အကို့ကို ကြည့်ရတာ စိတ်ညစ်နေတဲ့ ပုံပဲ

avatar

အိန္ဒိယဘဏ္ဍာရေးရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ E-Nuggets ဆိုတဲ့ mobile app ကနေ လိမ်လည်မှုနဲ့ ဆက်စပ်ပြီးတော့ $1.6 million နဲ့ညီမျှတဲ့ 85.9 BTC ကို သိမ်းဆည်းလိုက်ပါတယ်။ ဒီ crypto တွေဟာ Binance account ထဲမှာ သိမ်းဆည်းထားတဲ့ crypto တွေဖြစ်ပြီးတော့ $55k လောက်တန်ကြေးရှိတဲ့ WRX token တွေနဲ့ USDT တွေကိုလည်း သိမ်းဆည်းလိုက်ပါတယ်။

E-Nuggets ဟာ covid-19 lockdown ကာလအတွင်း အိန္ဒိယမှာ နာမည်ကြီးခဲ့တာဖြစ်ပြီးတော့ ဂိမ်းပေါင်းများစွာကို တစ်နေရာတည်းမှာ ဆော့လို့ရတဲ့ mobile app တစ်ခုလည်းဖြစ်ပါတယ်။ User တွေက သူတို့ရဲ့ app မှာ deposit တင်ပြီးဆော့ရင် မက်လောက်စရာ အကျိုးအမြတ်တွေပြန်ရမယ်ဆိုပြီးတော့ ဆွယ်ခဲ့ပြီးနောက် သူတို့ဆီမှာ မက်လောက်စရာ deposit ပမာဏတစ်ခု ရပြီးသွားတဲ့အခါမှာတော့ အားလုံးသိတော်မူကြတဲ့အတိုင်း withdrawal ကို ပိတ်ချလိုက်ပြီးတော့ လစ်ပြေးသွားခဲ့တာပါ။

ဒီ E-Nuggets ရဲ့ founder Amir Khan ဟာ WazirX မှာ account တစ်ခုဖွင့်ပြီးတော့ Binance နဲ့ crypto အလွှဲအပြောင်းတွေ လုပ်ထားခဲ့တဲ့ transaction record တွေကိုလည်းတွေ့ရပြီးတော့ အခုတော့ အဲ့ဒီ crypto asset တွေ အကုန်လုံးကို သိမ်းဆည်းလိုက်ပါပြီ။

E-Nuggets နဲ့ ဆက်စပ်နေတဲ့ သံသယဖြစ်ဖွယ် ငွေအလွှဲအပြောင်းတွေကို Federal Bank ဖက်က သတိထားမိတာကြောင့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ ဒေသဆိုင်ရာရဲတွေကို တိုင်တန်းခဲ့ပေမယ့် ခြောက်သုံးမကျတဲ့ ရဲတွေက အဖတ်မလုပ်ခဲ့ပါဘူး။ ဒီလိုနဲ့ အိန္ဒိယအမျိုးသားဘဏ္ဍာရေးဌာနအထိ ရောက်သွားပြီး ဒီအမှုကိုလိုက်ခိုင်းတဲ့အခါမှသာ အခုလိုအဆင့်ထိရောက်လာတာဖြစ်ပြီး Amir Khan ကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

Reference Link: https://cryptopotato.com/indias-ed-freezes-1-6-million-in-btc-of-accused-in-gaming-app-fraud/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TIRSVFWP

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
1 comments
avatar

Congratulations @myancrypto! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Feedback from the October 1st Hive Power Up Day
Hive Power Up Month Challenge 2022-09 - Winners List
Be ready for the 10th edition of the Hive Power Up Month!
Support the HiveBuzz project. Vote for our proposal!
0
0
0.000