အရင်လိုပြန်ဖြစ်နေပြီးလား

avatar

img_0.6882841969935812

ဒီနေ့က sunday ဆိုတော့ အလုပ်ပိတ်ရက်ဖြစ်ပါတယ်။ဝန်ထမ်းဘဝဆိုတော့ sunday ရောက်တိုင် အပျော်ဆုံးနေ့တနေ့ပါပဲ။ကျတော်တင်မဟုတ်ပါဘူး ဝန်ထမ်းတိုင်း sunday ရောက်တိုင်း ပျော်နေကြတာချည်းပါပဲ။

တချိူ့လူတွေကြတော့အဲနေ့ရောက်ရင် သူငယ်ချင်းတွေဆုံပြီးတော့ ဆိုင်တွေထိုင်ကျနဲ့ စကားတွေဘာတွေပြောပြီး အပန်းဖြေတတ်ကြတယ်။ချစ်သူတွေရှိတဲ့လူတွေအနေနဲ့တော့ တနေနေရာသွားပြီးတော့ အေးအေးလူလူ ချိန်းတွေ့ကြတယ်။တချို့ကြတော့ ရုပ်ရှင်အတူတူကြည့်ပြီး shopping တွေထွက်ကြပါတယ်။

ဒီနေ့မှာတော့ ကျတော်လဲအလုပ်မအားတာနဲ့ ဘယ်သူငယ်ချင်းနဲ့မှမဆုံဖြစ်တော့ပါဘူး။အရင်ပတ်ကတော့ သူငယ်ချင်းတစ်ယောက်နဲ့ဆုံပြီးတော့ သူနဲ့ဖုန်းဝယ်ပြီးဆိုင်ထိုင်ဖြစ်ခဲ့ပါတယ်။ဆိုင်ထိုင်ဖြစ်တော့ အရင်တုန်းကအကြောင်းလေးဘာလေတော့ ပြောဖြစ်ခဲ့ကြတယ်ပေါ့။

ဒီနေ့အလုပ်ကိစ္စအပြင်ကိုသွားဖြစ်ခဲ့ပါတယ်။အပြင်သွားဖြစ်တော့ အပြင်ကအကြောင်းလေးတွေ တွေ့လိုက် မြင်လိုက် ကြားလိုက်ပေါ့ဗျာ။ကြားရက်တွေ့ကြတော့ အလုပ်ထဲမှာပဲရောက်နေပြီးတော့ အပြင်ကအကြောင်းတွေကို facebook ပေါ်မှာပဲ မြင်ရ ကြားရပါတယ်။အခုတော့ မျက်မြင်ကိုယ်တွေ့ပေါ့။

ကျတော်လဲ အရင်တုန်းကလူတွေစည်းကားနေကြနေရာလေးတွေ တွေ့တော့အရင်တုန်းကလို ပြန်စည်းကားနေတာကို တွေ့ရတော့ ရင်ထဲမကောင်းဖြစ်မိတယ်။မြို့ပေါ်ကလူတွေ သွားကြလာကြ စားကြသောက်ကြနဲ့ တောထဲလူတွေကို အားမနာကြတာကို တွေ့မိ မြင်မိတော့ ရင်ထဲတော့ အတော်ဝမ်းနည်းမျသား။

သူများတွေက သွေးချွေးအသက်တွေရင်နှီးပြီးတော့ တောထဲမှာ အနေဆင်းရဲ အစားဆင်းရဲနဲ့ ရုန်းကန်နေရတဲ့အခြေအနေကို ဘာလို့နားမလည်းကြတာလဲလို့ ရင်ထဲမှာပြောမိတယ်။တချိူ့လူတွေများ ဘယ်နေရာရောက်လို့ ဘာတွေစားနေတယ်ဆိုတာအစ လိုင်းပေါ်မှာ ကြွားတာကိုတွေ့မိရင် အသေမုန်းတယ်။ကိုယ်တွေလဲ စားပါတယ် တော်လှန်ရေးကာလမှာတော့ ဘာတခုမှမတင်ခဲ့ဘူး။သွားတယ်လာတယ်။အဲလိုတော့ တောထဲကလူတွေကို စိတ်အနှောက်အယှက်မပေးဘူး။ဘဝကြီးက အရင်လိုပြန်ဖြစ်နေပြီးလား?
@kaunglay2
22:30PM



0
0
0.000
1 comments
avatar

မြင်ရတွေ့ရ အဆင်မပြေတဲ့ဘဝတွေက

0
0
0.000