Just do it ပါတဲ့
Fortnite game ထဲမှာ Nike NFT တွေပါလာနိုင်ခြေရှိနေပါပြီ။ မနေ့က ကြေငြာခဲ့တဲ့ Fortnite ရဲ့ Airphoria event teaser ထဲမှာ Nike ရဲ .Swoosh logo ပါ ပါဝင်လာတာကြောင့် Fortnite ထဲမှာ NFT တွေ ထည့်ကစားလို့ရတော့မှာလားဆိုတာကို စိတ်ဝင်စားနေကြပါတယ်။ .Swoosh ဟာ Nike ရဲ့ တရားဝင် NFT platform ဖြစ်ပြီးတော့ ဒီ platform ပေါ်မှာ Nike NFT တွေနဲ့အတူ Web3 product တွေကိုပါ launch လုပ်သွားမှာဖြစ်ပါတယ်။
20 ရက်နေ့မှာ ထွက်ရှိလာတော့မယ့် Airphoria event နဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ မသိရသေးပေမယ့် Nike ဟာ Fortnite ပေါ်မှာ သူတို့ကိုယ်ပိုင် NFT game တစ်ခုတည်ဆောက်ထားတာဖြစ်နိုင်ကြောင်း NFT community ကတော့ ထင်ကြေးပေးနေကြပါတယ်။
မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Fortnite 2.0 ပေါ်မှာ user တွေဟာ သူတို့ကိုယ်ပိုင် virtual island game တစ်ခုကို ဖန်တီးလို့ရနေတာဖြစ်ပြီး အဆင်တူဆုံးပုံစံကတော့ Roblox ပါပဲ။ Roblox ဟာ သူတို့ platform ပေါ်မှာ user တွေ ကိုယ်တိုင် game တွေ ဖန်တီးလို့ ရတဲ့ built-in tool တွေ ထည့်ပေးထားတာဖြစ်ပြီး user တွေရဲ့ game တွေကိုလည်း Roblox platform ပေါ်မှာ တင်ခွင့်ပေးထားတာဖြစ်ပါတယ်။
တကယ်တော့ Nike ဟာ Roblox ပေါ်မှာလည်း သူတို့ကိုယ်ပိုင် game တစ်ခုဖန်တီးခဲ့ဖူးပြီး NFT တွေတော့ မပါဝင်ခဲ့ပါဘူး။
Fortnite developer ဖြစ်တဲ့ Epic Games ရဲ့ CEO ဟာလည်း NFT တွေနဲ့ ပတ်သက်လို့ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ မကြာခဏဆိုခဲ့ဖူးတာကြောင့် Fortnite ထဲမှာ NFT တွေ ပါဝင်လာဖို့ နီးစပ်နေပါတယ်။
Fortnite မှာ မပါသေးရင်တောင်မှ Fifa၊ Apex Legends၊ Sims နဲ့ Need for Speed တို့လို နာမည်ကြီး game တွေ ဖန်တီးခဲ့တဲ့ EA Sports က ထွက်လာမယ့် game တွေမှာ Nike NFT တွေ ထည့်သွားမှာဖြစ်ကြောင်း .Swoosh က June လ 1 ရက်နေ့မှာ ကြေငြာထားခဲ့တာကြောင့် NFT တွေကို mainstream game ကြီး တွေမှာ မြင်တွေ့ရဖို့ သိပ်မကြာတော့ပါဘူး။
Reference Link: https://cointelegraph.com/news/nike-teases-upcoming-airphoria-nft-sneaker-hunt-on-fortnite
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL
!LOLZ