ခက်သားလား

avatar

Nigeria အစိုးရကတော့ CEX တွေကို မပြီးနိုင်မစီးနိုင် ပြဿနာရှာနေပါတယ်။ Nigeria ငွေကြေးဖြစ်တဲ့ Naira တန်ဖိုးတွေကျဆင်းလာပြီး ငွေကြေးဖောင်းပွနေတဲ့ကိစ္စနဲ့ပတ်သက်လို့ အစိုးရဖက်က ထိန်းကျောင်းဖို့ ကြိုးစားမှုအနေနဲ့ USDT အလွယ်တကူဝယ်လို့ရနေတဲ့ CEX တွေကို ဖိနှိပ်လာနေပြီးတော့ ဒီထဲမှာမှ အကြီးဆုံး p2p ဈေးကွက်ဖြစ်တဲ့ Binance ကို ပိုဖိလာနေပါတယ်။

Binance ရဲ့ Nigeria အကြီးပိုင်းအရာရှိတွေကို ဖမ်းဆီးထားကြောင်း လွန်ခဲ့တဲ့ရက်ပိုင်းတွေက သတင်းထွက်ခဲ့ပြီးနောက်မှာ Nigeria ဘဏ္ဍာရေးရာဇဝတ်မှုကော်မတီဖက်ကနေ Binance CEO Richard Teng ကို အကြမ်းဖက်ငွေကြေးထောက်ပံ့မှု၊ ငွေကြေးခဝါချမှုတွေအတွက် စစ်ဆေးဖို့ တရားဝင်ဆင့်ခေါ်ကြောင်း ထုတ်ပြန်လာပါတယ်။

တကယ်လို့ Richard Teng မလာရောက်ခဲ့ရင် Binance ကို ဥပဒေကြောင်းအရ အရေးယူသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားတာကြောင့် Binance တို့ Nigeria မှာလည်း တရားရုံးရောက်ဦးတော့မယ့်ပုံပါပဲ။ တရားရုံးတက်ဖို့အတွက် Richard Teng သာ Nigeria ကို ရောက်လာခဲ့ရင် US မှာ အကျယ်ချုပ်မိနေတဲ့ CZ လို ဖြစ်သွားနိုင်သလို $10 billion ဒဏ်ကြေးရိုက်မယ်ဆိုတဲ့ သတင်းကလည်း သမ္မတအကြံပေးကိုယ်တိုင်ပြောခဲ့ဖူးတာကြောင့် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြရဦးမှာပါ။

Reference Link: https://cointelegraph.com/news/nigerian-committee-summons-binance-ceo-on-financial-crime-suspicion

Myan Crypto ကနေ ဦးဆောင် ပြုလုပ်ထားတဲ့ Binance Trading Tournament မှာ ပါဝင်ပြီး account ဖွင့်မယ်ဆိုရင် trading fees ပေးရတိုင်း 10% Discount ရမယ့် https://accounts.binance.com/en/register?ref=TA690MBH ကနေ account ဖွင့်ဖို့ အကြံပြုလိုပါတယ်။ Tournament ကာလအတွင်း ဒီ link ကနေ account ဖွင့်ပြီး KYC အောင်တဲ့ ပထမဆုံး user အယောက် 130 ကိုလည်း $1 စီ ဆုပေးသွားမယ့် အပြင် အခြားဆုမဲပေါင်းများစွာပါဝင်ပါတယ်။

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
2 comments