သံတိုင်နောက်မှ သူ့ဖြစ်အင် ဇာတ်သိမ်းပိုင်း

avatar


Photo Source Via Pixbay
This Photo is owned by tama66

အကျဥ်းသား ဘဝကို အကျဥ်းထောင်က ပိုင်သွားပြီးခင်ဗျ။ အချုပ်သား ဆိုတာက အမှုရင်ဆိုင်ဆဲကာလဖြစ်၍ တရားရုံး၏ အမိန့်မချမချင်း အပြစ်ကင်းစင်တယ် လို့မှတ်ယူပါတယ်။ အပြစ်ရှိကြောင်း အမိန့်ချလိုက်သည့် အခါမှာတော့ အပြစ်သား ( အကျဥ်းသား ) တစ်ယောက်ဖြစ်သွားပါတယ်။

အမှုတစ်ခုကို ရင်ဆိုင်ပြီး အမိန့်ချပြီးခံရသည့် အကျဥ်းသားများသည် ကောင်းကျိုး/ ဆိုးကျိုးတွေ အတူယှဥ်တွဲပြီး ရှိနေပါတယ်။
ကောင်းတာတွေက ဘာတွေလည်းဆိုတော့ လျော့ရက်ရတာပေါ့ဗျာ ( ပုံမှန်တော့ သုံးပုံ တစ်ပုံ လျော့ရက်ရတယ်ခင်ဗျ)။ ဥပမာ ထောင် (၃) နှစ် ကျတယ်ဆိုပါတော့ဗျာ။ အမှုရင်ဆိုင်ဆဲကာလ က (၁၂) ကြာတယ်ဆိုပါတော့။ လျော့ရက်က (၁၂) လရမယ် ခင်ဗျ။ ဒီတော့ ထောင်ထဲမှာ (၁၂)လ ခန့်သာ ဆက်နေရတော့မယ်ပေါ့။

ဒါအပြင် နိုင်ငံတော်၏ လွတ်ငြိမ်း သက်သာခွင့်ကိုပါ ထပ်တိုးခံစားခွင့်ရမှာပါ။ (စကားချပ် - လျော့ပေါ့ရက်ဆိုသည်မှာ အခြေအနေ အကြောင်းအမျိုးပေါ် မူတည်နေပါသည်။

လျော့ပေါ့ရက်များ တွက်ချက်ရာတွင် (က) ကွာ ၊ (ခ) ကွာ ၊ (ဂ) ကွာ စသည့် အလုပ်ပေါ်မူတည်၍ ရရှိပါသည်။ အသေးစိတ် တွက်ချက်မှုကို အကျရုံးမှ ဆောင်ရွက်ပေးပြီး အကျဥ်းသားများအဖို့ အကျရုံး၌ ကွာတိုက်နိုင်ပါသည်)

ကံဆိုးတာကတော့ အကျဥ်းသားများသည် အလုပ်များကို ထောင်ပိုင်လေး (ဒုတိယ ဗိုလ်မှူးကြီး အဆင့်ရှိသူ) မှ အလုပ်နေရာ ချထားမှုအပေါ်မူတည်ပြီး လုပ်ကြရပါတယ်။

ထောင်တွင်း အလုပ်များသည် အမျိုးမျိုးရှိပါတယ်။ ထောင်ယာ (စိုက်ပျိုးရေး)၊ ကြက်ခြံ (မွေးမြူရေး)၊ အလုပ်ကြီး (လက်သမား)၊ လူငယ် (စာသင်ကြောင်း) စသည့် အမျိုးမျိုးရှိပါတယ်။ အချုပ်သားဘဝ မှာ အလုပ် မလုပ် ရပင်မဲ့ အကျဥ်းသားဘဝ ရောက်ချိန်မှာတော့ အလုပ်တစ်ခုခု လုပ်ကြရပါတယ်။ နောက်တစ်ခုကတော့ အကျဥ်းသားများသည် ရဲဘက်၊ ထောင်ပြောင်း ပါတက်ကြတာပါ။

သံတိုင်နောက်မှ သူ့ဖြစ်အင် တင်ပြီးခဲ့သည့် အပိုင်းများ
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း -၁
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း -၂
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၃
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၄
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၅
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၆
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၇
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၈
သံတိုင်နောက်မှ သူ့ဖြစ်အင် အပိုင်း - ၉

နေရာဒေသ အသစ်မှာ အရာရာ အစကနေ ပြန်စရသည်မို့ အများစုသည် ရဲဘက်၊ထောင်ပြောင်း မပါလိုကြပေ။

"တင်မောင်သန်း၊ ကျော်ခင်၊ ညီညီ၊ ညီထက် ရဲဘက်ကြည့်မယ် ရုံးခန်းကို အရင်လာခဲ့ပါ"

"ဟာ ဘာတုံးဟ ငါလွတ်ဖို့ တစ်လလောက်ဘဲလိုတာကို" ဟု တင်မောင်သန်း ညည်းညူလိုက်ပါတော့သည်

"ရဲဘက် ထွက်ရတော့ လွတ်လပ်တာပေါ့" ဟု ညီညီက စကားဆိုပြန်တယ်။

တင်မောင်သန်းတစ်ယောက် ကံကောင်းသူတစ်ယောက်မဟုတ်ပေ လွတ်ရန် (၁) လလောက်အလိုတွင် (၁)ဆောင် အဆောင်မှူးရုံးခန်းတွင် အလုပ် လုပ်သော အကျတစ်ဦးမှ ရဲဘက်ကြည့်ရန် လာရောက်ခေါင်ဆောင်ပါတော့တယ်။

အဆောင်မှူးရုံးခန်းမှ တစ်ဆင့် မိန်းဂျေး(လ်) ထိုမှ တစ်ဆင့် ဆေးရုံသို့ ရောက်ကြပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူကြရပါတော့တယ်။ ကျန်းမာရေး စစ်ဆေးမှုခံရန်အတွက် အပေါ်ပိုင်း အဝတ်ကိုချွတ်ထားရပြီး ပုံစံပုဆိုးကိုကတောင်းကြိုတ် ထားရပါတယ်။

ထို့နောက် ထောင်ဆရာဝန်မှ လိုအပ်သည်များ မေးမြန်းပြီးနောက် တင်မောင်သန်းတို့ အဖွဲ့သည် ( ၁ ) ဆောင်သို့ ပြန်လည် ရောက်ရှိလာပါတော့သည်။

ထို့နေ့ ညမှာ တင်မောင်သန်း ရင်ထဲက ခံစားချက်များ အကျဥ်းထောင်ကို စရောက်သည့် ခံစားချက်နှင့် ထပ်တူဖြစ်နေပါတော့တယ်။ ညနေစာကို ကောင်းစွာ မစားနိုင်ဘဲ အိပ်ယာထဲတွင်သာ ငြိမ်၍သာ နေပါတော့သည်။

ဒီလိုနှင့် အချိန်တစ်ပတ်လောက်ကြာသည့်အခါ ရဲဘက်ထွက်ရန် တင်မောင်သန်းတို့အား လာရောက်ခေါ်ဆောင်ပြီး မိန်းဂျေး(လ်)၌ နှစ်ယောက်တွဲ၍ ခြေကျင်းခတ်ပါတော့တယ်။ ပြီးနောက် အဆောင်ထဲ ပြန်ဝင်လာပြီး မိမိပစ္စည်းများကို သိမ်းဆည်းရင်း အဆောင်ထဲမှ သူငယ်ချင်းများကိုနှုတ်ဆက်ကြပါတယ်။

တစ်ချို့ကလည်း ရဲဘက်ကိုရောက်လျှင် စားရန်အတွက် ငံပြာရည်ကြော်၊ ငါးနီတူးခြောက်ကြော်၊ ကြက်သားမွကြော်များ ထည့်ပေးကြပါတယ်။ တစ်ချို့ကလည်း ကော်ဖီ နှင့် မုန့်များ ပေးကြပါတယ်။

တစ်ယောက်နှင့် တစ်ယောက် အမှားတွေရှိလျှင် ခွင့်လွှတ်ပေးကြဖို့ ပြောဆိုရင်း အားလုံးရဲ့ ရင်ထဲမှာ စိတ်မကောင်းဖြစ်နေကြပါတော့သည်။ ကံမကောင်း၍ အကျဥ်းထောင်ထဲတွင် လာရောက်တွေ့ဆုံရပင်မဲ့ အခက်အခဲများကို အတူကျော်လွှားခဲ့ကြသည့် ရဲဖော်ရဲဘက်များ ဖြစ်ကြသည့်အတွက် တစ်ဦးကို တစ်ဦး သံယောဇဥ် အတော်လေးရှိကြတော့ တင်မောင်သန်း ရဲဘက်ထွက်ရသည်ကို အားလုံးက စိတ်မကောင်းဖြစ်နေကြပါတော့တယ်။
တင်မောင်သန်းတို့ တိုက်ခန်းများတွင် အိပ်စက်ကြပြီး ရဲဘက်ထွက်ရမည့်နေရာကို သိရပါတော့သည်။

ရဲဘက်ထွက်ရမည့် နေရာကတော့ ရွှေသူဌေး ရဲဘက်ဖြစ်နေကြောင်း သိရသည့်တော့ တင်မောင်သန်း တစ်ယောက်

"ဟိုက်..... ဒုက္ခတော့များပါပြီး အမေရေ"ဟု တီးတိုးရေရွတ် မိပါတော့တယ်

ဤတွင် သံတိုင်နောက်မှ သူ့ဖြစ်အင် Season 1 ပြီးဆုံးသွားပါပြီး။ ယခုဝတ္ထုသည် ဖြစ်ရပ်မှန်အပေါ်အခြေခံ၍ ရေးသားထားသော အကျဥ်းသား/အချုပ်သားများ၏ ခံစားချက် ဘဝနေထိုင်မှုများကို သိရှိပြီး စာနာနားလည်ပေးတက်စေရန် အဓိက ရည်ရွယ်ထားပါသည်။ အားလုံး ဥပဒေဘောင်တွင်းမှ နေနိုင်ကြပါစေလို့ ဆုတောင်းရင်

@johndieo
20.1.2022
4:46 AM



0
0
0.000
15 comments
avatar

ကိုယ်တိုင်မခံရရင် ကျွန်တော်တို့လူမျိုးက မစာနာတတ်ကြဘူးရယ် ဖတ်လို့လည်းကောင်း ပညာလည်းရပါတယ် ကျေးဇူးပါ

0
0
0.000
avatar

ဟုတ်ကဲ့ပါ အကို
နောက်ပိုင်း ထပ်ပြီးဖော်ပြပေးပါအုံးမယ်နော်
ဒီတစ်ခါ နောက်ကွယ်က မိသားစု အကြောင်းတွေပါ

0
0
0.000
avatar

အင်မတန်ဖတ်လို့​ကောင်းပါတယ် ​ထောင်အတွင်းအကျဥ်းသား​တွေရဲ့ ဘဝအစုံစုံကိုလည်း သိရပါတယ်

0
0
0.000
avatar

ဟုတ်ကဲ့ပါ အမရေ
နောက်ပိုင်းမှာ နောက်ကွယ်က ပံ့ပိုးပေးရတဲ့ မိသားစုတွေရဲ့ အပူနှင့် သောက ကို ဖော်ပြပေးပါ့မယ်

0
0
0.000
avatar

အခန်းဆက် ဖတ်လို့ ကောင်းတယ် အကို
!PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ပါ အကိုရေ
ကျေးဇူးပါ ခင်ဗျ

0
0
0.000
avatar

မိုက်တယ် Bro… မျှော်လင့်ချက်လေး နဲ့ အဆုံးသတ်ပေးလိုက်တာ... Season -2 မျှော်ရတော့မှာပေါ့...... Bro စာက Season ခွဲထားတော့ ကြည့်ဖူးခဲ့တဲ့ Prison Break စီးရီး တောင် သတိရမိသေး 😁 Ecency point 50 လက်ဆောင်ပေးလိုက်ပါတယ်။ !PIZZA

0
0
0.000
avatar

ဟီး... အဲလိုဖြစ်သွားလား အကို
အမြဲ ဒါကြီးတွေဘဲ တင်နေရင် ရိုးသွားမလားလို့ပါ
တစ်မျိုးပြောင်း တင်မယ်လေ ဒါမှ စိတ်ဝင်စားမယ်ထင်လို့ပါ 😁😁 !lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

Congratulations @johndieo! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You made more than 400 comments.
Your next target is to reach 500 comments.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from day 18
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
naythan tipped johndieo (x1)
kachinhenry tipped johndieo (x1)
@myothuzar(4/5) tipped @johndieo (x1)

Learn more at https://hive.pizza.

0
0
0.000
avatar

season 2 မျှော်နေမယ်။

!PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ပါ အကိုရေ
မကြာခင် တင်ပေးပါမယ် !lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000