ဘယ်တော့ပြီးမလဲ

avatar

img_0.6882841969935812

မြန်မာပြည်ကြီးကအတော်ကို အန္တရာယ်များတဲ့အနေအထားတစ်ခုကိုရောက်ရှိလို့သွားခဲ့ရပါပြီး။အပြင်ကို အကြောင်းတခုခုကြောင့် မဖြစ်မနေထွက်ရရင်တောင် ကိုယ်ကိုကိုယ် ကာကွယ်ဖို့အတွက် ​တခုခုတောင် ဆောင်သွားရမလို့တောင်ဖြစ်နေပါပြီး။

အခုဟာကဘယ်သွားသွား သူခိုးရန်ကကြောက်ရသလို စကစရဲ့ရန်ကလဲ ကြောက်နေရတယ်။မထင်ရင်မထင်သလို လုယှက်သူတွေက ဘေးနားကနေ လူပြတ်တဲ့နေရာတွေမှာ ဖုန်းလုရတာနဲ့ ရွှေလုရတာနဲ့ ဆိုင်ကယ်အကောင်းစားလေးဆိုရင် ဓားခုတ်ပြီးလုရတာနဲ့ အတော်ကိုဆိုးဝါးနေပါတယ်။

စကစရဲ့ရှေ့ကိုဖြတ်ပြီးမသွားရဲတဲ့အထိကို ဆိုးတဲ့အခြေအနေပါပဲ။ပြည်သူလူထုခများ အန္တရာယ်ကြားထဲမှာ ဝမ်းရေးအတွက်ဖြေရှင်းရတာတမျိူး သူခိုး ဂျပိုးတွေကိုလဲ ရှောင်းရတာတမျိူးနဲ့ အသွားမတော်တစ်လမ်း အစားမတော် တလုတ် စကားပုံထဲကလို အဖြစ်နဲ့ရင်ဆိုင်နေရတယ်။

အခုဆိုရင် ကြားရတဲ့သတင်းတွေကတနေ့တခြားကို ပိုပိုဆိုးလားလို့နေပါတယ်။အပြင်ထွက်ရင် လူလိုင်စင်တင်မက မှတ်ပုံတင်ပါတပါးတည်းယူသွားရဦးမယ်။အခန့်မသင့်လို့ အလုခံရရင် အကုန်ပါမယ့်သဘောမှာရှိနေတယ်။အဝတ်အစား ဆိုရင်လဲ စကစရဲ့ ရှေ့ဖြတ်မိလို့ သဘောမကျရင်လဲ အပစ်ခံရဦးမယ်။လက်ယားလို့ ပစ်ရင်လဲ ကိုယ့်အသက်သေတာပဲအဖက်တင်မယ် ဘာမှလုပ်ခွင့်မရှိသလို ပြောပိုင်ခွင့်လဲမရှိပြန်ဘူး။

အခုလိုအဖြစ်အပျက်တွေဘယ်တော့ပြီးမလဲ အစစအရာရာတွေကလဲ ကြောက်နေရသလို သွားရလာရတာတွေကလဲ အကြောက်တရားနဲ့သွားနေရတယ်။ဘယ်အချိန်မှာ အနောက်ကနေ ဓားနဲ့ခုတ်သွားမလဲ ဘယ်နေရမှာ သေနတ်နဲ့အပစ်ခံရမလဲဆိုတာကို တွေးနေရတဲ့ဘဝပါလားနော်။
@kaunglay2
22:40PM



0
0
0.000
2 comments