစားချက်များ၊ သူတို့၏ နေထိုင်ရပုံများကို ရောထွေပြီး ထည့်ပေးထားပါတယ်။ ကျွန်တော် အရေးအသား မကောင်းမှုကြောင့် တစ်ချို့အရာတွေ ပေါ်လွင်သင့်သလောက် မပေါ်လွင်ခဲ့ပါဘူး။ ကျွန်တော် ဒီအကြောင်းရေးသားချိန်မှ တစ်ချို့နေရာတွေကို နင့်နေအောင် ခံစားမိပါတယ်။

သံတိုင်နောက်မှ သူ့ဖြစ်အင် Season 1 မှာ သံတိုင်နောက်မှ သူများ၏ အကြောင်း(ကိုသာ ဦးစားပေးဖော်ပြခဲ့ပါတယ်)။ နောက်လာမည် "မတက်သာ၍ ခပ်ခွာခွာ" ( သံတိုင်နောက်မှ သူ့ဖြစ်အင် Season 2) တွင် အကျဥ်းသား/အချုပ်သားများကို ပံ့ပိုးဖြည့်ဆည်းပေးရသည့် အပြင်တွင် ကျန်ခဲ့သည့် မိသားစုများ အကြောင်းကို ပုံဖော်ရေးသားမယ်လို့ စိတ်ကူးရှိပါတယ် ( ကျွန်တော်အနေဖြင့် ၎င်းတို့ မိသားစုနှင့် တွေ့ဆုံရချိန်က ပိုများသောကြောင့် အပိုင်းပိုများများ ရေးနိုင်မည် ဖြစ်ပါသည်)

သံတိုင်နောက်မှ သူ့ဖြစ်အင် တင်ပြီးခဲ့သည့် အပိုင်းများ
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း -၁
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း -၂
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၃
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၄
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၅
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၆
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၇
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၈
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၉

ကျွန်တော် တင်ထားသည့် Post များမှ တစ်စုံတစ်ခု ရရှိပါစေလို့ ဆုတောင်းရင်း Season 2 အတွက် အားမွေးနေပါတယ်။

@johndieo
19.1.2022



0
0
0.000
7 comments
avatar

ဇာတ်လမ်းလေးနဲ့ ဉပဒေ၊ ပုဒ်မတွေ အကြောင်းပြောပြတော့ မှတ်မိလွယ်တာပေါ့။ နောက်ရေးလတ္တံ့သော စာတွေ အတွက်ပါ ကြိုကျေးဇူးတင်ပါရစေ။

0
0
0.000
avatar

ဟုတ်ကဲ့ပါ အမရေ
ကြိုးစားပြီး ရေးသားပါ့မယ်ခင်ဗျ
!lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

ညီရဲ့ အရေးအသားကို လုံးဝကြိုက်တယ်။ အစပိုင်းမို့ ဇတ်လမ်းဖွဲ့တာ နည်းနည်း အခက်အခဲရှိပါလိမ့်မယ်။ ညီရဲ့ အတွေ့အကြုံက တဖြည်းဖြည်း သင်သွားပါလိမ့်မယ်။ နောက်ပိုင်း ကိုယ်ရေးတဲ့ စာ ကိုယ်ပြန်ဖတ်ကြည့်ရင် ဟာကွက်တွေ တွေ့လာလိမ့်မယ်.... ဒီထက်ပို ကောင်းလာပါလိမ့်မယ်...Vote အားနည်းလို့ Ecency point ၁၀၀ လက်ဆောင်ပေးလိုက်ပါတယ်။ !PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ပါ အကိုရေ ကျေးဇူးပါခင်ဗျ
တစ်ဖြေးဖြေးနဲ့ ပိုအဆင်ပြေအောင် ရေးနေပါတယ်
လိုအပ်ချက်တွေ ရှိရင်လည်း အားမနာတမ်းထောက်ပြပေးပါခင်ဗျ

0
0
0.000