US ရဲ့ထောက်ပံ့မှု

avatar

၂၀၂၂ ဖေဖော်ဝါရီလကနေ ဒီနေ့အထိ ရုရှားက ယူကရိန်းကို သိမ်းပိုက်ဖို့ ကြိုးစားနေဆဲပါပဲ။ရုရှားအနေနဲ့လဲ ခုအချိန်ထိ ကြိုးစားနေသလို ယူကရိန်းဘက်ကအနေနဲ့လဲ အစွမ်းကုန်ကို ကာကွယ်တိုက်ခိုက်နေဆဲပါပဲ။

Military Power အရ ရုရှားက စစ်သည်အင်းအား စစ်ဖက်ဆိုင်ရာ အသုံးအဆောင် အင်းအားတွေက ယူကရိန်းထက် ၁၀ ဆ​လောက်သာပေးမယ့်လဲ ၆ လကျော်ကြာတဲ့အထိ ထိရောက်တဲ့အောင်မြင်မှုတွေမရရှိ​သေးပါဘူး။

ဒီလိုမျိူးအောင်မြင်မှုမရရှိအောင်လဲ ယူကရိန်းကို နိုင်ငံတကားကနေ အဆင့်မြင့်စစ်လက်နက်တွေ စစ်အသုံးစရိတ်ထောက်ပံ့မှုတွေအပြင် Volunteer အဖြင့် ယူကရိန်းဘက်ကနေ နိုင်ငံတကားက ကူညီအားဖြည့်ပေးနေခဲ့တယ်။
ဒီလိုကူညီပေးနေတဲ့အထဲမှာ အများဆုံးကတော့ US ပါပဲ။အခုတောင် US အနေနဲ့ ယူကရိန်းကို ရုရှားရဲ့ထိုးစစ်ကို တန်ပြန်နိုင်ဖို့အတွက် စစ်ရေးအကူအညီအဖြစ် ဒေါ်လာ သန်းတစ်ထောင် ကူညီထောက်ပံ့ပေးသွားမယ်လို့ မနေ့က ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

ထိုကြေငြာချက်ဟာဆိုရင် US သမ္မတရဲ့အထူးအမိန့်နဲ့သီးခြားပေးတဲ့ အများဆုံးပမာဏပဲလို ပြောသွားပါတယ်။တစ်ဆက်တည်းမှာပဲ ပင်တဂွန်ဌာနချူပ်ကနေပြီးတော့ ယူကရိန်းကိုရုရှားရဲ့ထိုးစစ်တွေ တန်ပြန်နိုင်ဖို့အတွက်အလွယ်တကူ ရွှေ့ပြောင်းနိုင်တဲ့ ဒုံးလက်နက်တွေအပြင် နောက်ထပ် ထူးခြားတဲ့ အကူအညီတွေးပေးဖို့ရှိသေးတယ်လို့လဲ ကြေငြာသွားခဲ့ပါတယ်။

US အနေနဲ့ ယူကရိန်းကိုစတင်ပြီးတော့ ကျူးကျော်တိုက်ခိုက်တဲ့အချိန်ကနေ ယနေ့အချိန်ထိ ယူကရိန်းကို ကူညီထောက်ပံ့ခဲ့တဲ့ ပမာဏက ဒေါ်လာသန်းကိုးထောင်နီးပါးထိ ရှိသွားပြီးလို့ စစ်တမ်းအရသိရပါတယ်။
@kaunglay2
23:00PM



0
0
0.000
4 comments
avatar

သန်းကိုးထောင် တို့ဆီ နည်းနည်းလေးသာ ဖဲ့ပေးကြည့်စမ်းပါလေ။
!PIZZA

0
0
0.000