Hive စျေးအတက်နှင့် ကျွန်တော့အထင် ( Henry Aung )
မင်္ဂလာပါ။ ယခုကျွန်တော်ရေးသားမည့် အကြောင်းအရာများသည် ကျွန်တော်၏ ထင်မြင်ယူဆချက် ကျွန်တော့ အာဘော်များသာ ဖြစ်၍ အမှန် ဟုမယူဆစေလိုပါ။ မိတ်ဆွေကိုယ်တိုင် သာ ဝေဖန်စောကြော၍ ဟုတ်နိုင်သည် မဟုတ်နိုင်သည်ကို ဆုံးဖြတ်စေချင်ပါသည်။
ကျွန်တော်တို့ Hive ကတော့ ယနေ့လည်း 2$ ဟူသော ဈေးအား ဆက်လက်ထိန်းထားဆဲဖြစ်ပါသည်။ $2.03 ခန့်သို့ ရောက်လာသော အခါ $1.5 သို့များ ပြန်ရောက်သွားလေမလား စိုးရိမ်မိပါသည်။ သို့သော် ယခုအချိန်ထိတော့ $2 ဟူသော ဈေးအား ထိန်းထားဆဲဖြစ်ပါသည်။
အမှန်တော့ Hive ဈေးတက်လာသည့်အတွက် မိမိတို့ Wallet တန်ဖိုးမြှင့်လာသောကြောင့် ပျော်ရပါသည်။ သို့သော် အခြားတဖက်မှကြည့်လျင်လည်း Hive ဈေးတက်လာလေလေ Hive Power စုရခက်လာလေလေ ဖြစ်သည့် အတွက် လူသစ်များ အတွက်တော့ ယခင်ထက် ၂ ဆ ခန့်ပို၍ ကြိုးစားရတော့မည် ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ Cryptocurrency တခုရင့်ကျက်ချိန်တန်လာလျင် ရင်နှီးမြုပ်နှံသူများ မျက်စိကျလာသည်သာ ဖြစ်ပါသည်။ ရင်းနှီးမြုပ်နှံသူများ ဝင်လာသည်နှင့် ဈေးက အလိုလို တက်လာမည်သာ ဖြစ်ပါသည်။
ဤတွင် ယမန်နေ့ဆောင်းပါး၌ အရိပ်အမြွတ်မျှ ဖေါ်ပြပေးခဲ့သော ကိုးရီးယား ရင်းနှီးမြုပ်နှံသူများ အကြောင်းဆက်ပါအုံးမည်။ Steemit စတင် တာထွက်လာသော ၂၀၁၆ ခုနှစ်တွင် ကိုးရီးယားတို့ Cryptocurrency အရူးအမူး အသည်းအသန် ဝယ်စုနေချိန်ဖြစ်ပါသည်။
Bitcoin ရူးကြသူများတွင် ကိုးရီးယားတို့က အခြားသူများထက် လွန်ကဲသည်ဟုပင်ဆိုချင်ပါသည်။ ဤသို့ အရူးအမူး စုကြသော ကြောင့်လည်း အချို့က အလိမ်ခံကြရသလို အချို့က လည် ယခုတော့ သန်းကြွယ်သူဌေး များ ဖြစ်နေကြပြီ ဖြစ်ပါသည်။
ဆိုခဲ့သည့် အတိုင်း Steemit တွင်လည်း ကိုးရီးယားတို့ အတော်ပင်အားကောင်းခဲ့ကာ ကြီးကြီးမားမားပင် မြုပ်နှံထားခဲ့ကြပါသည်။ ဤသို့ဖြင့် Steemit ပိုင်ရှင် အပြောင်းအလည်း တွင် Hive Blockchain ဟူ၍ ထပ်မံပေါ်ထွက်လာခဲ့ပါသည်။
မိတ်ဆွေများသိပြီး ဖြစ်သည့် အတိုင်း Hive Platform တွင် ပိုင်ရှင်မရှိပါ။ သို့သော် Steemit တွင်ပိုင်ရှင်ရှိပါသည်။ ဤ Steemit နှင့် Hive Platform အကွဲအပြဲ ဇတ်လမ်းအား အသေးစိတ်သိလိုလျင် လွန်ခဲ့သော တနှစ်ကျော်ခန့်က ကျွန်တော်တင်ခဲ့သော Videos များ ဆောင်းပါးများအားသာ ရှာဖတ်ပါလေ။
ဤသို့ဖြင့် Steemit အကွဲအပြဲတွင် ကိုးရီးယားတို့က Steemit တွင်ကျန်နေခဲ့ကြပါသည်။ ယခု အဘယ့်ကြောင့် ကိုးရီးယားတို့ Steem အားဆွဲမတင်ပဲ Hive အား ဆွဲတင်ကြပါသနည်း။ အကြောင်း ၂ ချက်ကြောင့် ဖြစ်နိုင်ပါသည်။
ပထမတခုမှာ Hive Power များစုကာ Hive Blockchain တွင် ကိုးရီးယားတို့ Project တခုခု တည်ဆောက်ကြပါလိမ့်မည်။ ဤ အချက်မှန်ကန်သည်ဆိုလျင် ထို Project သည် Blockchain Gaming သာဖြစ်ပါလိမ့်မည်။
ဤသို့ဆိုလျင် Steemit တွင် project ပြုလုပ်၍ မရနိုင်သလော။ မရနိုင်ဟုထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Steemit တွင် SMTs project များပြုလုပ်နိုင်လျင် WAIV သည် Hive Platform သို့ ရောက်လာစရာ အကြောင်းမမြင်ပါ။
ထို့အတူ Steem Engine သည် Steemit တွင် Update မလုပ်တော့ဟုယူဆရပါသည်။ အဘယ့်ကြောင့်ဤသို့ယူဆရသနည်းဆိုသော် ကျွန်တော်တို့ Splinterland မှ SPS transfer လုပ်ရာတွင် Hive Engine သို့သာ transfer လုပ်နိုင်ပါသည်။ Steem Engine မပါဝင်ပါ။
အထက်ပါ အကြောင်းအရာ များအားခြုံငုံကြည့်လိုက်လျင် Steemit တွင် Project များ မတည်ဆောက်နိုင်သည်မှာ သေချာပါသည်။ Steemit တွင် Project လုပ်မည်ဆိုလျင် သေချာပေါက် Tron Blockchain အားသာ အသုံးပြုရပါလိမ့်မည်။ သို့သော် Tron သည် အပြည့်အဝ ထိန်းချုပ်ထားသော Blockchain သာဖြစ်ပါသည်။
ထို့ကြောင့် ကိုးရီယားတို့ Project ပြုလုပ်ရန် Blockchain ရွေးလျင် Community အပြည့်အဝလည်းရှိသည် ၊ တစုံတယောက် မှ ထိန်းချုပ်ထာခြင်း မရှိသည့် လွတ်လပ်သော Hive Blockchain ကိုသာ ရွေးပါလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် Hive Blockchain သည် 3 Second transition / no transition fee လည်း ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဤသည်က ကိုးရီးယားတို့ Hive အားဆွဲတင်သည့် ပထမအချက် ။
ဒုတိယအချက် အနေဖြင့်ပြောရလျင် Hive အားဘူဘောင်း လာဖေါက်ခြင်း ဖြစ်နိုင်ပါသည်။ အဘယ့်ကြောင့် Hive တွင် ဘူဘောင်းလာဖေါက်ကြသနည်းဆိုသော် Hive ရှိ အကောင့် အတော်များများမှာ Power up ထားကြသည်သာ ဖြစ်ရာ ဈေးကွက်တွင်လည်ပတ်နေသော Hive အရေအတွက်သည် နည်းတထက်နည်းလာနေပါသည်။
ထို့အပြင် Power down ချိန် ၇ ရက်ကြာမည်ဖြစ်သောကြောင့် ဈေးကွက် အတွင်းသို့ Hive များစုပြုံ ရောက်လာစရာ အကြောင်းမရှိနိုင်ပါ။ ထို့ကြောင့် Hive တွင် ဘူဘောင်းလာဖေါက်ခြင်း ဖြစ်တန်ရာ။
အဘယ့်ကြောင့် Steem အား ဘူဘောင်း မဖေါက်ကြပါသနည်း မေးစရာရှိပါသည်။ ကိုးရီယားတို့ Steem ဈေးအားဆွဲတင်လိုက်သည်နှင့် Steemit ပိုင်ရှင်သည် ဈေးကွက်တွင် အမြတ်ရယူရန် အသင့်အနေအထားဖြင့် စောင့်နေပါသည်။
အဘယ့်ကြောင့်ဆိုသော် Steemit ပိုင်ရှင်တွင် သန်း ၅၀ ခန့်သော Liquid Steem များ ပိုက်ဘောမိထားသောကြောင့် ဖြစ်ပါသည်။ Steem တွင် သွား၍ ဘူဘောင်းဖေါက်လျင် ဘူးဘောင်းဖေါက်သူတို့ အမြတ်ရလမ်းမမြင်သော ကြောင့်ဖြစ်ပါသည်။
အထက်ဖေါ်ပြပါ အကြောင်းအရာများမှာ ကျွန်တော့ ထင်မြင်ယူဆချက်သာ ဖြစ်ပါသည်။ လူသစ်များအနေဖြင့် ဤဆောင်းပါ ဖတ်ရသည်မှာ နားလည်မည်မဟုတ်ဟုယူဆပါသည်။ အဘယ့်ကြောင့်ဆိုသော် မိတ်ဆွေအနေဖြင့် Steemit CEO , Ned / Tron ပိုင်ရှင် Justin Sun , Steemit နှင့် Hive အကွဲအပြဲ အကြောင်း သေချာ မသိသောကြောင့် ဖြစ်ပါသည်။ ဆိုခဲ့သည့် အတိုင်း ကျွန်တော် ၂၀၂၀ / February ခန့်တွင် ရေးသားခဲ့သော ဆောင်းပါးများ ဖတ်ကြည့်လျင် နားလည်သွားပါလိမ့်မည်။
Henry Aung ( Kachin )
28/11/2021 - Sunday - 18;15 Pm
လေ့လာသိခွင့်ရလို့ကေျးဇူးပါ
အောင်မြင်ပါစေ... !PIZZA. !LOL. !LUV
lolztoken.com
You are out of jokes for the day!
@kachinhenry you can call @lolzbot a maximum of 4 per day.
Level up by buying more $LOLZ so you can share more jokes per day!
ဖတ်မှတ်လေ့လာသွားပါသည်။ ခရစ်တိုလောကကို နားလည်ရန်တော့ အချိန်ယူရပါဦးမည်။ ကျေးဇူးတင်လျှက် .. !LOLZ
lolztoken.com
I wonder what she’s up to now.
@kachinhenry, I sent you an $LOLZ on behalf of @sayalu
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/2)
ကျေးဇူးအများကြီးတင်ပါတယ်။. !PIZZA. !LOL. !LUV
lolztoken.com
You are out of jokes for the day!
@kachinhenry you can call @lolzbot a maximum of 4 per day.
Level up by buying more $LOLZ so you can share more jokes per day!
အကို ထင်တာလဲဖြစ်နိုင်ပါတယ်
အခုလဲ Hive Platform အပြင်ဘက်မှာ NFT Game တွေတော်တော်များများထွက်လာပြီ
ကိုးရီးယားတွေသာ Hive Blockchain ပေါ်မှာ game လုပ်ခဲ့မယ်ဆိုရင်တော့ hive ကအတတ်ဖတ်ကို ရောက်သွားနိုင်မယ် ထင်တယ် အကို
!PIZZA
!LOLZ
lolztoken.com
I was litteraly beside myself.
@kachinhenry, I sent you an $LOLZ on behalf of @naythan
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/6)
ကိုးရီးယား Project တွေသာ ဝင်လာကြည့် ... Hive ဈေး အနည်းဆုံး $30 အထက်မှာ ရှိလိမ့်မယ်။. !PIZZA. !LUV. !LOL
lolztoken.com
You are out of jokes for the day!
@kachinhenry you can call @lolzbot a maximum of 4 per day.
Level up by buying more $LOLZ so you can share more jokes per day!
TRON AND NEDရဲ့အတ္တတွေကို သူမတူအောင် ခွာချနိုင်ခဲ့ပီ ။
အဲ့ကတည်းက hive က အောင်မြင်စွာ မွေးဖွားလာနိုင်ခဲ့ပီ။!PIZZA
အဲလယ်... မိုက်တယ်... Hive ကိုပြောင်းလာတာ မှန်သွားပြီ။. !PIZZA. !LOL. !LUV
lolztoken.com
You are out of jokes for the day!
@kachinhenry you can call @lolzbot a maximum of 4 per day.
Level up by buying more $LOLZ so you can share more jokes per day!
ဘူဘောင်း မဟုတ်ပါစေနဲ့လို့ ဆုတောင်းရင်း
ဂိမ်းသမားတွေ ကံကောင်းပါစေလို့။
!LOLZ
lolztoken.com
You are out of jokes for the day!
@htwegyi you can call @lolzbot a maximum of 6 per day.
Level up by buying more $LOLZ so you can share more jokes per day!
ကျွန်တော်လည်း အဲတာပဲ ဆုတောင်းနေတာ။. !PIZZA. !LOL. !LUV
lolztoken.com
You are out of jokes for the day!
@kachinhenry you can call @lolzbot a maximum of 4 per day.
Level up by buying more $LOLZ so you can share more jokes per day!
မည်သို့ပင် ဖြစ်စေကာမူ HIVE Blockchain ၏ Community တွေကို အာရုံစိုက်ထားဖို့တော့ လိုပေလိမ့်မည်။
!PIZZA
အဆက်မပြတ်လေ့လာနေဖို့တော့လိုတာပေါ့။. !LOL. !PIZZA. !LUV
lolztoken.com
You are out of jokes for the day!
@kachinhenry you can call @lolzbot a maximum of 4 per day.
Level up by buying more $LOLZ so you can share more jokes per day!
အစ်ကို့ရဲ့ ထင်မြင်ချက် အယူအဆလေးတွေက အများကြီး နီးစပ်ပြီး ဖြစ်နိုင်စရာ အကြောင်းအချက်လေးတွေ ဖြစ်ပါတယ်။ပြန်လည် မျှဝေပေးတဲ့အတွက် ကျေးဇူးပါ...!PIZZA
အစ်ကိုလည်း သိထားသလောက်လေး ရေးပြရတာဆိုတော့... ကိုးရီးယား Project တွေရောက်လာရင်.. Hive က ထောင်တက်သွားမှာ. !PIZZA. !LUV. !LOL
lolztoken.com
You are out of jokes for the day!
@kachinhenry you can call @lolzbot a maximum of 4 per day.
Level up by buying more $LOLZ so you can share more jokes per day!
ကိုရီးယားများ က Btc ကို အတော်ရးးသွပ်ကြတာပဲ။
မြန်မာတွေလည်း တစ်ချိန်ချိန်တော့ ရူးသွပ်လာကောင်းပါရဲ့...
Hive စျေးကျကျ တက်တက်၊ ပုံမှန်ပိုစ်တင်၊ ဂိမ်းဆော့နေရဦးမည်သာပေါ့။
ဒီတစ်ခေါက် Hive စျေးတက်တော့ အမြတ်ယူဖို့ Hive မရှိခဲ့ဘူး။
နောက်တော့ Hive ကြိုစုထားရမှာပေါ့။ သူများတွေတွက်တော့ မသိဘူး။
ကျွန်တော်တွက်တော့ HP power တိုးလာစေခဲ့လို့ ကျေးဇူးတင်နေရပါသည်။
ခုလို ဗဟုသုတ ရစရာများ
မျှဝေပေးလို့ ကျေးဇူးပါ ဆာဟင်။
!PIZZA
Hive platform ရှိနေသေးသ၍ ငွေဝင်လမ်း တခု ရှိနေပြီလို့သာ အောက်မေ့ထားတော့ ညီရေ.. !PIZZA. !LOL. !LUV
lolztoken.com
You are out of jokes for the day!
@kachinhenry you can call @lolzbot a maximum of 4 per day.
Level up by buying more $LOLZ so you can share more jokes per day!
ဘူဘောင်းမဟုတ်ဘဲ ရေရှည်မြဲပါစေလို့ပဲ ဆုတောင်းရမှာပဲ။
!PIZZA
အစ်ကိုလည်း ဆုတောင်းပါတယ်။ တခါတလေ များကြာကြာ ကံကောင်းပါရစေလို့။. !PIZZA. !LOL. !LUV
lolztoken.com
You are out of jokes for the day!
@kachinhenry you can call @lolzbot a maximum of 4 per day.
Level up by buying more $LOLZ so you can share more jokes per day!
ပူပေါင်းမဟုတ်ပဲ ကွန်မြူနတီ အသစ်တိုးလာပီး ဘလော့ချိန်းဂိန်းတစ်ခုကို ဆွဲတင်လိုက်ရင်ဖြင့် သားတို့ hive wallet ကလေး စိုပြေလာမယ်ထင်တယ်ဗျာ။
ကျွန်တော်လည်း အဲသလို ဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။. !LOL. !PIZZA. !LUV
lolztoken.com
Mountain Dooby Doo
@nyimwa, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/4)
PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped naythan (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped ansoe (x1)
myothuzar tipped kachinhenry (x1)
kachinhenry tipped myanmarkoko (x1)
kachinhenry tipped myothuzar (x1)
nyinyiwin tipped kachinhenry (x1)
@kachinhenry(13/18) tipped @nweoomon (x1)
kachinhenry tipped nyinyiwin (x1)
kachinhenry tipped sayalu (x1)
naythan tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped sheinthu (x1)
myanmarkoko tipped kachinhenry (x1)
golden.future tipped kachinhenry (x1)
kachinhenry tipped golden.future (x1)
kachinhenry tipped hivebuzz (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped nyimwa (x1)
Join us in Discord!
ကိုဟင်တို့လို အစုံသိထားသူများ ဖြန့်တွေးစဉ်းစားပြထားတာ ဗဟုသုတ များစွာရပါတယ်။ ကျွန်တော့အထင် ကိုရီးယားများ ဘလော့ချိန်းဂိန်းလိုင်းနဲ့ ဟိုက်ဗ်ကို ချိတ်ပီး တွန်းကြမယ်ထင်တယ်ဗျာ။ ကိုက ဂိန်းသမားဆိုတော့ လိုရာဆွဲတွေးသလိုများဖြစ်နေမလား။ !LOLZ !PIZZA
lolztoken.com
He said nothing.
@kachinhenry, I sent you an $LOLZ on behalf of @nyinyiwin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/2)
ကိုးရီးယား Project တွေသာ ဝင်လာကြည့် ... Hive ဈေး အနည်းဆုံး $30 အထက်မှာ ရှိလိမ့်မယ်။ !PIZZA. !LUV. !LOL
lolztoken.com
They both measure wait.
@nyinyiwin, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/4)
မည်သို့ပင်ဆိုစေကာမူ ဇွဲနပဲနဲ့ ဆက်လက်ချီတက်နေပါအုံးမည်။ အကျိုးမည်သို့ဖြစ်စေကာမူ အချိန်ရရင် ရသလို စာရေး ပို့စ်တင်နေပါအုံးမည်။
အကောင်းဆုံး ဖြစ်ပါသည်။. !LOL. !PIZZA. !LUV
lolztoken.com
He had no chance against all 5 of us.
@ansoe, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)
Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Thanks You... !PIZZA. !LOL. !LUV
@kachinhenry(1/1) gave you LUV. | wallet | market | tools | connect | <><
lolztoken.com
It was a knick knack paddywhack!
@hivebuzz, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)
You're welcome @kachinhenry, we wish you a happy buzzy week 😊👍 !BEER ! 🍻
You need to stake more BEER (24 staked BEER allows you to call BEER one time per day)
Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more