လှပသော စိတ်ကူး ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ခေတ်ကာလအခြေအနေက စိတ်ဓာတ်ကျစရာ များနှင့်သာ ကြုံတွေ့နေရသည် ဆိုတော့ အားတက်စရာ စိတ်ဝင်စားစရာ အကြောင်းများ သာ ရေး၍ အဆင်ပြေမည် ဟုထင်ပါသည်။ နေ့စဉ်ဘဝများတွင်လည်း ခက်ခဲ ပင်ပန်း Hive Platform ပေါ်တက်လာလျင်လည်း ထပ်မံ စိတ်ဆင်းရဲရ ဆိုရလျင်ဖြင့် မဟုတ်သေးပါ။

ဘာရယ်မဟုတ် Hive Platform ဖြင့် စိတ်ကူးယဉ်ကြည့် ရန် အဖေါ်စပ်နေခြင်း ဖြစ်ပါသည်။ Hive အနေဖြင့် SPK Network ကြောင့် အောင်မြင်သွားကာ ဈေးများ တရိပ်ရိပ် တက်လာသည် ဆိုကြပါစို့။ Hive ဈေးတက်လာခြင်း နှင့် အတူ ရှိထားပြီးသော Project token များ ဖြစ်သည့် LARYNX / DUAT အစရှိသော token များသည်လည်း ဈေးလိုက်တက်လာကာ token တခုလျင် အနည်းဆုံး USD 50$ ခန့်ဖြင့် ဝယ်ရောင်း ဖြစ်နေကြသည် ချိန်။

Hive Platform ကလည်း လုံးဝရေပန်းစားကာ Blockchain Media တခေတ် ပြောင်းလည်း နိုင်ရန် ရင်းနှီးမြှုပ်နှံကြသူများ BTC အရူးထသကဲ့သို့ Hive အား အလုအယက် ဝယ်ယူစုဆောင်း ကြသော ကြောင့် Hive သည်လည်း ETH နှင့် မတိမ်းမယိမ်း ဒေါ်လာ ၂၀၀၀ ကျော် အဖြစ်သို့ ရောက်လာခဲ့ပြီ ဆိုကြပါစို့။

Hive ၏ အလော့ဂရစ်တမ် အရ Hive ဈေးတက်လေ Hive Power ရရန် ပိုခက်ခဲလေ ဖြစ်လာသည်နှင့် အမျှ ဈေး ကွက်အတွင်း၌လည်း Hive ဝယ်လိုအား မတရားထိုးတက်လာနေချိန် ။ ဤ ကဲ့သို့သော အခြေအနေရောက်လာလျင် မိတ်ဆွေ မည်ကဲ့သို့ စီစဉ်ထားပါသနည်း။

ယခင်ကဲ့သို့ 1 Hive 2 Hive ဟူ၍ ရောင်းဝယ်နေရာမှ 0.003 Hive 0.02 Hive စသည်ဖြင့် သုည နောက် ဒသမခံပြီး အရောင်းအဝယ် လုပ်ကြရတော့မည် ဖြစ်ပါသည်။ သေချာသည်ကတော့ Hive ဖြင့် စာရေးရန် အကောင့်ပေါင်းများစွာ စုပြုံတိုးဝင်လာကြတော့မည် ဖြစ်သလို အများအားဖြင့် Game ကစားလိုသော ကြောင့် ဖြစ်ပါလိမ့်မည်။

ပထမဆုံးပြုလုပ်ရမည့် အလုပ်ကတော့ Hive 200 ခန့် ထုတ်ယူကာ USD $ 2000 ဈေးဖြင့် ရောင်း ၊ ရရှိလာသော USD 4 သိန်းအား HBD ဝယ်ထားကာ Saving အတွင်းသို့ ပို့။ လစဉ် အတိုး USD 40000 ထုတ်ယူယုံသာ။ လက်ရှိ မြန်မာငွေဖြင့် တွက်လျင် မိမိ တလတလ အတိုးရငွေက သိန်း ၈၀၀ ခန့် ။

နောက်ထပ် Hive 200 ခန့် ထပ်မံ ရောင်းထုတ် သိန်းပေါင်း ၈၀၀၀ ခန့်ဖြင့် ကလော / အောင်ပန်း တွင် မြေ ၅ ဧကခန့် ဝယ်ယူ ကာ မိမိစိတ်ဝင်စားရာ သစ်ပင် ပန်းမံ များ စိုက်ပျိုးမည်။ အိမ်စီးရန် အတွက် Toyota Fortuner တစီးလောက် ဝယ်ထားမည်။ ယာခင်းထဲသွားလျင် စီးရန် အတွက်တော့ Hilux 4WD နောက်မိုးဖွင့် တစီးလောက်ရှိလျင် အဆင်ပြေပြီ ဖြစ်ပါသည်။

အလုပ်.... အလုပ်အနေဖြင့် ထွေထွေထူးထူး မလုပ်တော့ပါ။ လစဉ် HBD အတိုးရငွေ ထဲမှ သိန်း 300 မတည်ကာ ပရဟိတ Hive Myanmar အဖွဲ့ ဖွဲ့မည်။ လိုအပ်နေသည့် နေရာ များအား လိုအပ်သလို လှူဒါန်းမည်။

Hive Myanmar Development အဖွဲ့ ဖွဲ့မည်။ Hive Myanmar Community အား ပြန်လည် ပြင်ဆင်ဖွဲ့စည်းကာ Blockchain နည်းပညာအား စိတ်ဝင်စားသော လူငယ်လူရွယ်များအား တွဲခေါ်ယူမည်။ Post တခုလျင် အနည်းဆုံး ဒေါ်လာ $50 ရစေမည်။ Post များအတွက် ကော်ပီ ကင်းစေရန် Quality Control ထားရှိမည်။

စွန့်ဦးတီထွင်လိုသော လူငယ်များအား မြေတောင် မြှောက်ပေးမည်။ ဥပမာ လူငယ်တယောက်က မိမိတွင် အိုင်ဒီယာ ရှိသည်။ တီထွင်ရန် ငွေကြေးမရှိ လုပ်ငန်း စရန် ငွေကြေးမရှိ ဖြစ်နေပါက Hive Myanmar Development Fund မှ အတိုးမဲ့ ငွေ ချေးယူနိုင်သည်။ ထိုလူငယ်၏ project ဖြစ်နိုင်မဖြစ်နိုင် ဆိုသည်အား Hive Myanmar Development အဖွဲ့က မဲခွဲဆုံးဖြတ်ကာ ချေးငွေချထားပေးမည် ဖြစ်ပါသည်။

Hive Myanmar Development Fund အား မတည်ငွေ Hive 2000 ဖြင့် စတင်မည်။ Hive 2000 ဆိုတော့ USD သိန်း ၄၀ / မြန်မာငွေ ကျပ်သိန်းပေါင်း ၈၀၀၀၀ ။ မဆိုးဘူးဟု ပြောရမည်။အဖွဲ့ဝင်များအတွက် လစာ..... လစာ သီးသန့်ပေးစရာ မလိုပါ။ အဖွဲ့ဝင်များ စာရေး ၍ Post တင်။ အဖွဲ့ဝင်တိုင်း၏ Post အား Hive Power 10000 ဖြင့် vote ပေးမည်။ post တခုလျင် အနည်းဆုံး $200 ခန့် ရစေမည်။

၂ လတကြိမ် နိုင်ငံခြား ခရီးထွက်မည်။ ရောက်လေရာ နိုင်ငံမှ ပန်းမျိုးစိတ်များ ဝယ်ယူလာ၍ ကလောခြံတွင် စမ်းသပ်စိုက်ပျိုးမည်။ ထို အပင်များ အကြောင်း ဆောင်းပါးရေး၍ Post တင်မည်။

ဟင်းသီး ဟင်ရွက် သစ်သီ ဝလံများအား ဈေးမှ ဝယ်မစားတော့ပဲ ကိုယ်တိုင် စိုက်ပျိုးစားသောက်မည်။ ဗာလနံတသိုက် မာလကီးယား / Hive လည်း USD 2000$ ဈေးရောက်။ စိတ်ကူးထားသမျှ အားလုံး အကောင်ထည်ဖေါ်။ဘယ်လောက်လှပလိုက်တဲ့ စိတ်ကူးလဲလို့။

Henry Aung ( Kachin )

04/05/2022 - Wednesday - 17;29 Pm



0
0
0.000
15 comments
avatar

ကိုယ်ရဲ့ ဒီစိတ်ကူး သာယာတဲ့ကမ္ဘာလေး
သာယာတဲ့ကမ္ဘာလေး
လိုနေတာကတော့
Hive
ဈေးတက်ဖို့ပဲ။
!LOL
!PIZZA

0
0
0.000
avatar

People who are color blind have the highest rates of divorce.
They can't see the red flags.

Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(1/6)

0
0
0.000
avatar

တက်မှာ ကြည့်နေ... ၂၀၀၀$ လောက်ထိ တက်လာမှာ။!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(6/15) tipped @htwegyi (x1)
myanmarkoko tipped kachinhenry (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped kaunglay2 (x1)
kachinhenry tipped myanmarkoko (x1)
kachinhenry tipped uthantzin (x1)
uthantzin tipped kachinhenry (x1)

Please vote for pizza.witness!

0
0
0.000
avatar

😊​တွေးကြည့်တာနဲ့တင် ​ပျော်စရာကြီး ကိုဟင်
!LOLZ!PIZZA

0
0
0.000
avatar

တခါတလေ တော့လည်း အဲသလို စိတ်ကူးယဉ်ပေးရတာပေါ့။ ကြံဖန် ပျော်ကြည့်ရတာ။ 😁😁😁 !LOL

0
0
0.000
avatar
(Edited)

ဟီး အဲလိုလေး စိတ်ကူးယဥ်ခွင့်ရတာ အမြတ်ပဲ 😅

!PIZZA

0
0
0.000
avatar

တခြားသူတွေ မရနိုင်တဲ့ အခွင့်အရေး။ !PIZZA

0
0
0.000
avatar

စာဖက်ရင်ကို စိတ်ကူးယဥ်ပျော်နေပြီး!LOLZ

0
0
0.000
avatar

တခါတလေ တော့လည်း အဲသလို စိတ်ကူးယဉ်ပေးရတာပေါ့။ ကြံဖန် ပျော်ကြည့်ရတာ။!PIZZA

0
0
0.000
avatar

ကောင်းလိုက်တဲ့ စိတ်ကူးပါပဲဗျာ ပျော်စရာကောင်းလိုက်တာ...တစ်ကယ်ဖြစ်ရင်တော့ဖြင့်....!PIZZA

0
0
0.000
avatar

ဖြစ်လာမယ်လို့ မျှော်လင့်ရတာပါ့။ !PIZZA

0
0
0.000