ထိရောက်တဲ့အကူအညီတွေ ရချင်မိ

avatar

img_0.6882841969935812

ယူကရိန်းနိုင်ငံကတော့ယူကရိန်းနိုင်ငံကတော့ မြန်မာထက်စာရင်အကူအညီတွေက နိုင်ငံတိုင်းကနေကိုရရှိနေပါတယ်။ဘယ်နိုင်ငံကတော့ ယူကရိန်းကိုဘာတွေကူညီပေးလိုက်ပြီး ဟိုနိုင်ငံကတော့ ယူကရိန်းကို လက်နက်တွေပို့လိုက်ပြီးနဲ့ တခုပြီးတခုကို ယူကရိန်းကတော့ ရနေတော့တာပါပဲ။

မြန်မာနိုင်ငံအနေနဖြင့် အကူအညီဆိုတာ စာရွက်ပေါ်မှာ မှင်လေးတစ်စက်လေးတာရရှိလို့နေပါတယ်။ဟိုနိုင်ငံကနေပြီးတော့ စာရွက်ပေါ်မှာ မှင်လေးနဲ့ဘာဖြစ်တယ် ဒီနိုင်ငံကတော့ စာရွက်ပေါ်မှာမှင်လေနဲ့ ညာဖြစ်တယ်ဆိုတာလောက်ပဲ ထိရောက်မှုမရှိတဲ့ အကူအညီလေးသာရရှိလို့နေပါတယ်။

ထိုအကူအညီကြောင့်ရရှိနေတဲ့အကျိူးကျေးဇူးတွေကတော့ တနေ့ထက်တနေကို ရွာတွေမီးရှို့တာခံလိုက်ရ ​အိမ်တွေမီးရှို့တာခံလိုက်ရနဲ့ အဆောက်အဦးတွေ မီးရှို့ခံလိုက်နဲ့ ပြည်သူတွေခများ အိုးမဲ့အိမ်မဲ့တွေဖြစ်ကုန်ပြီး။စစ်ပွဲတွေ ဖြစ်လို့ ဟိုပြေးလိုက်ရ ဒီပြေးလိုက်ရနဲ့ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်တဲ့ လူဦးရေတွေကလဲ တိုးလာလို့နေပါတယ်။

ဒီရွာမှာလာတိုက်လို့ ဟိုဘက်ရွာပြေးလိုက်ရနဲ့ အဲရွာကိုလိုက်တိုက်လို့ ဘုန်းကြီးကျောင်းပြေးလိုက်ရနဲ့တဖန်ငြိမ်းချမ်းသွားလို့ ကိုယ့်ရွာကို ပြန်နေမယ်လို့ ပြန်လာတော့လဲ အိမ်တွေတစ်လုံးမှမရှိတော့ဘဲ မီးထဲပါသွားတဲ့အိမ်ကပါသွားပြီး တချိူ့ဆို အနှစ်နှစ် အလလကစုထားတဲ့အရာတွေ တစ်ခါတည်းနဲ့ပျက်စီးသွားခဲ့ရတော့ ရူးမတက်ခံစားရတဲ့လူတွေကလဲ ဒုနဲ့ဒေပါပဲ။

အခုဆိုရင် စစ်ဘေးရှောင်တဲ့လူဦးရေဟာဆိုရင်ဖြင့် တစ်သန်းကျော်ရှိလာလို့နေပါပြီး။နိုင်ငံတိုင်းအခုလို စာရွက်လေးပေါ်မှာ မှင်လေးတစ်ခုနဲ့ ဆက်ပြီးတော့ မထိရောက်တဲ့ အကူအညီသာပေးနေမယ်ဆိုရင်တော့ နောက်ထပ် စစ်ဘေးရှောင်တဲ့ လူဦးရေဟာဆက်တိုးဖို့ပဲရှိပါတော့တယ်။
@kaunglay2
22:00PM



0
0
0.000
0 comments