Blockchain ခေတ်ဦးကာလ ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။လွန်ခဲ့သော ရက်အနည်းငယ်က သူငယ်ချင်းတယောက်နှင့် အမှတ်မထင် ဖုန်းဖြင့် စကားပြောခွင့်ရခဲ့ပါသည်။ ထိုသူငယ်ချင်းမှာ အတော်အတန်ရင်းနှီးသည်ဟု မဆိုနိုင်သော်လည်း စင်္ကပူ၌ ကျွန်တော် ညကျောင်း တက်နေစဉ်ကာလတွင် ကျွန်တော်နှင့်အတူ တတန်းတည်း တက်ရောက်ခဲ့သူဖြစ်ပါသည်။

သာကြောင်းမာကြောင်း အလုပ်အကိုင် အကြောင်းများ ရောက်တက်ရာရာများ ပြောဆိုကြရင်း ကျွန်တော်က ယခုတလော ခေတ်စားလာသော blockchain နည်းပညာအား သိပါသလားဟု ရုတ်တရက် မေးလိုက်သောအခါ သူ့အဖြေမှာ " Bitcoin " ဆိုတဲ့ဟာမဟုတ်လားဟူ၍ ပြန်မေးပါသည်။ တဆက်တည်း ကျွန်တော့အားသတိပေးလိုက်သည်မှာ " နင်အဲဒီ Bitcoin ဆိုတဲ့ဟာတွေကစားနေတာလား နင်တော့ အလိမ်ခံရတော့မယ် " ဟူလို။

အမှန်တော့ ကျွန်တော့အနေဖြင့် Hive Platform အား မိတ်ဆက်ပေးလိုရင်း ဖြစ်ရကာ သူ့ပြန်ကြားချက်ကြောင့် တခါတည်း ပါးစပ်ပိတ်သွားရပါတော့သည်။

သူ့အား အပြစ်မဆိုသာပါ။ လက်ရှိ လူ ၁၀ ယောက်အား မေးလျင် ၈ ယောက်၏ အဖြေမှာ blockchain ဟူသည်မှာ bitcoin ဟု ပြန်ဖြေပါလိမ့်မည်။ ထို့အတူ Bitcoin ၏ သတင်းများကလည်း ကောင်းသတင်းထက် ဆိုးသတင်းပိုများသောကြောင့် ဤလောကအကြောင်းထဲထဲဝင်ဝင်လေ့လာသိရှိထားသူသာလျင် blockchain နှင့် cryptocurrency ကိုခွဲခြားသိနိုင်ပါလိမ့်မည်။

ဤ အကြောင်းအရာများအား ကျွန်တော့၏ ယခင်ဆောင်းပါးများတွင်လည်း ဖေါ်ပြပေးခဲ့ဘူးပြီ ဖြစ်ပါသည်။ ဤသို့ဆိုလျင် blockchain သည် Bitcoin မဟုတ်ပါသလော?။ အနီးစပ်ဆုံး ဥပမာပေးရလျင် " internet ဆိုတာ Wifi လား " ဟူသော အမေးနှင့် ဆင်တူမည်ဟု ထင်ပါသည်။ စာဖတ်သူသာ သင့်တော်သလို ဖြေကြည့်ကြပါကုန်။

ဤ ဆောင်းပါးမှာ blockchain နှင့် cryptocurrency တို့အား ခွဲခြမ်းစိတ်ဖြာရန် မဟုတ်သော်လည်း နည်းပညာ ပြောင်းလည်း လာမှုအပေါ် တရက်နှင့်တရက် တလနှင့်တလ အလွန်ကွာခြား လာနေသော အခြေအနေများအား ဖေါ်ပြပေးလိုရင်းဖြစ်ပါသည်။ အခြားသောအရာများအား မကြည့်ပါနှင့် ဤ Hive platform သည်ပင်လျင် လွန်ခဲ့သော ၂၀၁၆ ခုနှစ် ( Steemit ကာလ )အခြေအနေနှင့် ယခုအခြေအနေအတော်ခြားနားသွားပြီဖြစ်ပါသည်။

၂၀၁၇ ခုနှစ် Bitcoin ဘူဘောင်းပေါက်ပြီးနောက်ပိုင်းတွင် cryptocurrency များ ရင့်ကျက်သွားရန် အချိန်အတော်ယူခဲ့ကြရပါသည်။ ထို့နောက် ICO နေရာများတွင် IEO များနေရာယူလာကြခြင်းနှင့်အတူ အသစ်ထွက်ပေါ်လာကြသော cryptocurrency များက ဈေးကွက်နေရာရရန် ယခင်ကထက် ပိုမိုကြိုးစားလာကြပါသည်။

မိတ်ဆွေတို့သိပြီးဖြစ်သည့်အတိုင်း ဤ Hive Platform ပေါ်မှပင် မရေတွက်နိုင်သော coin များ token များ projects များ ထွက်လာနေကြဆဲဖြစ်ပါသည်။ ကျွန်တော်တို့အနေဖြင့် ထို အရာအားလုံးအား ပါဝင်ပါတ်သက်ရန် မစွမ်းသာပါ။ ကောင်းနိုးရာရာ မိမိနှစ်သက်ရာ Project များတွင်သာ လိုက်ပါစွမ်းဆောင်နိုင်ကြပါလိမ့်မည်။

ဥပမာ အားကစားနှစ်သက်သူကအားကစား ၊ ဂိမ်း နှစ်သက်သူက ဂိမ်းကစား ၊ စာပေရေးသားရန် အားသန်သူက ဆောင်းပါးများရေးသား ၍ post တင်အစရှိသဖြင့် မိမိအားသန်းရာနေရာတွင် လိုက်ပါစီးမျှောနိုင်ပါလိမ့်မည်။ ဤ blockchain နည်းပညာအား အနီးစပ်ဆုံး ဥပမာ ပေးရလျင် internet ရေပန်းစားလာပုံနှင့် တူပါသည်။

Internet အစဦးကာလတွင် social activity ဆိုလျင် Yahoo! အား ပြေးမြင်ကြမည် ဖြစ်သော်လည်း ယနေ့ခေတ် Social media ဟုဆိုလိုက်လျင် အလွန်ကျယ်ပြန့်သွားခဲ့ပြီ ဖြစ်ပါသည်။ internet ကြောင့် digital ခေတ်တခေတ် ပြောင်းလည် သွားသကဲ့သို့ပင် ယခု blockchain နည်းပညာကလည်း ကျွန်တော်တို့၏ လူနေမှုပုံစံ ခေတ်တခေတ်ကိုပြောင်းလည်းပေးပါလိမ့်မည်။ မည်သို့မည်ပုံပြောင်းလဲလာလိမ့်မည်ကတော့ အတပ်မပြောနိုင်သေးပါ။ သေချာသည်ကတော့ ကျွန်တော်တို့၏ ငွေကြေးဆိုင်ရာတန်ဖိုးနှင့် ပိုင်ဆိုင်မှု ပုံစံများ ပြောင်းလာပါလိမ့်မည်။

စာဖတ်သူအနေဖြင့် ကိုင်တွယ်၍ မရသော ငွေကြေးသည် တန်ဖိုးရှိနိုင်ပါမည်လော၊ အသုံးပြု၍ ရနိုင်ပါမည်လောဟု သံသယရှိလျင် ယနေ့ Bitcoin တခု၏ တန်ဖိုးကို မြန်မာငွေနှင့် တွက်ချက်ကြည့်လိုက်ပါ။ သို့မဟုတ် သင်သည် Hive Platformတွင်စာ ဆောင်းပါးများရေးသားနေသူ တယောက်ဖြစ်ပါက မိမိ၏ Hive wallet estimate တန်ဖိုးကိုကြည့်လိုက်ပါ။

ထိုအရာများသည် ထိတွေ့ကိုင်တွယ်၍ မရသော ငွေကြေးတို့၏ တန်ဖိုးဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်မှ လက်ရှိ ၂၀၂၁ ခုနှစ် ၅ နှစ်သာ ဖြတ်သန်းသွားခဲ့သောကာလသည် တကယ်တမ်း ပြန်တွေးကြည့်လျင် မျက်စိတမှိတ်အတွင်း ဖြတ်သန်းသွားသကဲ့သို့ လျင်မြန်လှပါသည်။ ထို့ အတူ နှောင် ၃ နှစ် ၅ နှစ်ဟူသောကာလများသည်လည်း တခဏအတွင်သာ ဖြတ်ကျော်သွားကြပါလိမ့်မည်။သို့သော် မိမိတို့ အတွက် တခဏမျှသာထင်ရသော ထိုကာလသည် နည်းပညာ အနေဖြင့် အများကြီး ပြောင်းလည်း သွားနိုင်ပါသည်။

ပညာရှင်များ၏ အဆိုအရ လက်မှု လုပ်ငန်း ( အလုပ်သမား အသုံးပြု ရသော လုပ်ငန်း ) မှ စက်မှု ခေတ်ပြောင်း ကာလသည်လည်း ရာစုနှစ် နီးပါး ကြာမြင့်ခဲ့ပါသည်။ သို့သော် Internet ပေါ်လာပြီးနောက် Information Technology ခေတ် ၊ digital ခေတ် ၊ smart phone နှင့် social media ခေတ် ပြောင်းလည်း မှုတို့မှာ ဆယ်စုနှစ် တခု ခန့်သာ ခြားနား လာကြပါတော့သည်။

ကျွန်တော် ၏ ယခင် ဆောင်းပါး များတွင်လည်း ဖေါ်ပြပေးဘူးပါသည်။ ယခု ယနေ့ မျက်မှောက်ခေတ် သည် currency revolution ငွေကြေး ခေတ်ပြောင်း ကာလ ဖြစ်သော်လည်း ဤ cryptocurrency ဟူသော ငွေကြေးမှာ သိမ်မွေ့လွန်း သဖြင့် လူအများ သတိမထား မိကြခြင်း ဖြစ်ပါသည်။

ထို့ အတူ ကျွန်တော်တို့သည် ရှုပ်ထွေးသော ငွေကြေးလည်ပါတ်ပုံ စနစ်တွင် အသားကျ နေသူများ ဖြစ်သည့် အပြင် ဤ cryptocurrency ဟူသော ငွေကြေးမှာ တိုးတက်ပြီး နိုင်ငံ လူတိုင်းနီးပါး computer internet အလွယ်တကူ အသုံး ပြုနိုင်ကြသူများ အဖို့ အခက်အခဲ မရှိနိုင်သော်လည်း မြန်မာ ပြည်ကဲ့သို့သော LDC နိုင်ငံများအဖို့ တော့ ဤ ခေတ်ပြောင်း တော်လှန်ရေး တွင် အခြား နိုင်ငံများနည်းတူ ပါဝင်စီးမျောရန် အိမ်မက်ပမာသာ ရှိပါသေးသည်။

ထို့ အပြင် လက်ရှိ ကျွန်တော်တို့ မြင်နေကြသည်မှာ blockchain ဟု ဆိုလိုက်သည်နှင့် cryptocurrency ကို တွဲလျက် မြင်နေကြပါသည်။ အမှန်မှာ Blockchain သည် နည်းပညာသာ ဖြစ်၍ cryptocurrency မှာ ထုတ်ကုန် တခုသာ ဖြစ်ပါသည်။ မှန်ပါသည် Blockchain မရှိလျင် Cryptocurrency ဟူ၍ ဖြစ်မလာပါ။

သို့ သော် Cryptocurrency မရှိလည်း Blockchain နည်းပညာ ရှိနေနိုင်ပါသည်။ ယနေ့ တိုးတက်ပြီး နိုင်ငံများတွင် ရုံးလုပ်ငန်းများအား လွယ်ကူစွာ လုပ်ဆောင်နိုင်ရန် တီထွင်ထားကြသော SAP system မှာ blockchain နည်းပညာ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတကာ အနေဖြင့် cryptocurrency အား လက်မခံ လိုသော်လည်း blockchain နည်းပညာကိုတော့ လက်ခံနေကြရပြီ ဖြစ်ပါသည်။

အချုပ် ဆိုရလျင် နည်းပညာ ခေတ် ပြောင်းလည်း မှု တခုဖြစ်တိုင်း ထို ပြောင်းလည်း လာသော နည်းပညာမှာ မြန်ဆန်မှု ၊ အသုံးပြုရလွယ်ကူမှု ၊ လုပ်အား ဝန်ကျဉ်း လာမှုတို့ အပေါ် ဦးတည်နေကြပါသည်။

ပညာရှင်များ၏ အဆိုအရ လက်မှုမှ စက်မှု ခေတ်သို့ ပြောင်းသောအခါ လူအတော်များများ အလုပ်လက်မဲ့ ဖြစ်သွားကြပါသည်။ လက်နှိပ်စက်ခေတ်မှ computer ခေတ် ပြောင်းသွားသော အခါ စာရေးစာချီ အတော်များ များ အလုပ်ပြုတ်သွားကြပါသည်။ စာရေး ၁၀ ယောက် လုပ်နိုင်အား အား computer တလုံ ရှိယုံ ဖြင့် လုပ်နိုင်သော ကြောင့် ဖြစ်ပါသည်။

ထို့ နောက် Digital ခေတ် မှ Smart Phone , Social Media ခေတ် သို့ ပြောင်းလည်း လာသော အခါ TV နှင့် Camera ခေတ်ကို ပြောင်းလည်း သွားစေ၍ ထိုအရာများနှင့် ပါတ်သက်သော အလုပ်များ နည်းပါး သွားကြပါသည်။ အောက်စက်ဟု ခေါ်သော ခွေ ၊ VCD ခွေ ထိုးကြည့် ရသည့် ခေတ်တခေတ် ကို လုံးဝ ကုန်ဆုံး သွားစေပါသည်။ ဆိုလိုသည်မှာ လက်ရှိ လူနေမှုစရိုက်တွင် TV သည် အသုံး မလိုအပ်တော့ပါ။

သတင်းကြည့် ရန် ဇာတ်ကား ကြည့် ရန် ၊ အခြားသော အရာများ ကြည့် ရှုရန် Social Media ပေါ်တွင် အားလုံး လုပ်ဆောင် နိုင်သောကြောင့် ဖြစ်ပါသည်။ TV တလုံး ရှိရန်ထက် Smart phone တလုံး ရှိရန်သာ လိုအပ်ပါသည်။ ဆိုခဲ့သည့် အတိုင်း နည်းပညာ အပြောင်း အလည်း သည် မသိမသာ ဖြင့် ညင်သာ စွာပြောင်းလည်း သွား၍ ကျွန်တော် တို့၏ အလုပ်အကိုင်များအား ခြိမ်းခြောက်လျက် ရှိပါသည်။

သိပ္ပံနှင့် AI ( Artificial Intelligences) ဟုခေါ်သော စက်ရုပ်များ အသုံးဝင်လာကြသောအခါ သာမန် လက်လုပ်လက်စားများအတွက် အလုပ်ရရန် ပိုမို ခက်ခဲလာနေကြပြီ ဖြစ်ပါသည်။

ထို့ ကြောင့် ကျွန်တော်တို့ အနေဖြင့် မိမိ တို့ ခေတ်တွင် အခြားသူငှာ များကဲ့သို့ နည်းပညာ ခေတ်ပြောင်း ကာလများတွင် အကျိုး အမြတ် ရယူ ရှာဖွေယူ တတ်စေရန် နည်းပညာ နှင့် ပါတ်သက်သော အသိပညာ အတတ်ပညာ ဗဟုသုတများ ရှိနေရန် မဖြစ်မနေ လိုအပ်နေပြီ ဖြစ်ပါသည်။

ပညာရှင်များ ပြောသကဲ့သို့ နောက်ထပ် မျိုးဆက် ၂ ဆက်လောက်တွင် ကျွန်တော်တို့ အနေဖြင့် စက်ရုပ်များ မလုပ်နိုင်သော အလုပ်များကို ရှာဖွေ လုပ်ကိုင်နေကြရပါလိမ့်မည်။ ကျွန်တော် စဉ်းစားကြည့်ပါသည် ။ စက်ရုပ်များ မလုပ်နိုင်သော အလုပ် ဟူ၍ အဘယ်အလုပ်ရှိပါသေးသနည်း။

Henry Aung ( Kachin )

23/11/2021 - Tuesday - 18;01 Pm



0
0
0.000
25 comments
avatar

အင်း စက်ရုပ်မလုပ်နိုင်သေးတဲ့ အလုပ်
မင်္ဂလာဆောင်တာတော့ မလုပ်နိုင်ဘူးလို့ ပြောမလို့ဟာ
ဟိုတလောက စက်ရုပ်မိန်းမတွေ ခေတ်စားလိုက်သေး ဟူး။
!PIZZA
!LOLZ

0
0
0.000
avatar

I don't think the flounder I caught today was very happy with me.
He kept looking at me kinda sideways.

@kachinhenry, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)

0
0
0.000
avatar

စက်ရုပ်မိန်းမ တွေ ပေါ်လာတော့လည်း စက်ရုပ် ယောက်ျားတွေနဲ့ ညားကြပါလိမ့်မယ်။ စက်ရုပ် ကလေးတွေ ထွက်လာတာပေါ့။. !LOL. !PIZZA. !LUV

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped uthantzin (x1)
kachinhenry tipped naythan (x1)
@kachinhenry(7/20) tipped @htwegyi (x1)
kachinhenry tipped sayalu (x1)
kachinhenry tipped ansoe (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped princekham (x1)
kachinhenry tipped donjaun (x1)
donjaun tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
naythan tipped kachinhenry (x1)

Join us in Discord!

0
0
0.000
avatar

နည်းပညာကတော့ တစ်နေ့တစ်နေ့ အများကြီး တိုးတတ်လာတော့ လိုက်လို့မမှီတော့ဘူး
!LOLZ
!PIZZA

0
0
0.000
avatar

How many jazz musicians does it take to replace a lightbulb?
A-one, a-two, a one-two-three-four!

@kachinhenry, I sent you an $LOLZ on behalf of @naythan
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/6)

0
0
0.000
avatar

ဟုတ်ပါ့ဗျာ... လိုက်လေ ဝေးလေ ဖြစ်နေပြီ။ !LOL. !LUV. !PIZZA

0
0
0.000
avatar

အတူတူပဲ ကိုဟင်ရေ
ခု Hive အကြောင်း မျှဝေပေးချင်တာတောင် တော်တော်လေး ဂရုစိုက်၊ သတိထားနေရတယ်။
!PIZZA

0
0
0.000
avatar

သူရို့ မယုံကြည်မှတော့ ပြောလည်း အပိုပဲလေ...!LOL. !PIZZA. !LUV

0
0
0.000
avatar

ရေစီးကြောင်းက မြန်လွန်းလို့ လိုက်မမှီလိုဘူး။ တချိန်ချိန် ငွေထုတ်မယ်ဆိုရင်တောင် ဘယ်လိုထုတ်ရမလဲ မသိသေးဘူး။ အခုထိကတော့ ကိုင်သုံးရတဲ့ငွေလို သွင်းလို့ထုတ်လို့ မလွယ်သေးတာတော့ အမှန်ပဲ။

0
0
0.000
avatar

မြန်မာပြည်မို့ မလွယ်တာပါ။ ထိုင်း / စင်္ကပူ / မလေးရှား နိုင်ငံတွေမှာ Cryptocurrency ကနေ ကိုယ့် ဘဏ်အကောင့်ထဲရောက်ဖို့ ၂၄ နာရီပဲ ကြာတယ်။ !PIZZA. !LOL. !LUV

0
0
0.000
avatar

I just can't believe I forgot to go to the Gym again yesterday.
That's six years in a row now.

@sayalu, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)

0
0
0.000
avatar

နောက်ဆုံး မေးလိုက်တဲ့ မေးခွန်းကျမှပဲ ဘာပြောရမှန်း မသိတော့ဘူး...!PIZZA

0
0
0.000
avatar

အစ်ကိုလည်း အဲဒါပဲ စဉ်စားနေတာ။ !PIZZA. !LOL. !LUV

0
0
0.000
avatar

စိတ်ဝင်စားသူများလည်း တိုးပွားလာနေသည်ကို မြင်ရပါတယ်။ စက်ရုပ်များမှာတော့ စ်ခံစားမှု ထည့်မပေးနိုင်လောက်သေးဘူး ထင်တာပဲဆာဟင်ရေ။ အဲဒီခံစာစမှုသာ ထည့်ပေးနိုင်ပြီဆိုရင်တော့

0
0
0.000
avatar

စက်ရုပ်ကို စိတ်ခံစားမှု ထည့်ပေးနိုင်ရင် ဒီကမ္ဘာမှာ လူသားတွေ မလိုအပ်တော့ဘူး...!PIZZA. !LOL. !LUV

0
0
0.000
avatar

Why are farmers always winning awards?
Because they're outstanding in their field.

@ansoe, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

0
0
0.000
avatar

တစ်ချို့က နားစွန်နားဖျားကြားတဲ့ သတင်းကို သေခြာမစီစစ်ပဲ လက်ခံယုံကြည်ထားတတ်ကြတော့ ကိုဟင်လုပ်သလိုပဲ အဲလိုလူတွေနဲ့ အကြောင်းအရာကို ဆက်မပြောတာ အကောင်းဆုံးလို့ ထင်ပါတယ်။

0
0
0.000
avatar

အေးပေါ့။ သူရို့ မယုံကြည်မှတော့ ပြောလည်း အပိုပဲလေ...!PIZZA. !LOL. !LUV

0
0
0.000
avatar

ကိုဟင်ရဲ့ နောက်ဆုံးမေးခွန်းလေး အဖြေကရုပ်ရှင်ဇာတ်ကားတစ်ခုမှာပါ ကျွန်တော်ကြည့်လိုက်ရတယ်။ AI စက်ရုပ်တွေက နောက်ထပ် သူလိုစက်ရုပ်တွေထပ်ထုတ်လုပ်ပီး သူ့အမိန့်နာခံခိုင်းကာ လူသားတွေကို ကျွန်ပြုတဲ့ဇာတ်ကား။

0
0
0.000