ပြည်သူတွေကို လောင်စာဆီရောင်ချမှု ပိတ်ပင်းလိုက်တဲ့ သီရိလင်္ကါ

avatar

img_0.6882841969935812

သီရိလင်္ကါနိုင်ငံကရဲ့စီးပွားရေးအခြေအနေဟာဆိုရင်ဖြင့် တနေ့ထက်တနေ့ကိုပိုပိုဆိုးရွာလာနေပါတယ်။ကြားထဲက ယူကရိန်းနဲ့ရုရှားအရေးကြောင့်လဲ ရေနံစျေးတွေက တဖြည်းဖြည်းနဲ့တက်လာပြီးတော့ သီရိလင်္ကါနိုင်ငံမှာတော့ စက်သုံးဆီတွေကို ခွဲတမ်းအနေနဲ့ ရောင်းချနေရပါတယ်။

သီရိလင်္ကါအစိုးရအနေနဲ့ မသုံးဖြစ် နိုင်ငံအတွင်းကသုံးဖို့မလိုအပ်တဲ့ မော်တော်ယာဥ်တွေရဲ့ ဆီဝယ်ယူမှုတွေကို ရောင်းချဖို့အတွက် ဆိုင်းငံ့ထားဖို့ကို ညွှန်ကြာထားပါတယ်။နောက်ပြီးတော့ နိုင်ငံအတွင်းမှာရှိနေတဲ့ ကျောင်းတွေအားလုံးကိုလဲ ပိတ်ထားဖို့နဲ့ ပြည်သူအားလုံး ကိုယ့်အိမ်မှာကိုပဲ အလုပ်လုပ်ဖို့ကိုလဲ ညွှန်ကြားထားပါတယ်။

သီရိလင်္ကါနိုင်ငံအနေနဲ့ လောင်စာဆီနဲ့အစားအစာ တို့လို သွင်းကုန်ပစ္စည်းတွေကို ဝယ်ယူနိုင်ဖို့အတွက် နိုင်ငံတိုင်နဲ့ဆွေးနွေးနေရပြီးတော့ နိုင်ငံအတွက် ငွေကြေးအချို့အကူအညီရဖို့အတွက် နိုင်ငံတိုင်းနဲ့လဲ သဘောတူညီချက်ရဖို့ ဆွေးနွေးပြောဆိုနေပါတယ်။

သီရိလင်္ကါနိုင်ငံအနေနဲ့ လာမယ့်သီတင်းနှစ်ပတ်အတွင်းမှာ နိုင်ငံအတွင်းမှာရှိနေတဲ့ ဘက်စ်ကားတွေ ရထားနဲ့ ဆေးကုသရာမှာ အသုံးပြုနေတဲ့ လူနာတင်ယာဥ် အစားအသောက်သယ်ယူပို့ဆောင်ပေးနေတဲ့ မော်တော်ယာဥ်တွေကို လောင်စာဆီဖြည့်ခွင့်ပေးထားပြီးတော့ ကျန်မောတော်ယာဥ်များအနေဖြင့် တိုကင်စနစ်နဲ့ နှစ်ပတ်တစ်ခါလောက်ပဲ လောင်စာဆီဖြည့်ဖို့အတွက် ညွှန်ကြားထားပါတယ်။

လောင်စာဆီဝယ်ယူခွင့်ညွှန်ကြားချက်ကြောင့် သီရိလင်္ကါပြည်သူတွေကတော့ ထိုညွှန်ကြားချက်ကြောင့် နောက်ထပ်ပြဿနာတွေနဲ့ ပိုရင်ဆိုင်လာဖို့ပဲရှိတယ်ဆိုပြီးတော့ ထိုနိုင်ငံက အငှာယာဥ်မောင်းနေတဲ့ ပြည်သူတစ်ယောက်ကဆိုထားပါတယ်။သီရိလင်္ကနိုင်ငံကတော့ သာမန်ပြည်သူတွေကို လောင်စာဆီရောင်းချမှု ရပ်ဆိုင်းလိုက်တဲ့ ၁၉၇၀ ခုနှစ်နောက်ပိုင် ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။
@kaunglay2
23:10PM



0
0
0.000
2 comments
avatar

တော်တော် ဆိုးနေတာပဲ

!PGM

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT tokens to @kaunglay2

remaining commands 2

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-2.5 BUDS-0.01 MOTA-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000