Hive Platform ၏ လျို့ဝှက်ချက် ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ Hive ဈေးကတော့ ယနေ့လည်း အစိမ်းရောင်ပြန်သန်းလာသည်မို့ Hive နှင့် ဆိုင်သည့် အကြောင်းပဲရေးပါအုံးမည်။ ယခုတလော Hive platform နှင့် ပတ်သက်၍ ရေးရသည်မှာ အတော်လေး လက်သွက်နေပါတော့သည်။

အဘယ့်ကြောင့်ဆိုသော် မိတ်ဆွေတို့သိပြီး ဖြစ်သည့် အတိုင်း Hive ဈေးက မြန်မာငွေဖြင့် ၄၂၀၀ ကျပ် ဝန်းကျင်တွင် ရောက်နေပြီ ဖြစ်သောကြောင့် ဖြစ်ပါသည်။ ယခင်က 1 Hive သည် မုန့်ဟင်းခါးစား လက်ဖက်ရည် သောက် အဆင့်သာ ရှိသော်လည်း ယခုတော့ 1 Hive ဖြင့် ထမင်းဝဝလင်လင် စား၍ ရသော အဆင့်သို့ ရောက်လာပြီ ဖြစ်ပါသည်။

ဤသို့ ဆိုလျင်ဖြင့် များမကြာမှီ @donjaun ပြောသကဲ့သို့ 1 Hive ဖြင့် သရေစာလည်းစား ထမင်းလည်းအဝစားရုံသာမက ညနေ Beer လည်း မော့နိုင်သည့် အဖြစ်သို့ ရောက်လာပါလိမ့်မည်။

ယနေ့ နံနက်တော့ ဘာရယ်မဟုတ် Hive Platform အားကြည့်ရင်း ကျွန်တော့၏ Pizza wallet အား ကြည့်လိုက်သောအခါ အတော်လေး အံ့ဩသွားပါတော့သည်။ ကျွန်တော့ wallet တွင် Pizza ၆၂ ခု Airdrop ရထားသည်ကို တွေ့လိုက်ရသော ကြောင့် ဖြစ်ပါသည်။ အဘယ့်ကြောင့် Airdrop ချပေးသည်တော့မသိရသေးပါ။

မိတ်ဆွေတို့ အနေဖြင့်လည်း Pizza Stack လုပ်ထားလျင် မိမိ Hive Engine wallet အား ဖွင့်ကြည့်ကြပါကုန်။ ကျွန်တော်တွက်ကြည့်သော အချိန်တွင် Hive က မြန်မာကျပ်ငွေဖြင့် ၄၂၄၇ ကျပ် ပေါက်နေသည် ဖြစ်ရာ Pizza တခု၏ တန်ဖိုးသည် မြန်မာငွေ ၃၀၀ ကျပ်နီးပါး ဈေးပေါက်နေသည်ကို တွေ့ရပါသည်။

Pizza ၆၂ ခုရသည်ဆိုတော့ မြန်မာငွေ ၁၈၀၀၀ ကျပ်ရသည့် သဘော ဖြစ်ပါသည်။ Pizza Hut မှ ဟာဝေယံ Pizza တချပ်လျင် ( ၁၂ လက်မ ပတ်လည် ) ၁၂၀၀၀ ကျပ်သာပေးရသည်ဖြစ်ရာ ဟာဝေယံ pizza တချပ်ကျော်ကျော် Airdrop ချပေးလိုက်သည့် သဘောဖြစ်ပါသည်။

Hive Platform ၏ ကောင်းကွက်မှာ ဤသို့သော Comment များတွင် pizza ဟု ရိုက်ထည့်လိုက်သည်နှင့် တကယ် pizza ဝယ်စားလို့ရခြင်း ဖြစ်ပါသည်။ Hive Platform အား သဘောကျရခြင်းနောက်တခုမှာ မျက်နှာပြောင်လျင် ပိုက်ဆံရခြင်း ဖြစ်ပါသည်။ Comment များတွင် မျက်နှာပြောင်တိုက်လာခဲ့သည်မှာ ၂ ပတ်ခန့်ရှိပြီဟုထင်ပါသည်။

ယခု ကျွန်တော့တွင် LOL 55 ခုစုထားမိပြီ ဖြစ်ရာ တန်ဖိုးအနေဖြင့် USD 14$ ဟူလို။ ယနေ့ USD ပေါက်ဈေး ၁၈၀၀ ကျပ်ဖြင့် တွက်လျင်ပင် မြန်မာငွေ ၂၅၀၀၀ ကျော်ရနေသည့် သဘော ဖြစ်ပါသည်။ နိပ်ဟ။

အပြင်တွင် မျက်နှာပြောင်တိုက်လျင် ထိုးကြိတ်ခံရမည်လား ပါးကွဲမည်လား တခုခုတော့ သေချာပါသည်။ Hive Platform တွင် မျာနှာပြောင်လျင်တော့ ပိုက်ဆံရပါသည်။ ကျွန်တော့ အတွက်တော့ Hive Platform သည် "သူ့ထက်ကောင်းတာတောင် သူ့လောက်မကောင်းဘူး " ဟူသော Blockchain ဖြစ်ပါသည်။ မိတ်ဆွေများကကော မည်သို့ထင်ပါသနည်း။

အခြားတခု ကျွန်တော် Hive Platform အား သဘောကျသည်မှာ Hive Engine Token စုထားသောကြောင့် Stacking reward ရသည့်အပြင် အခြားသော token များအားလည်း အချိုးကျ ပြန်လည်ရရှိခြင်း ဖြစ်ပါသည်။

ဥပမာအားဖြင့် SIM စုထားခြင်းကြောင့် Hive နေ့စဉ် အချိုးကျပြန်ရသလို COM စုထားခြင်းကြောင့် နေစဉ် SIM အချိုးကျပြန်ရပါသည်။ LIST token Stack လုပ်ထားသောကြောင့် COM token အချိုးကျရနိုင်သလို Hustler Dollar Stack လုပ်ထားလျင်လည်း COM အချိုးကျရပါသည်။

အချိုးကျဟူသည်မှာ မိမိ Stacking လုပ်ထားသော Token အနည်းအများပေါ်မူတည်၍ အချိုးကျရခြင်း ဖြစ်ပါသည်။ ဤသည်မှာ ကျွန်တော့အနေဖြင့် အကြမ်းဖျင်း ဖေါ်ပြပေးခြင်းသာ ဖြစ်ရာ အခြားသော HE token တခုနှင့် တခု ဆက်နွယ်မှုများ အများအပြားရှိပါသေးသည်။

ဤ Hive Engine token များသည်လည်း နည်းသည်ဖြစ်စေ များသည်ဖြစ်စေ နောက်ဆုံးတွင် Hive ဟူသော token တွင် အဆုံးသတ်သည်ဖြစ်ရာ Hive ဈေးတက်လျင် တက်သလောက် အကျိုးရှိနေမည်သာ ဖြစ်ပါသည်။

အမှန်တော့ Hive Platform သည် လျို့ဝှက်ချက် များစွာ ရှိနေသော Blockchain တခုသာဖြစ်ပါသည်။ နေ့စဉ်နှင်အမျှ စိတ်ဝင်စားစရာ တခုပြီး တခုထွက်လာနေပါသည်။ မိမိတို့ကသာ အမှီလိုက်ရန် လိုပါလိမ့်မည်။

Henry Aung ( Kachin )

29/11/2021 - Monday - 18;08 Pm



0
0
0.000
46 comments
avatar
(Edited)

လေ့လာစရာတွေက အများသားပဲ။ Hive Engine ထဲမှာ Token လေးတွေ တွေ့တယ်ဗျာ၊ လူသစ်ဆိုတော့ အများကြီးမဟုတ်ပါဘူး။ သိတ်နားမလည်တော့ ဒီအတိုင်း ထားထားတာ။ တခုမေးချင်တာ HBD ကနေ Hive ကို ကွန်ဗတ်လုပ်တဲ့အခါ ဈေးအကျကို စောင့်စရာလိုလား၊ ဘယ်အချိန်မဆို လုပ်နိုင်တာလား။ Hive ရလာရင် ပါဝါအပ်မလို့ပါ။
!LOLZ

0
0
0.000
avatar

အမှန်က HBD ကို အမြဲတမ်း USD 1$ ဖြစ်အောင် ညှိထားတော့ အခုချိန် Convert လုပ်ရင် Hive နည်းနည်းပဲ ရပါလိမ့်မယ်။ ဘာဖြစ်လို့ ဆိုတော့ Hive က 2$ အထက်မှာ ရှိနေလို့ပါ။ HBD ကို saving ထဲထည့်ပြီး အတိုးယူမလား ... ရသလောက်ဈေးနဲ့ Hive Convert လုပ်မလားဆိုတာတော့ @sayalu သဘောအတိုင်းပါပဲ။. !PIZZA. !LOL. !LUV

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped uthantzin (x1)
kachinhenry tipped yuzana (x1)
sheinthu tipped kachinhenry (x1)
nayhlaingsoe tipped kachinhenry (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped sayalu (x1)
kachinhenry tipped htwegyi (x1)
htwegyi tipped kachinhenry (x1)
@nyinyiwin(1/9) tipped @kachinhenry (x1)
kachinhenry tipped sheinthu (x1)
kachinhenry tipped donjaun (x1)
kachinhenry tipped nweoomon (x1)
kachinhenry tipped naythan (x1)
kachinhenry tipped nayhlaingsoe (x1)
kachinhenry tipped mamamyanmar (x1)
kachinhenry tipped ansoe (x1)
naythan tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped golden.future (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

မသိသူ ကျော်သွား
သိသူ ဖော်စားပေါ့လေ။
!PIZZA

0
0
0.000
avatar

နည်းပညာ ခေတ်မှာ ....Early Birds get more worms. !PIZZA. !LOL. !LUV

0
0
0.000
avatar

အဲ့ဒါပြောထာ ရင်ခုန်စရာကောင်းတဲ့ hive.
ကောင်မလေးတွေထက် ရင်ခုန်စရာကောင်းတယ်ဆိုတာ
လက်တွေ့နော်။
!PIZZA
!LOLZ

0
0
0.000
avatar

အံမယ် .. ကောင်မလေးတွေထက် ရင်ခုန်စရာ ကောင်း ဆိုပဲ... Hive ကို ကြိတ် ချစ်နေတာများလား..😀😀😀😀😀 !LOL. !PIZZA. !LUV

0
0
0.000
avatar

ဒီလ်ု ကျလိုက် တတ်လိုက်နဲ့ ၂$ အထက် တည်နေလည်း မဆိုးပါဘူး

0
0
0.000
avatar

2$ လောက်နဲ့ မြဲနေပါစေ ဆုတောင်းနေရတာ. !PIZZA. !LOL. !LUV

0
0
0.000
avatar

HE စွဲနေတာ ပြောရင် အိမ်ကမိန်းမထက်သာပါတယ်လို့။!PIZZA.!LOLZ

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@sheinthu, You need more $LOLZ to use this command. The minimum requirement is 8.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

မိန်းမသိရင် HE ကဘယ်က မိန်းမလဲ နဲ့ ပြသနာရှာနေအုံးမယ်..😀😀😀😀😀 !LOL. !PIZZA. !LUV

0
0
0.000
avatar
(Edited)

Hive engine ရော Hive blog ရော Peakd ရော ဝင်မရဖြစ်နေတယ်ဆာဟင်

0
0
0.000
avatar

ခု ဝင်လို့ရသွားပြီဟုတ်..!LOL. !PIZZA. !LUV

0
0
0.000
avatar

ဟုတ်တယ် Hive Engine token တွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။Hive စျေးတက်တာ ရင်ခုန်စရာပါ...!PIZZA

0
0
0.000
avatar

နောက်ထပ် ရင်ခုန်စရာတွေရှိသေးတယ်။ !LOL. !PIZZA. !LUV

0
0
0.000
avatar

ဆရာရေ့ ပို့တင်တာကလွဲရင်ဘာမတပ်😁😁
ပိုစ့်တောင်တင်တာဖြစ်ဖြစ်မြောက်မြောက်မရှိ😁😁😂😂

0
0
0.000
avatar

တင်တတ်သလိုသာ တင်ကိုယ့်ဆရာ... ဘယ်သူမှ အထင်သေးမဲ့သူမရှိဘူး... ကိုယ့်လူဟောင်းတေကြီးပဲ. !PIZZA. !LOL. !LUV

0
0
0.000
avatar

Hiveဈေးတွေတင်နေတော့ ကိုယ့်wallest ကိုယ်ပြန်ကြည့်ရင်း အားဆေးသောက်စရာမလိုဘဲ ရှူဆေးလေးသာဆောင်နေဖို့ကောင်းတယ်။

0
0
0.000
avatar

Hive ဈေးတက်ရင်သာ ပျော်နေတာရယ်.... ဈေးကျလာရင် ဖျားချင်သလိုလို / သွေးတိုးနေသလိုလို / မအီမသာဖြစ်လာလိမ့်မယ် ကြည့်နေ. !PIZZA. !LOL. !LUV

0
0
0.000
avatar

HDB ပေးနေတာကခက်တယ် သူကြတော့ဈေးတက်မလာဘူး hive ပဲတက်လာ !PIZZA. !LOL. !LUV

0
0
0.000
avatar

HBD က အမြဲတမ်း USD 1$ နဲ့ပဲ ညှိထားတော့ SBD လို ဈေးအများကြီးတက်လာစရာ မရှိဘူး. !PIZZA. !LOL. !LUV

0
0
0.000
avatar

အခု pizza က ပို့ရတာ အဆင်မပြေ limit မပြည့်သေးတာကိုလဲ ပြည့်ပြီလုပ်နေတယ်
!PIZZA
!LOLZ

0
0
0.000
avatar

Limit မပြည့်ဆိုတာ Stacking လုပ်တဲ့ အရေအတွက်ကိုပြောတာလား ညီ... !PIZZA. !LOL. !LUV

0
0
0.000
avatar

အမယ် beer လောက်တော့ ပျင်းတာပါအေ မမကတော့ hive ကနေ ရွ​ေ ဝယ်မှာ !LOLZ

0
0
0.000
avatar

ဟုတ်သား... ရွှေဝယ်စု ထားရမှာ...!PIZZA. !LOL. !LUV

0
0
0.000
avatar

ဘယ်ဟာက ဘယ်လို ရမှန်းမသိတော့ Token တွေအကုန် Stack ပြန်လုပ်ထားလိုက်တာပဲ။ ကိုဟင်ပြောမှ ရှင်းရှင်းသိရ။ !PIZZA

0
0
0.000