အာဖဂန်နစ္စတန် ငလျင်လှုပ်ခတ်မှု

avatar

img_0.6882841969935812

အာဖဂန်နစ္စတန်မှာတော့ အင်းအာပြင်းငလျင်လှုပ်ခက်မှုကြောင့် လူ၉၂၀ လောက်သေဆုံးခဲ့ပြီးတော့ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လို့ ထိုနိုင်ငံကိုသိမ်းထားတဲ့ တာလီဘန်တွေက ဆိုထားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရဲ့ အရှေ့ပိုင်မှာ ငလျင်ကြောင့် မြေပြိုမှုတွေအပြင် ရွှံတွေ တည်ဆောက်ထားတဲ့ လူနေအိမ်တွေပါ ပြိုကျပြီးပျက်စီးသွားခဲ့ရတဲ့ video တွေကို တွေ့နေရပါတယ်။ထိုအပျက်အစီးတွေအောက်မှာ ဒဏ်ရာရပိတ်မိနေတဲ့ လူတွေကို ကယ်ထုတ်ပြီး ဆေးကုသပေးဖို့ ကယ်ဆယ်ရေးဝန်ထမ်းတွေ ကြိုးစားလုပ်ဆောင်နေပါတယ်။

မြို့နဲ့ဝေးလံခေါင်ပါးတဲ့နေရာဒေသက ဒဏ်ရာရပြည်သူတွေကို ရဟန်ယာဉ်တွေကိုအသုံးပြုပြီးတော့ ဆေးရုံတွေကို ပို့ပေးပြီး ဆေးကုသပေးနေပါတယ်။အာဖဂန်နစ္စတန်နိုင်ငံရဲ့ ကျေးလက်ဒေသတော်တော်များများက နေအိမ်တွေဟာဆိုရင်ဖြင့် ခိုင်ခံ့စွာတည်ဆောက်ထားခြင်း မရှိတာကြောင့် ငလျင်လှုပ်တာနဲ့ ထိခိုက်ပျက်စီးမှု ကြီးမာပါတယ်။

မနက်စောစော ၁နာရီ လောက်ဆိုတော့ လူတွေအနေနဲ့လဲ အိပ်ယာထဲမှာရှိနေတဲ့အချိန် နိုင်ငံရဲ့အရှေ့တောင်ပိုင် ၂၇မိုင်လောက်ကနေပြီး ငလျင်လှုပ်ခဲ့ပါတယ်။ထိုအတွက်ကြောင့် နေအိမ် ရာထောင်ချီထိခိုက်သလို သေဆုံးတဲ့လူဦးရေတွေကလဲ လက်ရှိထက် တိုးလာဖို့ပဲရှိပါတော့တယ်။

အာဖဂန်နစ္စတန်နိုင်ငံဟာဆိုရင်ဖြင့် ငလျင်ကြောပေါ်တည်ရှိနေသောကြောင့်နှစ်စဥ်နှစ်တိုင်လိုလို ငလျင်ဒဏ်ကြောင့် ပျမ်းမျှလူဦးရေ ၅၂၀လောက် သေဆုံးလေ့ရှိပါတယ်။
@kaunglay2
23:00PM



0
0
0.000
2 comments
avatar

အင်း ဒုက္ခ က အဖော်တွေနဲ့ ဆိုသလို။
!PIZZA

0
0
0.000