Airdrop

avatar

Bitget wallet ဟာ သူတို့ရဲ့ကိုယ်ပိုင် native token ဖြစ်တဲ့ BWB ထုတ်ဖို့ ကြေငြာလာပါတယ်။ အရင်က Bitkeep wallet အဖြစ်နဲ့ သိကြပေမယ့် Bitget CEX (Centralized Exchange) ကနေ ဝယ်ယူခဲ့ပြီးနောက်မှာတော့ Bitget wallet အဖြစ် နာမည်ပြောင်းခဲ့ပါတယ်။ Bitget wallet အဖြစ် ပြောင်းလဲခဲ့ပြီးနောက် 6 လကျော်အကြာမှာတော့ ကိုယ်ပိုင် token BWB အတွက် $30 million မ,တည်ငွေရခဲ့ပါတယ်။

လောလောဆယ်မှာတော့ BWB ရဲ့ total supply ကို 1 billion အထိ သတ်မှတ်ထားပြီး ဒီထဲကမှ 5% ကို Bitget wallet ထဲမှာ cryptocurrency တွေ ထည့်ထားသူတွေနဲ့ point သတ်မှတ်ချက်ပြည့်မှီသူတွေဆီကို airdrop အဖြစ် ပေးနေပါပြီ။ ဒါကြောင့် Bitget wallet ထဲမှာ အရင်တည်းက cryptocurrency ထည့်သိမ်းထားသူတွေ၊ point တွေစုထားကြသူတွေအနေနဲ့ airdrop ရ၊ မရ စစ်ကြည့်ကြလို့ ရနိုင်ပါပြီ။

Bitget wallet ဟာ Asia-Pacific ဒေသတွင်းမှာ နာမည်ကြီး wallet တွေထဲကတစ်ခုလည်း ဖြစ်သလို user ပေါင်း 19 million လည်းရှိနေပါတယ်။ Blockchain ပေါင်း 40 ပေါင်းက crypto token တွေကိုလည်း swap လို့ရနိုင်သလို Google Pay၊ Apple Pay တို့ကနေလည်း credit card တွေ၊ debit card တွေ သုံးပြီး cryptocurrency တွေ ဝယ်ယူလို့ရနိုင်ပါသေးတယ်။

BWB ဟာ Bitget exchange ကျောထောက်နောက်ခံရှိနေတာဖြစ်တာကြောင့် 2024 ခုနှစ်အတွင်း စောင့်ကြည့်သင့်တဲ့ cryptocurrency တွေစာရင်းထဲ ထည့်သွင်းထားသင့်ပါတယ်။
ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီးတော့ cryptocurrency တွေကို ကိုယ်တိုင်လေ့လာဆန်းစစ်ပြီးမှသာ အရောင်းအဝယ်လုပ်ကြဖို့ အကြံပြုလိုပါတယ်။

Reference Link: https://cointelegraph.com/news/bitget-wallet-launch-native-token-1-year-after-30-m-raise

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
3 comments