ဥရောပတလွှားမှာတိုးချဲ့မယ့် NATO

NATO အနေနဲ့ ရုရှားက ယူကရိန်းကိုကျူးကျော်မှုနောက်ပိုင်မှာ NATO အဖွဲ့အတွင်း ပြောင်းလဲလာတဲ့သဘောထားအညီ ဥရောပမှာ အမေရိကန်စစ်စခန်းတွေ ပိုပြီးတော့ ဖြန့်ကျဲချထားတော့မယ်လို့ NATO အကြီးအကဲကဆိုလိုက်ပါတယ်။
NATO ဟာအခုအခြေအနေမှာ အရင်ကတပ်လှန့်အင်းအားက ၄ထောင်ပဲရှိပြီးတော့ နောက်နှစ်ဆိုရင်တော့ စစ်အင်းအားက ၃ သိန်းထိ တိုးမြင့်အသင့်ပြင်ထားတော့မှာပဲ ဖြစ်ပါတယ်။NATO ဟာ အရပ်ရှစ်မျက်နာအားလုံးကို ကြည်၊ရေ၊လေ ဘက်ပေါင်းစုံကို တိုးချဲ့သွားမယ်လို့ စပိန်မှာလုပ်တဲ့ ထိပ်သီးအစည်းအဝေးပွဲမှာ သမ္မတဘိုင်ဒန်က ဆိုသွားပါတယ်။
ဘိုင်ဒန်အနေနဲ့ အခုလို NATO စစ်အင်းအားတိုးချဲ့တာဟာ အခုလောက်တစ်ခုမှ လိုအပ်တာမျိူးမဖြစ်ဖူးဘူးလို့ ဆိုပါတယ်။NATO အကြီးအကဲကလဲ စစ်အေးခေတ်နောက်ပိုင်မှာ NATO အနေနဲ့ အကြီးမာဆုံး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ဆိုထားပါတယ်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကလဲ NATO ရဲ့ခုခံအင်းအားတွေကို စစ်သင်္ဘော၊တိုက်လေယာဥ်၊မြေပြင်စစ်သား အသင့်ထားရှိမှု စတာတွေအသုံးပြုပြီးတော့ တိုးချဲ့လိုက်တာဖြစ်သလို စစ်ရဲ့အချက်အလက်တွေကိုတော့ လျှို့ဝှက်ချက်အကြောင်းအရာတွေဖြစ်တာမို့ အကဲဆတ်ဖြစ်နေသောကြောင့် အသေးစိတ်တော့ ထုတ်ဖော်ပြောမသွားချေ။