အကုန် ကမောက်ကမတွေ ဖြစ်လို့

avatar

Digital asset brokerage တစ်ခုဖြစ်တဲ့ Genesis ဟာလည်း မိုးထဲရေထဲရောက်နေပြန်ပါပြီ။ Genesis ရဲ့ lending unit ပိုင်းဖက်ကို ငွေသစ်ဖြည့်နိုင်ဖိုအတွက်ကိုတောင် ရုန်းကန်နေရပြီးတော့ company မှာ ရင်းနှီးမြှုပ်နှံမယ့်သူ အချို့ကိုလည်း သူတိုအနေနဲ့ ဒေဝါလီခံရရရင် ခံရနိုင်တယ်လို့ Genesis ဖက်က သတိပေးထားကြောင်း ရှယ်ရာရှင် တွေဘက်က ပြောဆိုပါတယ်။

FTX ရဲ့ ဒေဝါလီခံရမှုနဲ့အတူ Genesis ဟာလည်း ဘဏ္ဍာရေးပိုင်ဆိုင်ရာ ပြိုလဲနေပြီးတော့ လွန်ခဲ့တဲ့ရက်ပိုင်းတွေမှာ liquidity $ 1 billion လောက်လိုအပ်နေကြောင်း သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။ အစကတော့ Binance ဖက်ကနေ Genesis မှာ ရင်းနှီးမြှုပ်နှံဖို့ရှိတယ်ဆိုတဲ့ သတင်းတွေလည်းကြားရပေမယ့် အဆုံးသတ်မှာတော့ မဝယ်ဖြစ်ခဲ့ပါဘူး။ အခုလို ဒေဝါလီခံရဖို့ရှိ၊မရှိဆိုတဲ့ မေးခွန်းတွေနဲ့ပတ်သက်လို Genesis ဖက်ကို မေးမြန်းခဲ့ရာမှာတော့ သူတိုအနေနဲ့ ဒေဝါလီခံဖိုမရှိသေးကြောင်းနဲ့ ဒေဝါလီခံရတဲ့အဆင့်ထိ ရောက်မသွားစေဖို့အတွက်လည်း ငွေထည့်ဝင်ထားသူတွေနဲ့ ညှိနှိင်းဖြေရှင်းဖို ကြိုးစားနေကြောင်း ဖြေထားပါတယ်။ လောလောဆယ်မှာတော့ Genesis ဟာ ကျဉ်းထဲကျပ်ထဲရောက်နေတာဖြစ်ပြီး FTX ထဲမှာ သူတိုရဲ့ $ 175 million locked ဖြစ်နေတာကြောင့် lending unit ဖက်က user withdrawal တွေကိုလည်း ပိတ်ထားရပါတယ်။

တစ်ချိန်တည်းမှာပဲ Grayscale Bitcoin Trust(GBTC) ရဲ့ ရှယ်ရာတွေဟာလည်း ပြီးခဲ့တဲ့အပတ်အပိတ်ဈေးမှာ 45% ကျဆင်းသွားခဲ့ပြီးတော့ နောက်ထပ်လည်း %တွေ ကျဆင်းနေပါတယ်။ FTX ပြိုလဲမှုရဲ့အကျိုးဆက်တွေကြောင့် ဒီရှယ်ရာတွေကို secondary market တွေမှာ ပြန်ရောင်းချနေကြတာဖြစ်ပြီး ဒီဖြစ်ရပ်တွေကြောင့် GBTC ရဲ့ ပင်မ company ဖြစ်တဲ့ Digital Currency Group ရဲ့ အခြေအနေကောင်း၊ မကောင်းကိုပါ မေးခွန်းထုတ်လာကြပါတယ်။ ဒီလိုမျိုး သတင်းတွေက မကောင်းဖြစ်နေတာကြောင့် Bitcoin ရဲ့ ဈေးဟာလည်း ထပ်ကျဖို့ဖက်ကို အားသန်နေပြီး ကျနော်တို့အနေနဲ့ကတော့ 2023 ကိုလည်း crypto winter ထဲမှာပဲ မေးချင်းရိုက်ပြီး ကုန်ဆုံးရမယ့်ပုံပါပဲ။

Reference Link: https://www.straitstimes.com/business/crypto-brokerage-genesis-warns-of-bankruptcy-without-funding

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=M6QMGN5I

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments