ပြည်တွင်း ပြည်ပ မွေးနေ့အထိမ်းအမှတ်

avatar

img_0.6882841969935812

ပုံမှန်ဆိုရင်ပုံမှန်ဆိုရင်ပုံမှန်ဆိုရင်ပုံမှန်ဆိုရင် သေနတ်သံတွေ ဗုံးသံတွေ သတ်ဖြတ်မှုတွေ ဒလန်ရှင်းလင်းမှုတွေ ရွာလုံးကျွတ် မီးရှို့မှုတွေ သေဒဏ်တွေ စိတ်မသက်စရာသတင်းတွေ social media ထက်မှာ ပလူးပျံနေအောင် တွေ့နေရပေမယ့် ၁၉ရက်နေ့ မွေးနေ့မှာတော့ ကျန်းမာပါစေဆိုတဲ့ ဆုတောင်းတဲ့ အရေးအသားနဲ့post တွေက ကျယ်ကျယ်ပြန့်ပြန့်ကိုတွေ့နေရပါတယ်။

မြန်မာပြည်ရဲ့ တောရော် မြို့ပါမကျန် အသက် ၇၇နှစ်အရွယ် မွေးနေ့ဆုတောင်းပွဲပြုလုပ်တဲ့ စာတွေ ဓာတ်ပုံတွေ အရင်ကထက်ကို social meida ထက်မှာ သိသိသာသာကို တွေ့မြင်ခဲ့ရတယ်။ဒါတွေဟာ မြန်မာပြည်သူ ပြည်သားတွေရဲ့ အမေစုလို့ ခေါ်နေကြတဲ့ ဖမ်းဆီးခံနေရတဲ့ နိုင်ငံရဲ့မိခင် အပေါ်ထားရှိတဲ့ မေတ္တာတရားတွေကို ပြသတဲ့ဆုတောင်းစကားတွေပဲဖြစ်ပါတယ်။

မြန်မာပြည်ရဲ့နေရာဒေသအလိုက် မွေးနေ့ဆုတောင်းစကားတွေရှိသလို မွေးနေ့ကိတ်ခွဲတဲ့ ဒေသတွေလဲ ရှိပါတယ်။တချိူ့တော်လှန်နေတဲ့ တော်လှန်ရေးအင်းအားစုတွေအနေနဲ့လဲ စုပေါင်းပြီးတော့ မွေးနေ့ဆုတောင်းစကား ဒါမှမဟုတ် ထိုနေ့အတွက် မွေးနေ့ကိတ်ခွဲပေးခဲ့ကြပါတယ်။စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေပါမကျန် အမေအတွက် ဆုတောင်းပေးပြီး မွေးနေ့ကိတ် ခွဲပေးခဲ့ကြတယ်။

ပြည်တွင်းတင်မကပဲ ပြည်ပမှာလဲ မွေးနေ့အထိမ်းအမှတ် ပြုလုပ်ပေးခဲ့ကြပြီးတော့ နှင်းဆီပန်း အနီတွေနဲ့ ပန်းသပိတ်ပါပြုလုပ်ပေးခဲ့ကြပါတယ်။ပါတီရဲ့ထိပ်ပိုင် တာဝန်ရှိသူတွေအနေနဲ့လဲ မွေးနေ့ရှင်အတွက် online meeting နဲ့ မွေးနေ့ပွဲကျင်းပပေးပြီးတော့ NUG ရဲ့ ယာယီသမ္မတအနေနဲ့လဲ နိုင်ငံအပေါ်စွန့်လွှတ်အနစ်နာခံပြီးတော့ ပေးဆပ်နေခဲ့လို့ ပြည်သူလူထုတွေအနေနဲ့လဲ ချစ်ခင်ပေးကြတယ်လို့ ထိုonline meeting မှာ ပြောကြားသွားခဲ့ပါတယ်။
@kaunglay2
22:30PM



0
0
0.000
0 comments