Chess ထိုးပြီး Btc ယူ

avatar

Bitcoin အပိုင်းအစလေးတွေကို reward အဖြစ်ပေးတဲ့ game လေးတွေ ထုတ်လေ့ရှိတဲ့ Zebedee ဟာ London အခြေစိုက် game studio တစ်ခုဖြစ်တဲ့ Viker နဲ့ ပေါင်းပြီးတော့ Chess ထိုးရင်း Satoshis ယူလို့ရမယ့် Bitcoin Chess ဆိုတဲ့ play-to-earn game လေးကို ထုတ်ထားပါတယ်။

Bitcoin Chess game ဟာ Chess ထိုးတာကနေ နိုင်ရင် Satoshis ဆိုတဲ့ token လေးတွေနဲ့ reward ပေးမှာဖြစ်ပြီးတော့ ဒီ Satoshis(SAT) လေးတွေဟာ Bitcoin ရဲ့ အသေးဆုံးတန်ဖိုး token လေးတွေ ဖြစ်ပြီးတော့ 1 Bitcoin မှာ 100,000,000 satoshis ရှိပါတယ်။ Zebedee ကတော့ သူတို့ရဲ့ game ဟာ reward တွေရဲ့ တန်ဖိုးကို အဓိကထားတာမဟုတ်ဘဲနဲ့ Chess ဆော့လိုက်လို့ နိုင်ရင် ဒီလို reward လေးတွေ ရပါလားဆိုတဲ့ ပျော်ရွှင်မှုလေးတစ်ခုကို ပေးချင်တာသာဖြစ်ပြီး user တွေရဲ့ ဘဝကိုထိခိုက်လောက်တဲ့အထိ မက်လုံးတွေမပေးထားကြောင်း ဆိုပါတယ်။

အခုချိန်မှာတော့ Bitcoin Chess နဲ့ Bitcoin Scratch game တွေကို Android အတွက်ရော iOS အတွက်ပါ ရနေပြီဖြစ်ပြီး traditional Chess နဲ့ modern tech ကို ပေါင်းစပ်ထားတာဖြစ်လို့ Chess ထိုးရတာကြိုက်တဲ့သူတွေအနေနဲ့ စမ်းကစားကြည့်နိုင်ပါတယ်။

Reference Link: https://decrypt.co/119412/you-can-now-earn-bitcoin-by-playing-chess-on-your-phone

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=M6QMGN5I

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
3 comments