BNB to the Moon

avatar

ဒီရက်ပိုင်းမှာ Binance ရဲ့ native token ဖြစ်တဲ့ BNB အတက်ကြမ်းနေပါတယ်။ Top 10 altcoin တွေထဲမှာ DOGE နဲ့ SHIB တို့လို ခွေး coin တွေကို ဖယ်လိုက်မယ်ဆိုရင် တစ်ပတ်အတွင်း အတက်ကြမ်းဆုံးက BNB ဖြစ်နေပြီးတော့ 24% အထိ တက်ထားပြီး $500 ကို ဖောက်နိုင်ဖို့ နည်းနည်းပဲလိုပါတော့တယ်။

BNB coin မှာ အစဉ်အလာတစ်ခုရှိပါတယ်။ Binance exchange ပေါ်မှာ launchpool ဖြစ်စေ၊ launchpad ဖြစ်စေ လာပြီဆိုရင် launchpool token တွေ farm ဖို့အတွက် BNB တွေ ဝယ်လိုအားတက်လာတာကြောင့် ဈေးထိုးတက်လေ့ရှိပါတယ်။
Binance ဟာလည်း Bull market အစပျိုးနေခဲ့ချိန်တည်းက launchpool တွေ တစ်ခုပြီးတစ်ခု ထုတ်ပြီးတော့ BNB ဈေးတွေဆွဲတင်နေသလားလို့ ထင်ရအောင်ကို launchpool တွေ ဖောချင်းသောချင်းထုတ်ခဲ့ပါတယ်။

ဒါတောင် Binance ရဲ့ CEO ဟောင်း CZ အနေနဲ့ US မှာ ထောင်ဘယ်နှနှစ်ကျမလဲဆိုတာကို စောင့်ဆိုင်းနေရတဲ့ အခြေအနေဖြစ်နေတာပါ။ ဒါပေမယ့် BNB ရဲ့ ဈေးကတော့ holder တွေကို စိတ်မပျက်စေခဲ့ပါဘူး။ အထူးသဖြင့် BNB ဈေးကျနေတုန်းက အများကြီး ဝယ်ထား၊ ကိုင်ထားခဲ့သူတွေဆိုရင် launchpool တစ်ခါလာတိုင်းမှာ launchpool token တွေကို ရွာက ဘကြီးဆီက အမွေတစ်ခါရသလို ရနေတာပါ။ ဒါ့အပြင် BNB ကလည်း bull market မှာ ဈေးတရိပ်ရိပ်တက်လာနေသလို BNB vault တို့၊ staking တို့ထဲမှာ ထည့်ထားရင်လည်း အတိုးရနေဦးမှာဖြစ်လို့ BNB holder တွေအတွက်ကတော့ ပျော်စရာနေ့ရက်တွေပါပဲ။

ဒါပေမယ့် တစ်ဖက်မှာပြန်ကြည့်ရင်လည်း BNB Chain ပေါ်က DApps တွေပေါ် deposit လုပ်နှုန်းဟာ 2023 ခုနှစ်ကထက် လျော့နည်းနေပြီး fees အရမ်းစားတဲ့ Ethereum network တောင် မနှစ်ကထက် 3% တက်လာခဲ့တာကြောင့် network အသုံးပြုမှုပိုင်းမှာ အရင်ကထက်အားနည်းသွားတဲ့သဘောရှိပါတယ်။

နောက်ထပ်သတိထားစရာတစ်ခုကတော့ CZ ရဲ့ အမှုကို အမိန့်ချတဲ့အချိန်၊ April လကုန်ပိုင်းလောက်မှာ BNB ဈေးကို အနည်းနဲ့အများထိခိုက်မှုရှိလာနိုင်ပါတယ်။ CZ ဟာ ငွေကြေးခဝါချမှုတွေ၊ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတွေအတွက် အနည်းဆုံး ထောင်ဒဏ် 18 လအထိ ကျခံရနိုင်ကြောင်း ခန့်မှန်းထားပြီး ဒီသတင်းတွေပေါ်မူတည်လို့ ဈေးကွက်အပေါ် ရိုက်ခတ်မှုတွေ ရှိလာနိုင်တာကြောင့် BNB holder တွေအနေနဲ့ သတင်းတွေကို မျက်ခြည်မပြတ်စောင့်ကြည့်သင့်ပါတယ်။

Reference Link: https://cointelegraph.com/news/bnb-price-hits-a-2-year-high-but-whats-backing-the-bullish-momentum

Myan Crypto ကနေ ဦးဆောင် ပြုလုပ်ထားတဲ့ Binance Trading Tournament မှာ ပါဝင်ပြီး account ဖွင့်မယ်ဆိုရင် trading fees ပေးရတိုင်း 10% Discount ရမယ့် https://accounts.binance.com/en/register?ref=TA690MBH ကနေ account ဖွင့်ဖို့ အကြံပြုလိုပါတယ်။ Tournament ကာလအတွင်း ဒီ link ကနေ account ဖွင့်ပြီး KYC အောင်တဲ့ ပထမဆုံး user အယောက် 130 ကိုလည်း $1 စီ ဆုပေးသွားမယ့် အပြင် အခြားဆုမဲပေါင်းများစွာပါဝင်ပါတယ်။

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
1 comments
avatar

Congratulations @myancrypto! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You published more than 550 posts.
Your next target is to reach 600 posts.
You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out our last posts:

Rebuilding HiveBuzz: The Challenges Towards Recovery
0
0
0.000